Published

2016-02-09

မလေးရှားနိုင်ငံ၊ ပီနန်တွင်ရှိသော ဒါလတ်(Dalat) အပြည်ပြည်ဆိုင်ရာကျောင်းမှ အခြေခံမူလ ဥယျာဉ်စိုက်ပျိုး ရေး ကလပ်သည် မြန်မာရိုဟင်ဂျာဒုက္ခသည်များကို ကူညီရန်ကြိုးပန်းနေကြသည်။ ထိုကလပ်သည် ကောင်းမွန် ပြည့်စုံသော ဥယျာဉ်စိုက်ပျိုးရေးကျင့်စဉ်များနှင့် မြေဆီမပါသည့် သဲ၊ ကျောက်၊ နှင့်ရေများတွင်အဟာရဖြည့်၍ စိုက်ပျိုးခြင်း(hydroponics)၏နောက်ခံသဘောတရားများကိုသင်ယူရန်တစ်ပတ်လျှင်တစ်ကြိမ်တွေ့ဆုံကြသည်။ ကျောင်းသားများသည် ဟင်းနုနွယ်အမျိုးအစားနှစ်မျိုးကိုသေးငယ်၍သယ်ယူပြောင်းရွှေ့နိုင်သည့် မြေဆီမပါ-အဟာရဖြည့်၍ စိုက်ပျိုးခြင်း(hydroponics) ယူနစ်အပေါ်တွင်စိုက်ပျိုးလုပ်ဆောင်လျက် ရှိကြသည် - ဒေသရှိအမျိုးနှင့်ဘရာဇီးနိုင်ငံမှ အမျိုးများဖြစ်သည့်ဟင်းနုနွယ်နှစ်မျိုးစလုံးကောင်းစွာကြီးထွားကြသည်။

သူတို့၏သင်တန်းပို့ချသူ လီစာ မွန်စန် (Lisa Munson)မှတဆင့် ကျောင်းသားများတို့သည် ပီနန်ဒုက္ခသည် ကျောင်းအား ဤအဟာရဖြည့် စိုက်ပျိုးသည့်ပစ္စည်းကရိယာများကိုမျှဝေကြရန်အထောက်အကူပေးခြင်းဖြင့် ထိုနေရာတွင်ရှိသော ကျောင်းသားများကိုကူညီရန်နည်းလမ်းတစ်ခုအနေဖြင့််ပြုလုပ်ကြသည်။

Garden at Dalat International Schoolဒုက္ခသည်ကျောင်းတွင်ရှိသောအပင်အများစုတို့သည်ကောင်းမွန်စွာကြီးထွားနေပြီး ကျောင်းသားများအား အပင်များကိုကြည့်ရှုရမည့် တာဝန်ချမှတ်ပေးခဲ့ခြင်းသည် သူတို့အတွက်အပြုသဘောဆောင်သည့် အခွင့်အရေး ကောင်းဖြစ်ခဲ့သည်။ သို့သော် ဒုက္ခသည်တို့၏အခြေအနေများကိုဝန်းရံလျက်နေသောပြဿများကြောင့် စိုက်ပျိုး သော အပင်အားလုံးတို့သည် သော့ခတ်ထားသည့်တံခါးများ၏နောက်တွင်ကြီးထွားနေရသည်၊ အပင်များကို အပြင်ဘက်တွင်စိုက်ပျိုးပါက ခိုးယူခြင်းခံရနိုင်ချေရှိပါသည်။ အခန်းတွင်းအခြေအနေသည် အချို့သောအပင်များ ကိုသေစေပါသည်၊ သို့သော် ဒန့်ဒလွန်၊ ပင်စိမ်းနှင့် ဟင်းနုနွယ်များတို့သည်ကောင်းစွာကြီးထွားနေဆဲဖြစ်ပါသည်။

ပို၍များသောအချက်အလက်ရင်းမြစ်မျး-

မြေဆီမပါ-အဟာရဖြည့်၍ စိုက်ပျိုးခြင်း(hydroponics)နှင့်ပတ်သက်သည့်အရင်းအမြစ်များ


တက်(ဂ)(Tagged)များ

Aquaponics

နယ်ပယ်ဒေသ

Asia