About the Impact Center

Asian Farm

 


Services


 

 

Contact:


Office: PO Box 64, Chiang Mai 50000 Thailand

မြိုးစေ့ဘဏျ PO Box 12, Fang 50110 Thailand

Physical Address

Office: 270/5 Tung Hotel Road Soi 6, T.Watget, A.Meung, Chiang Mai 50000 Thailand

မြိုးစေ့ဘဏျ–  121 M.8, T. Mae Na Wang, A.Mae Ai, Chiang Mai 50280 Thailand

Asia Updates

ECHOcommunity အဖွဲ့ဝင်အကြောင်း ဦးစားပေးပြသမှု - ဦးထွန်းထွန်းနှင့် ဦးသောင်းစီ 2020-04-08

ECHO Asia မှ Patrick Trail ၏ အစီအရင်ခံစာပါ ကောက်နှုတ်ချက်

မြန်မာ့ကျေးလက်ဒေသတွင်နေထိုင်သူ ဦးထွန်းထွန်းနှင့်အတူ စိုက်ခင်းအတွင်း လမ်းလျှောက်နေစဉ် ၎င်း၏ အပင်ပျိုးခင်းများအတွက် ၎င်း၏ ရောစပ်မြေဆီတွင် ထည့်သွင်းအသုံးပြုရန် ၎င်းကိုယ်တိုင် ပြုလုပ်နေပြီဖြစ်သည့် ဇီဝမီးသွေးကို ဂုဏ်ယူဝင့်ကြွားစွာ ပြသသောအခါ ပြုံးပြရုံမှအပ မတုံ့ပြန်တတ်အောင်ပင် နှစ်ထောင်းအားရ ဖြစ်မိပါသည်။ ၎င်း၏ စိုက်ခင်းထွက် ဇီဝစွန့်ပစ်ပစ္စည်းများကို မီးရှို့ပစ်ခြင်းအားဖြင့် မီးခိုးအဖြစ် လေထုထဲတွင် ဆုံးရှုံးသွားမည့် အခြေအနေအစား အသီးအနှံများ ပိုမိုထုတ်လုပ်နိုင်စေရန် အသုံးပြုနိုင်သည့် တန်ဖိုးရှိသော အရင်းမြစ်တစ်ခုအဖြစ်သို့ ၎င်းက ပြောင်းလဲနိုင်ပြီ ဖြစ်ပါသည်။

 

ဦးထွန်းထွန်းသည် လွန်ခဲ့သော တစ်နှစ်ခန့်က ပြင်ဦးလွင်တွင်ပြုလုပ်သည့် မျိုးစေ့ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်သို့ တက်ရောက်ခဲ့ပြီး လက်တွေ့အသုံးချ အပိုင်းများမှတစ်ဆင့် ဇီဝမီးသွေးပြုလုပ်ပုံအကြောင်း လေ့လာသင်ယူခဲ့ရပါသည်။ အိမ်သို့ ပြန်ရောက်ရောက်ချင်း ၎င်းကိုယ်တိုင် ကြိုးစားပြုလုပ်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါသည်။ ယခုအခါတွင် ဦးထွန်းထွန်းသည် Facebook စာမျက်နှာတစ်ခုကို တည်ထောင်ကာ ထိုမှတစ်ဆင့် မြန်မာစကားပြောဆိုသော အခြားစိုက်ပျိုးရေးသမားများနှင့်အတူ စိုက်ပျိုးရေးနည်းစနစ်များ မျှဝေလျက်ရှိပြီး ဇီဝမီးသွေးနှင့် အခြားအရာများ လက်တွေ့ပြုလုပ်ပုံအကြောင်းကိုလည်း ရှင်းပြလျက်ရှိပါသည်။

 

Thaung Si and TunTun

ECHO Asia မျိုးစေ့ဘဏ်သည် ယခုအခါတွင် မြန်မာနိုင်ငံ၏ ဤနေရာရှိ ဤမျိုးစေ့ဘဏ်သို့ ပံ့ပိုးမှုများ ပိုမိုပြုလုပ်နေပြီ ဖြစ်ပါသည်။

ဤနေရာတွင် ဖြစ်နေသည့် အရာများစွာသည် ဤဒေသအတွင်းရှိ ကျွန်ုပ်တို့၏ အဓိက ပါတနာထံမှ ရရှိလာခြင်းဖြစ်သည်ဟု ဦးထွန်းထွန်းက ရှင်းပြခဲ့ပါသည်။ ECHO Asia နှင့် အရှည်သဖြင့် ဆက်ဆံလာသည့် မိတ်ဆွေနှင့် ပါတနာတစ်ဦးဖြစ်သူ ဦးသောင်းစီသည် ကျွန်ုပ်တို့၏ မွမ်းမံသင်တန်း အစီအစဉ်များစွာတွင် ပါဝင်ထားပြီး ကျွန်ုပ်တို့သည်လည်း ၎င်းထံမှ များစွာသင်ယူခဲ့ရပါသည်။ ၎င်းသည် လွန်ခဲ့သော သုံးနှစ်ခန့်က လီဆူး နှစ်ခြင်းခရစ်ယာန် ကျမ်းစာသင်ကျောင်းတွင် လူမှုအသိုင်းအဝိုင်းဆိုင်ရာ မျိုးစေ့ဘဏ်တစ်ခုကို တည်ထောင်ပေးခဲ့ပါသည်။ ၎င်း၏ မျိုးစေ့ဘဏ်မှတစ်ဆင့် ကျောင်းသားများသို့ စိုက်ပျိုးရေးနှင့် ဥယျဉ်ခြံလုပ်ငန်းဆိုင်ရာ လက်တွေ့အသုံးချနည်းစနစ်များအကြောင်း သင်ကြားပေးလျက်ရှိသည့်အပြင် လူမှုဘဝများစွာနှင့် မျိုးစေ့စိုက်ပျိုးနည်းအမျိုးမျိုးတို့အတွက် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ဦးထွန်းထွန်းနှင့် ဒေသခံစိုက်ပျိုးရေးသမား တစ်ရာနီးပါးတို့သည် လွန်ခဲ့သောနှစ်အတွင်း ဇီဝမီးသွေးနှင့် အခြားနည်းစနစ်များအတွက် မွမ်းမံသင်တန်း တက်ရောက်ခဲ့သည့်နေရာမှာ ဤနေရာပင်ဖြစ်ပြီး ဦးသောင်းစီသည် ၎င်းတို့နှင့် ပုံမှန်ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။

ဤ ECHO အသိုင်းအဝိုင်းတွင် ဤဒေသနှင့် ကမ္ဘာတစ်လွှားတွင် ဦးသောင်းစီကဲ့သို့ စွမ်းစွမ်းတမံ နှစ်မြုပ်လုပ်ကိုင်နေသည့် ပါတနာများစွာ ရှိနေပါသည်။ ဦးပါတနာများကို ကောင်းစွာသင်ကြားပံ့ပိုးပေးပါက နောက်ထပ်စိုက်ပျိုးသမားများစွာကို သင်ကြားပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။

အနာဂတ်အစီအစဉ်များ။: Asia

ECHO Asia: Tropical Agriculture & Development (TAD) Course
Mon, 2 February 2026 » Sat, 7 February 2026

Chiang Mai, Thailand

This 6-day course is designed for development workers, missionaries, and local leaders looking to engage their communities with simple, low-cost agricultural ideas and techniques. Participants will be introduced to a wide variety of ideas through classroom time and hands-on demonstrations and activities on the farm.

ECHO Asia: Faith and Farming Course
Mon, 2 March 2026 » Fri, 6 March 2026

ECHO Asia Impact Center, Thailand

Faith and Farming is a Bible-based initiative that connects Scripture with the daily lives of farmers, helping them see how their faith and work come together to reflect God’s greatness. Join LEAD Global and ECHO Asia as co-hosts for a 5-day immersive course that brings the Bible to life through the lens of agriculture, sustainability, and discipleship. This hands-on experience is ideal for farmers, agricultural workers, and those who walk alongside them in ministry or development work. ...

ECHO Asia: Sri Lanka Agriculture Networking & Training Event
Tue, 24 March 2026 » Thu, 26 March 2026

Sri Lanka

Details coming... :)

ECHO Asia: NE India Agriculture Networking & Training Event
Tue, 7 April 2026 » Wed, 8 April 2026

India

Details coming... :)

ECHO Asia: Tropical Agriculture & Development (TAD) Course
Mon, 1 June 2026 » Sat, 6 June 2026

ECHO Asia Small Farm Resource Center Chiang Mai, Thailand, Thailand

This 6-day course is designed for development workers, missionaries, and local leaders looking to engage their communities with simple, low-cost agricultural ideas and techniques. Participants will be introduced to a wide variety of ideas through classroom time and hands-on demonstrations and activities on the farm.

About Asia





Sources:
