By: by Boonsong Thansrithong and Patrick Trail, ECHO Asia Impact Center Chiang Mai, Thailand
Published: 2021-09-01


[အယ်ဒီတာမှတ်ချက် - လက်ရှိအချိန်တွင်ဘိုင်အိုချာမီးဖိုပုံစံများစွာရှိပါသည်၊၎င်းတို့ကိုအတိုင်းအတာအမျိုးမျိုးနှင့် နောက်ဆုံးထိအသုံးပြုရန်ရည်ရွယ်၍ပြုလုပ်ကြသည်။အထူးစီစဥ်ထားသည့်ဤဒီဇိုင်းသည်အီးစီအိပ်ချ်အိုအာရှလယ်ယာ၀န်ထမ်းများ၏အနှစ်သက်ဆုံးဒီဇိုင်းဖြစ်သည်၊အကြောင်းမှာ၎င်းတွင်ပိုမိုများပြားသည့် ပိုင်ရိုလိုက်ပစ္စည်း(ဘိုင်အို မတ်စ်ကဲ့သို့သော အော်ဂဲနစ်ပစ္စည်းများကိုအောက်ဆီဂျင်ကင်းမဲ့သည့်နေရာတွင်အပူပေးခြင်းမှရသောပစ္စည်း) နှင့် သစ်ဗင်နီဂါ(သစ်ကိုအပူပေးရာမှရရှိသောအက်စစ်)တို့ကိုတစ်ချိန်တည်းတွင်ထုတ်နိုင်သောကြောင့်ဖြစ်သည်။ဤပုံစံကိုထိုင်းနိုင်ငံဒေသတွင်းရှိမိတ်ဘက်အဖွဲ့အစည်းတစ်ခုမှစတင်ထုတ်လုပ်ခဲ့၍ထိုအဖွဲ့အစည်းအားဂုဏ်ပြုသင့်သည်။အီးစီအိပ်ချ်အိုကွန်ယက်အားသင်၏ဒီဇိုင်းပုံစံကို၀ေငှခွင့်ပြုသောကြောင့်ကျေးဇူးတင်ပါသည်။ မစ်စတာ အရွန် ၀ိတ်ခမ်း။]

အဓိကဝေါဟာရများ

 

လောင်ကျွမ်းခြင်း - လောင်ကျွမ်းခြင်းစကားလုံးအတွက်အခြားသော၀ေါဟာရ။လောင်စာကိုအပူ ပေးသည့်အခါဖြစ်ပေါ်သည့်တုံ့ပြန်မှုဖြစ်၍အောက်ဆီဂျင်ဖြင့်တုံ့ပြန်သည်။

ပိုင်ရိုလစ်စစ် - အောက်ဆီဂျင်မရှိဘဲအပူဓါတ်ဖြင့်ဖြိုခွဲခြင်း (လောင်ကျွမ်းစေခြင်း)ဖြစ်စဥ်

 

အော်ဂဲနစ်ပစ္စည်းများ-ကာဘွန်ပါ၀င်သည့်မည်သည့်ပစ္စည်း မဆို၊ဥပမာတုတ်ချောင်းများ၊ဝါး၊ စပါးခွန်များ၊ မြေဆွေးခြောက် အစရှိသဖြင့်......

သစ်ဗီနီဂါ - “မီးခိုးအရည်”ဟုလည်းလူသိများသည်၊ဤ ပိုင်ရိုလစ် စစ်၏ဘေးထွက်ပစ္စည်းကို သဘာ၀ ပိုးသတ်ဆေး သို့မဟုတ် အပင် ကြီးထွားမှုထိန်းသိမ်းရန်အတွက်အသုံးပြု နိုင်သည်။

 

 

ဘိုင်အိုချာ ဆိုသည်မှာအဘယ်နည်း။

ဘိုင်အိုချာဆိုသည်မှာအော်ဂဲနစ်ပစ္စည်းအမျိုးမျိုးတို့အားအလွန်မြင့်သောအပူပေးသည့်ဖြစ်စဥ်အားဖြင့်ထုတ်လုပ်သည့် မီးသွေးကဲ့သို့သောအရာဖြစ်သည်။ဆိုလိုသည်မှာ အလွန်မြင့်သည့်-အပူ၊ နိမ့်သည့်-အောက်ဆီဂျင် ပတ်၀န်းကျင်မျိုး တွင် ထုတ်လုပ်ခြင်းဖြစ်သည်။ ဤအရာသည်ရိုးရှင်းပါသည်၊သို့သော်ထူးခြားသည့်လုပ်ငန်းဖြစ်စဥ်ဖြစ်၍ (လောင်ကျွမ်းသည့်ဖြစ်စဥ်) အတွင်းမူလကာဘွန်ကိုထိန်းသိမ်းခြင်းနှင့်စုဆောင်းခြင်းကိုပြုလုပ်ခွင့်ပေးသည်။ လောင်ကျွမ်းသည့်ဖြစ်စဥ်အ တွင်း(သာမန်မီးဖြင့်)ကာဘွန်သည်အောက်ဆီဂျင်နှင့်တွေ့ထိမှုရှိလာပြီး ကာဘွန်ဒိုင် အောက်ဆိုက်(CO2)မှတဆင့်မီးခိုးငွေ့အတွင်းလေထုထဲသို့ပျောက်ကွယ်သွားသည်။ဤဖြစ်စဥ်အတွင်းထူးခြားဖြစ်ပေါ်လာသည့်အရာများသည်အရေးကြီး၍အသေးစားလယ်ယာလုပ်ငန်းများတွင်မြေဆီပြုပြင်ခြင်း၊ရေစစ်ခြင်းစသည်တို့ နှင့်လောင်ကျွမ်းစေသောအင်ဂျင်များကိုမောင်းရန်အတွက်အသုံးပြုနိုင်ရန်တန်ဖိုးရှိသောကာဘွန်အခြေပြုပစ္စည်းများအဖြစ်အ ဆင့်သတ်မှတ်နိုင်သည်။

မီးသွေးကိုမြေဆွေး၊မြေသြဇာ၊နွားချေးသို့မဟုတ်ဆီးနှင့်ရောနှောသို့မဟုတ်”အားသွင်း”ပြီးသည့်နောက်မှသာ ”ဘိုင်အို ချာ”ဟူသောအဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့်ခေါ်ဆိုနိုင်ပါသည်။ ဤသို့ပစ္စည်းများကိုပေါင်းစပ်ခြင်းသည် ”ဘိုင်အိုချာ”ဟူသော စကားလုံးအတွက်အခြေခံဖွဲ့စည်းဖြစ်ပေါ်လာစေသည်။ မီးသွေးသည်မိမိဖါသာရှိနေပါကအသုံးပြုရန်နှင့်တန်ဖိုးတို့ သည်အကန့်အသတ်ရှိနေပါသည်။သို့သော်အရှေ့ပိုင်းတွင်ဖေါ်ပြထားသည့်မည်သည့်ပစ္စည်းနှင့်မဆိုပေါင်းစပ်လိုက်ပါက [ဘိုင်အို]ချာ သည်တန်ဖိုးရှိသည့်မြေဆီပြုပြင်ရန်ပစ္စည်း နှင့်မြေသြဇာဖြစ်လာနိုင်ပါသည်။

အရည်အသွေးကောင်းသည်မီးသွေးသည်မိမိ၏ကာဘွန်ဖွဲ့စည်းပုံကိုထိန်းထားနိုင်သဖြင့်စိမ့်ပေါက်များ၊လျှပ်စစ်စီးဆင်းမှုများကိုကျယ်ပြန့်သည့်မျက်နှာပြင်နေရာများတွင်မြင့်မားစွာဖြစ်ပေါ်စေသည်။ဤပုံစံအားဖြင့်မီးသွေးသည်ရေမြုပ်အဖြစ်စွမ်းဆောင်နိုင်၍အဟာရများ၊ရေနှင့်အထူးသဖြင့်မိုက်ခရိုအော်ဂဲနစ်စင်(အလွန်သေးငယ်သောသက်ရှိများ)ကဲ့သို့သောဇီ၀သက်ရှိများကိုထိန်းထားနိုင်သည်(ဖတ်ပါ - ဘိုင်အိုချာ - မြေဆီမိုင်ခရုဘ်များအတွက်အော်ဂဲနစ်အိမ်)။အထက် တွင်ဖေါ်ပြခဲ့သည့်အတိုင်း”အားသွင်း”ပြီးပါကကာဘွန်ကိုဤအရေးပါသည့်ဒြပ်စင်များအားထိန်းထားရန်အတွက်အသုံးပြုနိုင်၍ဥယျာဥ်အခင်းများ၊အိုးစိုက်အပင်များအတွက်အရောအနှောများနှင့်မြေဆီကိုပိုမိုတိုးတက်ကောင်းမွန်စေ သည့်အခြားသောအရာများတို့အတွက်အကျိုးဖြစ်စေသည့်အလွှာများဖြစ်လာနိုင်သည်။အလွန်မြင့်သောpHဖြင့် အပူ ပိုင်းဒေသတွင်များစွာတွေ့ရှိရသည့်အက်စစ်မြေများတွင်ထည့်သည့်အခါအချိန်ကြာလာသည်နှင့်အမျှ pHတိုးလာစေ သည့် အရည်အသွေးရှိသည်။

AN47 Biochar Fig1

ပုံ ၁။ ”ဘက်စုံ-စွမ်းသော”ဘိုင်အိုချာမီးဖိုဖြင့် တချိန်တည်းတွင်ထုတ်သည့်အရည်အသွေးမြင့်မီးသွေးနှင့်ပြုပြင်မှု မပြု ရသေးသည့် သစ်(ဆေးမသုတ်ရသေးသောသစ်)ဗီနီဂါတို့ကိုထုတ်လုပ်ခြင်း။ ဓါတ်ပုံကိုထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင်ရှိသော အီးစီအိပ်ချ်အိုအာရှ အသေးစားလယ်ယာရင်းမြစ်စင်တာတွင်ရိုက်ယူသည်။

သစ်ဗီနီဂါဆိုသည်မှာအဘယ်နည်း။

“မီးခိုးအရည်” သို့မဟုတ် “သစ်သားအက်စစ်”ဟုလူသိများကြသည့် သစ်ဗီနီဂါသည်ကာဘွန်-အခြေပြုပစ္စည်းများကို အောက်ဆီဂျင်မရှိဘဲအပူဓါတ်ဖြင့်ဖြိုခွဲခြင်း(လောင်ကျွမ်းစေခြင်း)ဖြစ်စဥ်(ပိုင်ရိုလစ်စစ်) မှရရှိသည့်ဘေးထွက်ပစ္စည်း ဖြစ်သည်။ဓါတုဗေဒအခေါ်အဝေါ်အရပိုင်ရိုလစ်နီယာစ် အက်စစ်ဟုလူအများသိ၍ အက်စီတွန်၊ အက်စဲတစ်အက်စစ် နှင့်မက်သနောလ်များပါ၀င်သည်၊ သို့သော်ရေအဓိက(၉၀%)ပါ၀င်သည်။၎င်းကိုအသုံးပြုနိုင်သည့်အရာများထဲမှ သစ်ဗီ နီဂါကိုသဘာ၀ပိုးသတ်ဆေးနှင့်အပင်များပုံမှန်ကြီးထွားစေခြင်းအတွက်အဓိကအသုံးပြုကြသည်။မှတ်သားရမည့်အဓိ ကအချက်မှာအပင်များအားသစ်ဗီနီဂါဖြင့်မလောင်းမီရေဖြင့်ရောစပ်ရမည်(Burnette,၂၀၁၂)။

အသုံးပြုရန်အတွက်သစ်ဗီနီဂါကိုသန့်စင်ရန် မီးသွေးထုတ်သည်ကာလအတွင်းစုဆောင်းသည့်အညိုရောင်စေးကပ်နေ သည့်အရည်ကိုစည်ထဲတွင်နှစ်လသုံးလခန့်ချိတ်ပိတ်ထားသည်၊ထိုကာလအတွင်းထိုအရည်များသည်အလွှာလေးလွှာအဖြစ်မြင်သာစွာရှိနေသည်။ စည်အတွင်းရှိအောက်ဘက်ပထမနှင့်ဒုတိယအလွှာသည်အနက်ရောင်ဖြစ်နေ၍ သစ် ကတ္တရာစေး(အနည်းငယ်ကြဲသည်)နှင့်ကတ္တရာစေး(ပို၍ပြစ်သည်)ဖြစ်သည်။တတိယအလွှာ(ထိပ်ပိုင်းရှိအရည်အလွှာအောက်တွင်ရှိသည်)သည်အပိုင်းသည်သစ်ဗီနီဂါ၏အသုံးပြုနိုင်သည့်အပိုင်းဖြစ်သည်။ဤအပိုင်းသည်အ၀ါနုရောင်မှနီညိုရောင်အထိရှိသည်။စတုတ္ထသည်အပိုင်းသည်သစ်ဗီနီဂါ၏အသုံးပြုနိုင်သည့်အပိုင်းဖြစ်သည်။ဤအပိုင်းသည်အ၀ါနုရောင်မှနီညိုရောင်အထိရှိသည်။စတုတ္ထ(ထိပ်ဆုံး)အလွှာကိုမီးခိုးမထွက်သောဆီဟုသတ်မှတ်၍ထိပ်ပိုင်းတွင်စစ်ယူထားသည့် ကတ္တရာရှိသည် (Burnette, ၂၀၁၀)

AN47 Biochar Fig2
ပုံ ၂ - ပိုင်ရိုလိုင်စစ်၏ဘေးထွက်ပစ္စည်းဖြစ်သည့်သစ်ဗီနီဂါထုတ်လုပ်ခြင်း။ “မီးခိုရည်”ဟုလည်း လူအများသိကြသော သစ်ဗီနီဂါသည်မီးသွေးပြုလုပ်စဥ်ဖြစ်လာသည့်မီးခိုးအားပျစ်ခဲစေခြင်းမှရရှိသည်။

လယ်ယာလုပ်ငန်းတွင်အခြားသောနည်းဖြင့်မီးသွေးကိုအသုံးပြုခြင်း

  • ရေစစ်ခြင်း - အရည်အသွေးမြင့်သည့်မီးသွေးကိုထုတ်လုပ်သည့်အခါ(စိမ့်ပေါက်ပါရှိစေရန် မီးသွေးအား အပူချိန်မြင့်သည့်အောက်ဆီဂျင်ဖြင့်ပြုပြင်ထုတ်လုပ်ခြင်း)ရေစစ်သည့်စနစ်များအတွက်သင့်လျော်၍ သာ မန်အားဖြင့်အသုံးပြုလျက်ရှိသည့် ဇီ၀- သဲရေစစ်ပြုလုပ်ရာတွင်အဓိကကျသည့်ပစ္စည်းဖြစ်သည်။ဤသို့ စိမ့်ပေါက်များသည့်မီးသွေးတွင်အန္တရာယ်ဖြစ်စေသည့်ဓါတုပစ္စည်းအမျိုးမျိုးနှင့် ရေတွင်ပါ၀င်သည့် ကွန်ပေါင်းများကိုစုတ်ယူနိုင်သည့်အရည်အသွေးရှိသည်။သု့ စိမ့် ပါပေါက်များသည့်မ၀- သံ့်မ
  • မွေးမြူရေးတိရစ္ဆာန်ထပ်ဆောင်းအစာ - ရေများတွင်စစ်ထုတ်ရန်အတွက်အသုံးပြုသကဲ့သို့ အရည်အသွေး မြင့်သည့်မီးသွေးများကို မွေးမြူရေးတိရစ္ဆာန်အစာများတွင်ထပ်ဆောင်းဆေးဘက်၀င်အစာအဖြစ်အသုံးပြု နိုင်၍ အန္တရာယ်ဖြစ်စေသည့်ကွန်ပေါင်းများအားစုပ်ယူရန်နှင့်အက်စစ်များကို၎င်း၏နိမ့်သော pH ပစ္စည်းများ ဖြင့် အာနိသင်လျော့ပါးစေရန်အသုံးပြုသည်။
  • ပျိုးပင်များအတွက်အိုးစိုက်မြေဆွေးပစ္စည်း - ဘိုင်အိုချာကိုပေါင်းစပ်ရန်နည်းလမ်းများအတွက် အီးစီ အိပ်ချ်အို နည်းပညာမှတ်တမ်း #၉၇ “အသေးစား ပျိုးပင်လုပ်ငန်းထိန်းသိမ်းမှု” တွင်ကြည့်ပါ။

ဘိုင်အိုချာထုတ်လုပ်ခြင်း၏ ပိုမိုကျယ်ပြန့်သည့်ပါ၀င်ဆက်နွယ်မှုများ

ဤအတိုင်းအတာမျှလောက်ထုတ်လုပ်သည့်ဘိုင်အိုချာသည်အခွင့်အရေးအနည်းငယ်ကိုသာရစေသော်လည်း ကမ္ဘာ တ၀ှမ်းတွင်ရင်ဆိုင်နေရသည့်ရာသီဥတုနှင့်ဆက်နွယ်နေသည့်အခြေအနေများကိုပိုမိုကျယ်ပြန့်စွာရည်ညွှန်းအကဲဖြတ် နိုင်သည့်အခွင့်အလမ်းကိုရရှိစေသည်။ဤလုပ်ငန်းစဥ်သည်ကာဘွန်ကိုခွဲယူသိမ်းဆည်းနိုင်သောအခွင့်အရေးပေးသည်၊ ယင်းမှာကာဘွန်ကိုရယူ၍သိမ်းဆည်းခြင်းဖြစ်သည်၊ထိုသို့ပြုလုပ်ခြင်းမရှိပါကာဘွန်သည်မီးခိုးမှတဆင့်လေထုထဲတွင်ပျောက်ကွယ်သွားမည်။ ဘိုင်အိုချာကိုအသုံးပြုရာတွင်မြေဆီများအားပိုမိုကောင်းမွန်စေသည့်အကျိုးကျေးဇူးရရှိစေ သည့်အပြင် ကောက်ပဲသီးနှံများနှင့်စွန့်ပစ်ပစ္စည်းများအားမီးရှို့ရန်နှင့် လေထုထဲသို့ကာဘွန်များပျောက်ဆုံးသွားခြင်း မဖြစ်စေသည့် အကျိုးကျေးဇူးကိုလည်းရရှိစေသည်။

ပုံစံသတ်မှတ်ချက်များ

အောက်ပါပုံစံများသည်အရည်အသွေးရှိသောမီးသွေးနှင့် သစ်ဗီနီကာများကိုထိရောက်စွာထုတ်လုပ်နိုင်သည့်ဘက်စုံ- စွမ်းသောအလူမီနီယံမီးဖိုကိုရည်ညွှန်းထားခြင်းဖြစ်သည်။ဤသီးသန့်ပုံစံ၏ထူးခြားချက်မှာအော်ဂဲနစ်ပစ္စည်းများကိုအောက်ဆီဂျင်နှင့်မီးတောက်ဖြင့်တိုက်ရိုက်ထိတွေ့မှုကိုကန့်သတ်ပေးခြင်းဖြစ်၍ မီးခိုးမှသစ်ဗီနီဂါကိုစုဆောင်းရယူ နိုင်ရန်ချိတ်ဆက်ထားသည့်ငွေ့ရည်ဖွဲ့သည့်အကန့်အစိတ်အပိုင်းပါသည်။သာမာန်အသုံးပြုသည့်မီးဖိုများအပါအ၀င် မီးဖိုပုံစံအများစုတွင်မပါပါ၊ သို့သော်မူလအခြေခံဖြစ်သည့် ၂၀၀-လီတာစည်မီးဖိုပါရှိသည်(Burnette, ၂၀၁၃)

** အပူ၏အဓိကရင်းမြစ်အားဤပုံစံမှခွဲထုတ်ထားသည်ကိုမှတ်သားထားပါ။ ဤသီးသန့်မီးဖိုကိုမီး သို့မဟုတ် အပူ ရင်းမြစ်၏ထိပ်ပိုင်းတွင်ထား၍ အတွင်းတွင်ရှိသည့်မီးလျှံနှင့်ကာဘွန်ပစ္စည်းများကြားတွင်ရှိသောအရာများနှင့်တိုက် ရိုက်ထိတွေ့မှုမရှိစေရန်ဒီဇိုင်းပြုလုပ်ထားသည်(ပုံ ၁ ကိုပြန်လည်ကိုးကားပါ)။ 

AN47 Biochar Fig3

ပုံ ၃ -

“ဘက်စုံ-စွမ်းသော”ဘိုင်အိုချာမီးဖို ပုံကြမ်း ခြုံငုံဖေါ်ပြခြင်း။ ဤပုံစံတွင်မီးခိုးကိုငွေ့ရည်ဖွဲ့စေသည့်အရာမှတဆင့်ခွဲထွက်စေသည် (အေးသောရေစီးဆင်းလည်ပတ်နေရန်ပိုက်ဖြင့်ဆက်ထားသည်)၊ ၎င်းမှာသစ်ဗီနီဂါ ထုတ်လုပ်ရန်နှင့် ”ပြန်လည် လောင်ကျွမ်း”စေသည့် အဓိကအခန်းသို့ ပြန်သွားစေရန်ပြုလုပ်ခြင်းဖြစ်သည်။

AN47 Biochar Fig4

ပုံ ၄ - အမြင့် ၉၀စမနှင့် အချင်း၅၉စမရှိသည့် မတ်တပ်ပုံစံ၊ ဤပုံစံတွင်အတွင်း မီးခိုးခေါင်းတိုင်ပါ၀င်သည်၊ မီးခိုးများ ကို အခိုးများအားအရည်ဖြစ်စေသည့်ကိရိယာမှတဆင့်အပြင်သို့ဆွဲထုတ်သည်၊၎င်းနောက်အလတ်တန်းစားအဆင့်လောင်ကျွမ်းမှုပြုလုပ်ရန်အတွက်အခန်းရှိရာဘက်သို့ပြန်၍လှည့်ပေးသည်။

AN47 Biochar Fig5

ပုံ ၅-

 ”ဘက်စုံ-အသုံးပြု” ဘိုင်အိုချာမီးဖို အတွင်းပိုင်း။ လောင်စာ(မည်သည့်ကာဘွန်-အခြေပြု ပစ္စည်းမဆို)အားမီးခိုးခေါင်းတိုင် အတွင်း နှင့် ပတ်လည်တွင်ထား၍ မီးလျှံနှင့်အောက်ဆီဂျင်တို့နှင့်တိုက်ရိုက်ထိတွေ့ခြင်းမရှိစေရန်လုံး၀ချိတ်ပိတ်ထားသည်။

AN47 Biochar Fig6

ပုံ ၆- အတွင်းမီးခိုးခေါင်းတိုင်၏ပုံစံသတ်မှတ်ချက်များ

AN47 Biochar Fig7

ပုံ ၇-

အတွင်း-ပိုင်း တပ်ဆင်ထား သည့်အခိုးမှအရည်ဖြစ်စေ သည့်အခန်း(အချင်း ၁၇စမ)။ ပုံစံသတ်မှတ်ချက် -ရေပိုက် ခေါင်းတတ်ဆင်ရန်အတွက်ပုံစံ၊အခန်းမှတဆင့်အေးမြသောရေကိုလည်ပတ်စေ သည့်ပုံစံ။အခန်း၏အောက်ခြေတွင်သစ်ဗီနီဂါကိုစုစည်းနေမည်ဖြစ်၍နောက်ပိုင်းတွင်၎င်းကိုသိမ်းယူရန်အတွက်အဆို့ရှင်မှလျှံကျလာသည်။

ဘိုင်အိုချာ အထွက်   

ဤမီးဖိုပုံစံအားပမာဏအားဖြင့် ၂၅၀လီတာခန့်အနေအထားဖြင့်ပုံစံဆွဲထားသည်။သစ်စငယ်များဖြင့်ဖြည့်လိုက်သည့် အခါ(ဒေသစျေးမှ၀ယ်ယူနိုင်သည့်အသုံးပြုပြီးသားတူများ)၊ မီးဖိုသည် ပစ္စည်းအခြောက် ၃၅ ကေဂျီခန့်ဆန့်သည်ကို တွေ့ရသည်။ ခန့်မှန်းခြေအားဖြင့် ၄နာရီခန့် ပိုင်လိုရိုက်ပြုလုပ်ပြီးသည့်အခါ ပြီးစီးသည့်ဘိုင်အိုချာ ၁၀ ကေဂျီခန့်ထွက် ၍ သစ်ဗီနီကာအရိုင်း ၁၀ လီတာခန့်ထွက်သည်။

နိဂုံး

အဆုံးသတ်အသုံးပြုသည့်အခါတွင်ဘိုင်အိုချာသည်မီးသွေးနှင့် အခြေခံအားဖြင့်ကွာခြားသည်၊ သဘာ၀အားဖြင့်မြေဆီ ပြုပြင်ရန်နှင့်”ကာဘွန် - ကြားနေ”ပစ္စည်းအဖြစ်ရှိနေသည်။ထို့ကြောင့်ဘိုင်အိုချာအားဤပုံစံဖြင့်ထပ်တလဲလဲပြုလုပ် ခြင်းသည်လယ်ယာ-ထွက်ပစ္စည်းအလေအလွင့်များမှတဆင့်ထိရောက်မှုရှိသည့်အင်အားစုဖြစ်လာစေသည်။ တိရိစ္ဆာန် အစာ(ကာဘွန်ပစ္စည်းများ)ထုတ်ရာတွင်ဘိုင်အိုချာထုတ်လုပ်ရန်တခုတည်းဖြင့်ရည်ရွယ်ထုတ်လုပ်ပါက ကာဘွန်ထုတ် လုပ်စုဆောင်းရန်အဆင့်နှင့်လွဲသွေနိုင်သည်။ လယ်ယာ-ထွက်ပစ္စည်းအလေအလွင့်ထုတ်ကုန်များနှင့် အခြားသောဘေး ထွက်ပစ္စည်းများကို ဘိုင်အိုချာဖန်တီးမှုတွင်အသုံးပြုရန်အကြံပြုထောက်ခံပါသည်။

မှီငြမ်းချက်များ

Burnette, R. 2010. An Introduction to Wood Vinegar. ECHO Asia Notes. 7: 4-10. Available: https://www.echocommunity.org/en/resources/01ccd8a8-aa01-44c0-bd61-d62d8206eb26

Burnette, R. 2013. Charcoal Production in 200-Liter Horizontal Drum Kilns . ECHO Technical Notes. 76: 1-8. Available: https://www.echocommunity.org/en/resources/069529b4-0ce4-475c-99b8-326957e3afa7

Fifer, G., T. Motis. 2021. Small-scale Nursery Management. ECHO Technical Notes. 97: 1-20. Available: https://www.echocommunity.org/en/resources/f18a5550-662c-4838-86b4-a1b8a2b2347f

Hugill, B. 2013. Biochar – an Organic House for Soil Microbes. ECHO Technical Notes. 75: 1-4. Available: https://www.echocommunity.org/en/resources/070b6c33-4118-43c2-a26c-af58c60fe51a