Published

2015-04-28

၂၀၁၁ ခုနှစ်၌၊ ECHOcommunity အဖွဲ့ဝင်များဖြစ်ကြသည့် မစ္စတာ ကပ်စ်နာဒီနှင့် မစ္စကပ်စ်နာဒီတို့သည် အင်ဒိုနီးရှားနိုင်ငံရှိ ၎င်းတို့မွေးဇာတိမြို့ဖြစ်သော မီဒန်တွင် ဒေသတွင်းရှိ အိမ်များအသုံးပြုနိုင်မည့် Biosand ဟုခေါ်ဆိုသည့် ရေသန့်ရှင်းရာတွင် သက်ရှိများပါ၀င်သော သဲရေစစ်အသုံးပြု သောက်သုံးရေစီမံချက်တစ်ခုတွင် ပါ၀င်ခဲ့ကြသည်။ ဤစီမံချက်အား ဆန်မာရီတန်၏ ပါ့စ်ကနေဒါ (Samaritan’s Purse Canada) အဖွဲ့မှ ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ယာယာဆန် အက်ဘ်ဒီ ဆက်ရာ (Yayasan Abdi Satya သို့မဟုတ် YAS ဟု အတိုကောက်ခေါ်ဆိုသော) အဖွဲ့မှ ကူညီခဲ့သည်။ ထိုအချိန်တွင် YAS သည် ကပ်ဘေး တုံ့ပြန်ဖြေရှင်းရေးနှင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် ပါ၀င်ဆောင်ရွက်လျက်ရှိပြီး၊ စိုက်ပျိုးရေး ကဏ္ဍအတွင်းရှိ ဒေသတွင်း ကျေးလက်ဒေသ လူမှုအဖွဲ့များအား ပံ့ပိုးသည့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များဆိုင်ရာ ယင်း၏ စွမ်းရည်ကို တိုးတက်စေရေးအား စိတ်ဝင်စားလျက်ရှိသည်။

YAS ၏ စီမံကိန်းမန်နေဂျာများဖြစ်ကြသည့် ဟာမက်စ်ယာနှင့် အန်သိုနီတို့သည် မစ္စတာ ကပ်စ်နာဒီ၊ မစ္စကပ်စ်နာဒီတို့နှင့်အတူ ထိုင်းနိုင်ငံ၌ ပြုလုပ်ခဲ့သော ၂၀၁၁ ခုနှစ် ECHO အာရှစိုက်ပျိုးရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ တက်ရောက်ခဲ့ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့ ကဲ့သို့ ဆောင်ရွက်နေသည့် အခြားသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ရန်ဖြစ်သည်။ ထို့အတူ၊ ၎င်းတို့၏ ဒေသတွင်း၌ လက်တွေ့အကောင်ထည်ဖော် ဆောင်ရွက်နိုင်မည့် နည်းစနစ်များအား သင်ယူရန်လည်း ရည်ရွယ်ခဲ့ကြသည်။ ထိုညီလာခံအတွင်းတွင်၊ အရည်အသွေး မြင့်မားသည့် မြေသြဇာနှင့် တီကျစ်စာကို ထုတ်လုပ်ပေးရန်အတွက် သဘာဝမြေသြဇာသုံး အစားအစာ အကြွင်းအကျန်များအား တီကောင်အသုံးပြု ချေဖျက်ခြင်းကို အဓိကဆောင်ရွက်သည့် မေဂျိုတက္ကသိုလ် (Maejo University) ၏ မွေးမြူရေးတီကောင်အသုံးပြု မြေသြဇာထုတ်လုပ်ရေး အဆောက်အအုံသို့ အလည်အပတ်သွားရောက်ခြင်းသည် ၎င်းတို့အပေါ် အထူးလွှမ်းမိုးခဲ့သည်။ ထိုလက်တွေ့ ကွင်းဆင်းလေ့လာသည့် ခရီးစဉ်အတွင်း တွေ့ရှိခဲ့ရခြင်း၏ စေ့ဆော်မှုကြောင့်၊ ညီလာခံတက်ရောက်ခဲ့သူများ အဖွဲ့သည် မီဒန်သို့ ပြန်လည်သွားရောက်ကာ အမျိုးမျိုးသော မွေးမြူရေးတီကောင်အသုံးပြု မြေသြဇာထုတ်လုပ်သော စနစ်များကို လက်တွေ့ စမ်းသပ်ခြင်းအား စတင်ခဲ့ကြသည်။

Mr Kusnadi Demonstrates Vermicompostingယနေ့အခါတွင် YAS သည် သစ်ပင်ပန်းမန်များ ဒေါင်လိုက်စိုက်ပျိုးသည့် ယူနစ်များ၊ ရေတွင်စိုက်ပျိုးသော အပင်များအတွက် မြေသြဇာထုတ်လုပ်ရန် ငါးကန်များမှရေကို အသုံးပြုသည့် ပေါင်းစုစနစ်များနှင့် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်သော မွေးမြူရေးနည်းစနစ်အသုံးပြု ကြက်မွေးမြူထုပ်လုပ်ခြင်းတို့အား အသုံးပြုသည့် ကျေးလက်မွေးမြူရေး လုပ်ငန်းကဲ့သို့သော နည်းစနစ်များကို သရုပ်ပြနေသည့် အသေးစား စိုက်ပျိုးရေး ရင်းမြစ်များဆိုင်ရာ စင်တာ (Small Farm Resource Center – SFRC ဟု အတိုကောက်ခေါ်သည်) တစ်ခုအား တိုးချဲ့ဖွံ့ဖြိုးစေနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါ YAS စိုက်ပျိုးရေးခြံသည် အန္တရာယ်ရှိသည့် ဓာတုမြေသြဇာများနှင့် ပိုးသတ်ဆေးများ နည်းပါးစေရန်/ လုံးဝမပါ၀င်စေရန်တို့အား ဇောင်းပေးလုပ်ဆောင်လျက်ရှိသည်။ ထို့အတူ၊ ယင်းသည် ချာရာနှင့် မော်ရင်ဂါတို့ကဲ့သို့သော အဟာရ ပြည့်ဝသည့် အသုံးပြုမှုနည်းပါးသော ဟင်းသီးဟင်းရွက်များကို အထောက်အကူပြုလျက်ရှိသည်။ ၎င်းတို့သည် ဒေသတွင်းကျမ်းစာကျောင်းတစ်ကျောင်းကိုလည်း စိုက်ပျိုးရေးအတတ်သင် ဘာသာရပ်များနှင့် မွေးမြူရေးဘာသာရပ်များအား သင်ကြားပေးလျက်ရှိသည်။ လွန်ခဲ့သော လေးနှစ်တာကာလအတွင်း၌ YAS အဖွဲ့ဝင်များသည် ညီလာခံတက်ရောက်သူများအဖြစ်မှ ညီလာခံ လက်ခံကျင်းပသူများအဖြစ်သို့ အသွင်ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။ YAS အဖွဲ့ဝင်များနှင့် ECHO တို့သည် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား ယခုနှစ်မတ်လတွင် ပထမဆုံး အကြိမ်အဖြစ် အကျိုးတူပူးပေါင်းကျင်းပခဲ့ကြသည်.

 

၂၀၁၅ ခုနှစ် ECHO အာရှ ညီလာခံ - 


ECHO Asia သည် ယခုနှစ်အတွင်း၌ စိုက်ပျိုးရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံတစ်ခုကို လက်ခံကျင်းပသွားမည်ဖြစ်သည်။

ပိုမိုလေ့လာရန်


တက်(ဂ)(Tagged)များ

Vermiculture Small Farm Resourc...

နယ်ပယ်ဒေသ

Asia