By: ဘင်ဂျမင် အက်စ် ဖစ်ရှာမှတင်ပြသည်၁ ၁ အမျိုးသားတက္ကသိုလ်၊ Youth With a Mission (YWAM) ခိုနာ၊ ဟာ၀ါယီ


[အယ်ဒီတာမှတ်ချက်-ဘင်ဂျာမင် ဖစ်ရှာသည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားအလယ်ပိုင်းတွင်ရုံးတွင်းအခြေစိုက်သည့် ယခင်ဖွံ့ဖြိုးရေး၀န်ထန်းတစ်ဦးဖြစ်သည်။ ဤထူးခြားသည့်သီးခြားအကြောင်းအရာကိုသင်ယူလိုသောဆန္ဒရှိသဖြင့် ဘင်သည် မတုပ်သောပျားမွေးမြူခြင်းအတွက်(သူ၏အခြေအနေအပေါ်တွင်မူတည်၍) ယေဘူယျလမ်း ညွှန်အဖြစ် ဗာခယူးကိုတွေရှိခဲ့သည်။ အောက်တွင်ဖေါ်ပြထားသည့်အချက်အလက်ရင်းမြစ်များသည် သူ၏ကြိုးစားအား ထုတ်မှု မှဖြစ်၍အရှေ့တောင်အာရှတွင်နေထိုင်ကြသူများနှင့် အတိအကျပြောရမည်ဆိုလျှင် ဂျားဗားကျွန်းတွင်နေ ထိုင်သူ များ-အတွက်မတုပ်သော ပျားမွေးမြူခြင်းနှင့် ပတ်သက်သည့်အချက်အလက်များကို လက်ခံနိုင်ဘွယ်ရှိ၍ဖတ်ရှု နိုင်သည့် ပုံစံဖြင့်စုစည်းရေးသားထားခြင်းဖြစ်သည်။ စုစည်းထားသောအချက်အလက်များသည်ခြုံငုံတင်ပြခြင်းနှင့် နိဒါန်းပျိုး ခြင်းအတွက်ရေးသားထားခြင်းဖြစ်၍မှီငြမ်းရန်အတွက်ကျယ်ပြန့်သောလမ်းညွှန်မဟုတ်ပါ။ ထပ်ဆောင်း အ ကြောင်း အရာများကိုဖတ်နိုင်ရန်အတွက်နောက်ဆုံးစာမျက်နှာတွင်ဖေါ်ပြထားပါသည်။]

AN 45 Bee Fig 1

ပုံ ၁။ မတုပ်သောပျားကိုလိုနီအ၀င်ပေါက်။ ဓါတ်ပုံ - ခရစ် ကာဘီ-လမ်းဘတ် @ ဖလစ်ခါ

နိဒါန်း  

မတုပ်သောပျားမွေးမြူခြင်းသို့မဟုတ်မက်လီပိုနီကားချား(Meliponiculture)မတုပ်သောဒေသဇာတိပျားများမွေးမြူ ၍စီမံခန့်ခွဲခြင်း)မက်လီပိုနိနိ အနွယ်မှပျားများကိုမွေးမြူခြင်းဖြစ်သည်။ မတုပ်သောပျားများတွင်မျိုးစိတ်ရာပေါင်းများ စွာရှိ၍အပူပိုင်းဒေသ/အာရှတိုက်အပူပိုင်းနှင့်သြစတြေးလျနှစ်နေရာတွင်ပင်လျှင်မျိုးစိတ်ပေါင်း၈၉မျိုးရှိနိုင်သည်(ရာပ်မူစန်၊ ၂၀၀၈)၊များစွာတို့သည်ပျားရည်ကိုထုတ်နိုင်၍၎င်းတို့သည်ဒေသတွင်းပေါက်သည့်ဇာတိပျားများနှင့်မျိုးစိတ်လုံး၀ ခြားနားသည်( အာပစ် မဲလ်လိဖီရာ နှင့် အာပစ် စီရာနာ အင်ဒီကာ)။ မတုပ်သောပျား များတွင်တုပ်နိုင်သည့်အရာများ ရှိနေသေး၍၎င်းတို့သည်သေးငယ်၍အရွယ်မရောက်သေးသဖြင့်လူတစ်ဦးအားမတုပ်နိုင်သည့်အခြေအနေကိုဖြစ်စေသည်-ထိုနည်းအားဖြင့်သူတို့သည်သူတို့အားခေါ်၀ေါ်သည့် အမည်ကိုရရှိခြင်းဖြစ်သည်။သို့သော်သူတို့သည်ကိုက်နိုင်ပါ သေးသည်(အတိုင်းအတာတစ်ခုအထိ-နာကျင်ခြင်း မရှိပါ)၊ ပျားရည်ယူသောသူများ၏မျက်စေ့များ သို့မဟုတ်နားများ ကို စပ်ဖျဥ်းဖျဥ်းဖြစ်အောင်ကြိုးစား၍လုပ်ကြလိမ့်မည်။မတုပ်သောပျားများကိုနှစ်ထောင်ပေါင်းများစွာကတည်းကပင် မွေးမြူကြ သည်-ဥရောပကိုလိုနီနယ်ချဲ့ သူများနှင့် စူးစမ်းလေ့ လာသူများမှမိတ်ဆက်ပေးခြင်းမတိုင်မီကပင် သာမန်-ပျားလုံး၀မရှိသည့်အပူပိုင်း ကမ္ဘာ သစ်များတွင် မှတ်သားဘွယ်လောက်အောင်တွေ့နိုင်သည်။ သုတေသနပြုရန်နှင့် တိုးတက်မှုဖြစ်စေရန်အတွက်အကြောင်းအမျိုးမျိုးကြောင့်မတုပ်သောပျားများသည် သာမန်-ပျားများလောက်စိတ် ၀င်စားခံရခြင်းမရှိခဲ့ပါ။

မတုပ်သောပျားများမှရရှိသည့်ပျားရည်များတွင်ရေပါ၀င်မှုသည်ဒေသဇာတိပျားမျိုးစိတ်ထုတ်သည့်ပျားရည်တွင်ပါ သည့်ရေထက်ပိုများသည်။ဒေသဇာတိပျားမျိုးစိတ်ကိုစုသိမ်းသည့်အခါရေပါ၀င်မှုသည်အများအားဖြင့်၂၀%၊ မတုပ် သောပျားများ၏ပျားရည်တွင်မူပျမ်းမျှအားဖြင့်၃၀%ပါ၀င်သည်၊သို့သော်မျိုးစိတ်များအပေါ်တွင်မူတည်၍ ၂၀ မှ ၄၅% ပါ၀င်နိုင်ပါသည်။ပျားရည်တွင်ရေပါ၀င်မှုပိုမြင့်ခြင်းအကြောင်းမှာ၎င်းသည်သဘာ၀ကစော်ဖေါက်သည့်ဖြစ်စဥ်မှတ ဆင့်ဖြတ်ကျော်ရခြင်းကြောင့်ဖြစ်သည်ထို့ကြောင့် မတုပ်သောပျားများ၏ပျားရည်တွင်စူးရှသည့်အချဥ်အ ရသာရှိ၍ ထိုသို့ဖြစ်ခြင်းမှာကစော်ဖေါက်သည့်ဖြစ်စဥ်တလျောက် အစဲနစ် အက်စစ်(ဗင်နီကာ/ရှာရကာရေ) သို့မဟုတ်လက်တစ် အက်စစ်ကြောင့်ဖြစ်နိုင်ခြေများသည်။ဤကစော်ဖေါက်သည့်ဖြစ်စဥ်ဖြစ်ပေါ်ရခြင်းမှာတဆေးနှင့်ဘက်တီးရီးယားကဲ့သို့သော မိုင်ခရုဘ်များရှိ နေသောကြောင့်ဖြစ်သည် အများစုမှာပရိုဘိုင်အောတစ်များ ဖြစ်သည်။ဤသို့ရေများခြင်း ၏အဓိပ္ပါယ်မှာမတုပ်သောပျား၏ပျားရည်သည်ပျက်စီးနိုင်၍ပျားစင်တွင် သက်တမ်းပို၍ကြာကြာထားရမည်ဆိုပါက သတ်မှတ်အပူချိန်ထိအပူပေး၍ပိုးသတ်သင့်သည်။ အခိုင်အမာပြနိုင်သည့်ကျမ်းမာရေးအကျိုးကျေးဇူးများလည်းရှိပါ သည်၊ အချို့သောသုတေသနများတွင်ဤသို့ အခိုင်အမာပြောဆိုခြင်းသည်မုချဖြစ်နိုင်သည်ဟုဖေါ်ပြပါသည် ဖြစ် နိုင်ခြေရှိသည့်ပန်းကရိယကိုကာကွယ်ခြင်းမှတဆင့်ဆီးချိုရောဂါ-ကာကွယ်ခြင်းနှင့်ဆိုင်သောပစ္စည်းများအပါအ၀င် ဖြစ်သည်။မတုပ်သည့်ပျားများ၏ပျားရည်ကိုအများအားဖြင့်ဒေသဇာတိပျားများ၏ပျားရည်ထက်စျေးပိုမြှင့်၍ရောင်းကြသည်( အာဇစ်(စ) နှင့်အခြားသောသူများ၊ ၂၀၁၇)။

အချို့သောမတုပ်သည့်ပျားမျိုးစိတ်များသည်တနှစ်လျှင်ပျားရည်နှစ်ကီလိုဂရမ်အထိသာထွက်၍အခြားသောမျိုးစိတ်များမှာအထွက်ပို၍ပင်နည်းသည်။ဤအရာသည်ဒေသဇာတိပျားအုံများမှထွက်နှုန်းထက်သိသာစွာပို၍နည်းသည် ဤသည်မှာပျားရည်တစ်ကီလို၏စျေးနှုန်းပိုမြင့်ရခြင်းအကြောင်းရင်းများအထဲမှတစ်ခုဖြစ်သည်။မတုပ်သောပျားများသည်လည်းဒေသဇာတိပျားများထက်ပန်းအမျိုးများစွာတို့ထံသို့အလည်အပတ်သွားသည်၊ သို့သော်မျိုးစိတ်များစွာတို့ တွင်မတူသောမျိုးစိတ်များသည်သီးခြားအပင်မျိုးစိတ်(မိသားစု)၏ပန်းများရှိရာသို့အလည်အပတ်သွားသည်ဟုသုတေသနမှဖေါ်ပြသည်။

မတုပ်သောပျားအများစုသည် ဇာတိပျားမျိုးစိတ်များကဲ့သို့ ပျားဖယောင်းမှခြောက်ဒေါင့်ရှိသော စဲလ်များကိုမလုပ်ပါ။ ၎င်းတို့သည် ပရိုပိုလစ်ပြုလုပ်ရန်အတွက်အပင်အင်တွဲများကိုအသုံးပြုကြသည်။(ပရိုပိုလစ်(pro polis) -ဇာတိပျား များမှပြုလုပ်သည့်ဓါတ်ပေါင်း(ကွန်ပေါင်း)ဖြစ်၍”ပျားကော်(‘Bee Glue.’)”ဟုအများအားဖြင့်သိကြသည်။ မတုပ်သော ပျားများထုတ်သည့်ပရိုပိုလစ်တွင်ဒေသပျားများထုတ်သည့်ပရိုပိုလစ်ထက်ဖယောင်းပိုများသဖြင့်တစ်ခါတစ်ရံနဖါချေးဟုတင်စားခေါ်၀ေါ်ကြသည်။ဤပစ္စည်းသည်ပျားရည်များကိုသေးငယ်သည့်”အိုးများ”တွင်သီးသန့်ထားတတ်၍အ ပေါက်များကိုအလုံပိတ်ပေးသည်၊ပျားအုံအတွင်းတွင်အခြားသောဖွဲ့စည်းတည်ဆောက်မှုများကိုဖန်တည်းသည်၊ပျားများမှဖယ်ရှားရန်ကြီးလွန်းသည့် ကျူးကျော်လာ၍သေသွားသော တိရစ္ဆာန်များကိုမြုပ်ပစ်သည်(ဥပမာ-ကြွက်၊ အခြား သောပို၍ကြိးသည့်အင်းဆက်ပိုးအစရှိသည်ဖြင့်။)ပိရိုပိုလစ်များသည်မှောင်သောအရောင်ရှိ၍၎င်းတို့အားစုစည်းသိမ်းယူနိုင်သည်၊လူသားများသည်၎င်းအားမျိုးမျိုးအသုံးချနိုင်သည်။၎င်းကိုသစ်သားများအားသုတ်ရန်အတွက်သုတ်ဆေးအဖြစ်အသုံးပြုနိုင်သည်၊၎င်းကိုအလှပြင်ပစ္စည်းများတွင်အသုံးပြုနိုင်၍စားသုံးပါကလည်းကျန်းမာရေးအတွက်အကျိုးများစွာရှိသည့်သက်သေအထောက်အထားများစွာရှိသည်။ပရိုပိုလစ်များသည် အင်တီ-ဗိုင်းရပ်စ်ပိုး နှင့် အင်တီ-ဘက်တီးရီးယားဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။ အချို့ သောသုတေသနများမှပရိုပိုလစ်သည့်ကင်ဆာရောဂါတိုက်ဖျက် ရေးနှင့် ကာကွယ်ရေးတို့တွင်ထိရောက်မှုရှိနိုင်သည်ဟုဖေါ်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံတွင်ကျွန်ပ်အားပရိုပိုလစ်ကို ဆေး၀ါးအဖြစ်သုံးသည်သာမကကင်ဆာရောဂါခံစားနေရသောလူနာများအားဆေးအဖြစ်ညွှန်းသည်ဟုပြောပြကြ သည်။

AN 45 Bee fig 2

ပုံ ၂။  ဟီတယ်ရိုထရီဂိုနာ အီတာမာ အတွက် မတုပ်သောပျားအုံတည်ဆောက်ပုံကိုအနီးကပ်တွေ့မြင်ရပုံ

 [အယ်ဒီတာမှတ်ချက် - ဤအကြောင်းအရာနှင့်ပတ်သက်သည့်မေးခွန်းများ၊ မှတ်ချက်များ သို့မဟုတ် ပုဂ္ဂိုလ်ရေး အတွေ့အကြုံအတွက် echocommunity တွင်ပါသည့် ‘conversations’ forum Meliponiculture: Stingless Beekeeping ကိုကြည့်ပါ။]

ဂျားဗားရှိ မတုပ်သောပျားများ

ဂျားဗားကျွန်းအပေါ်တွင်မတုပ်သောပျားမျိုးစိတ်မည်မျှရှိသည်-နှင့်ပတ်သက်သည့်အချက်အလက်များသည်ကွဲပြား လျက်ရှိသည်။အွန်လိုင်းပေါ်တွင်ကျွန်ပ်တွေ့ရှိခဲ့သည့်အချက်တခုတွင်ဂျားဗားကျွန်းတွင်မျိုးစိတ်ခြောက်မှကိုး(ထိုထက်မက)ရှိသည်ဟုဆိုထားပါသည်။သို့သော်ခြောက်ခုအထိသာစာရင်းပြုနိုင်ခဲ့သည်။ ဤမျိုးစိတ်များတွင်ဂျီနီယိုထရိုင်ဂိုနာ သိုရာစီကာ(Geniotrigona thoracica)၊ဟီတဲရိုထရိုင်ဂိုနာ အိတာမာ(Heterotrigona itama)၊ လိပိဒိုထရိုင်ဂိုနာ တာမိနာတာ(Lepidotrigona terminate)၊ တဲထရာဂိုနုလာ ဒရက်ချိရီ (Tetragonula drescheri)၊ တဲထရာဂိုနုလာ လိုင်ဗီစက်(Tetragonula laeviceps)နှင့် တဲထရီဂိုနာ အာပီကာလစ် (Tetrigona apicalis ) တို့ဖြစ်သည် (ပန်ဂက်စ် တီကာ နှင့်အခြားသောသူများ၊ ၂၀၁၇။)

ဤပျားအားလုံးတို့သည်အရွယ်အစားကွာခြားကြသည်၊ ဟီတဲရိုထရိုင်ဂိုနာ အိတာမာနှင့် တဲထရီဂိုနာ အာပီကာလစ်  မျိုးစိတ်များနှင့်အများစုအလုပ်လုပ်ကြသည်၊ထိုမျိုးစိတ်နှစ်မျိုးစလုံးတို့သည်၅မမအရှည်ရှိ၍ထိုမျိုးစိတ်နှစ်မျိုးတွင် မှတ်သားလောက်ဘွယ်သောထူးခြားချက်မှာ တီ အာပီကာလစ်၏အတောင်တွင်အရာင်နှစ်မျိုးပါခြင်းဖြစ်သည်။ အောက်ဖေါ်ပြထားသည့်ပုံ(ပုံ ၃)တွင် မတုပ်သောပျားမျိုးစိတ်သုံးမျိုးကိုနှိုင်းယှဥ်ဖေါ်ပြထားသည်ကိုတွေ့ရပါမည်အားလုံးကိုဂျားဗားကျွန်းတွင်တွေ့ရပါသည် အာရှေဒသဇာတိပျားများနှင့်ဘေးချင်းယှဥ်လျက်တွေ့ရပါသည်။ ကျွန်ပ် အနေဖြင့်အတွေ့အကြုံအများဆုံးရှိခဲ့သည်မှာ တီ ဒရက်ချိရီ ဖြစ်သည်၊သို့သော်ယခုအခါတွင်ကျွန်သေချာမသိတော့ပါ၊ ဤမျိုးစိတ်သည်အထက်တွင်ဖေါ်ပြသည့်ပျားမျိုးစိတ် များထက်ပို၍သေးငယ်သည်။ ၎င်းတို့၏အရွယ်နှင့်ပတ်သက်၍ ဖေါ်ပြရမည်ဆိုလျှင် ဤဒေသတွင်ရှိသည့်မတုပ် သည့်ပျားများကိုလူအများကယင်ကောင်အသေးစား သို့မဟုတ် မှက်နှင့် မှားတတ်ကြသည်။

AN 45 Bee fig 3

ပုံ ၃။ သာမန်ပျား ၄မျိုးကို နှိုင်းယှဥ်ဖေါ်ပြခြင်း။ ၀ဲမှ- အာပစ် စီရာနာ၊ ဟီတဲရိုထရိုင်ဂိုနာ အိတာမ၊ တဲထရီဂိုနာ အာပီကာလစ် နှင့် တဲထရာဂိုနုလာ လိုင်ဗီစက်

အချို့သောဤမျိုးစိတ်များကိုအင်ဒိုနီးရှားနိုင်ငံရှိအခြားသောကျွန်းများတွင်လဲတွေ့နိုင်သည်၊အချို့တို့ကိုအရှေ့တောင် အာရှရှိအချို့သောနိုင်ငံ - ကမ်ဘောဒီးယား၊ မလေးရှားနှင့်စင်ကာပူနိုင်ငံများအပါအ၀င် -များတွင်ပင်တွေ့ နိုင်သည်။ အင်ဒိုနီးရှားတွင်တွေ့ရသောမျိုးစိတ်အချို့တို့ကို၀ေးလှသောအိန္ဒိယနိုင်ငံအထိပင်တွေ့နိုင်သည်။ကျွန်ပ်သည်အင်ဒိုနီး ရှားနိုင်ငံ၊ ဘိုဂါမြို့(မြို့တော်ဂျာကာတာနှင့်နီး၍-ဂျားဗားကျွန်းပေါ်တွင်ရှိသည်)တွင်ရှိသောတက္ကသိုလ်တစ်ခုကိုဆက် သွယ်ရန်စီစဥ်ပါသည်၊ အွန်လိုင်းမှတဆင့်ကျွန်ပ်ရရှိသောအချက်အလက်များမှာပြည့်စုံမှုမရှိသောကြောင့်ထိုနေရာမှ ထပ်ဆောင်းအချက်အလက်များရနိုင်ရန်ကြိုးပမ်းခြင်းဖြစ်သည်(အဂ်လိပ်ဘာသာ သို့မဟုတ် အင်ဒိုဘာသာဖြင့်)။

ဖမ်းဆီးသည့် ကိုလိုနီ နှင့် အုံဖွဲ့စည်းတည်ဆောက်ပုံ

ပျားများ၏အရွယ်အစားနှင့်သိမ်းယူနိုင်သည့်ပျားရည်အပေါ်တွင်မူတည်၍ကျွန်ပ်အနေဖြင့်ဆင်ခြင်သုံးသပ်ကောက် ချက်ချရမည်ဆိုလျှင် မတုပ်သောပျားများသည်ဒေသဇာတိပျားများထက်အုံများကိုဆောက်ရာတွင်များစွာပို၍သေး ငယ်သည်။အများအားဖြင့်ဂျားဗားရှိမတုပ်သောပျားများနှင့်၎င်းတို့၏အုံများကိုမြင့်သော၀ါးများ၊ သစ်တော၊ ကျောက်တုံးသို့မဟုတ်အုတ်နံရံများသို့မဟုတ်မည်သည့်အပေါက်ငယ်တွင်မဆိုတွေ့ရှိနိုင်သည်။ ၎င်းတို့ကိုအိမ်တွင် အသုံးပြုရန်သိုမဟုတ်မွေးမြူရေးစနစ်အတွက်အသုံးပြုရန်လူ-လုပ်ပျားအုံအဖြစ်ပြောင်းလဲမွေးမြူရန်ဖမ်းနိုင်သည့် နည်းများစွာရှိပါသည်။

အခြေခံအားဖြင့်ပျားအုံအရိုင်းများကို လူ-လုပ်သောပျားအုံစနစ်သို့ပြောင်းလဲသည့်နည်းမှာအလွန်လွယ်ကူပါသည်။ ပျားအုံအရိုင်းများကိုတွေ့ရှိပါကမည်မျှလွယ်ကူစွာဖမ်းနိုင်မည်ကိုအကဲဖြတ်သင့်ပါသည်၊ ဥပမာ-ပျားအုံသည်သစ်သား အပိုင်းအစ၊၀ါးထိပ်၊သို့မဟုတ်လူလုပ်သည့်ပလပ်စတစ် သို့မဟုတ် ဗူးတွင်စွဲနေပါသလား။ သို့ဖြစ်ပါက ၎င်းကိုဖယ်ရှား ရန်အတွက်အိမ်ပစ္စည်းများကိုဖွင့်ရန်လိုအပ်လာပါသည်။ပျားအုံ၏အဓိကအပိုင်းများကိုဖယ်၍ လူ-လုပ်သည့်ပျားအုံအ သစ်တွင်ထည့်သည်။

AN 45 Bee Fig 4

ပုံ ၄။ လူ-လုပ်သစ်သားသေတ္တာကိုအသုံးပြု၍မတုပ်သည့်ပျားများ၏အုံတည်ဆောက်ဖွဲ့စည်းပုံနမူနာ။ ဖယောင်းအစား ပရိုပိုလစ် ဖြင့် တည်ဆောက်ထားသည့်ပျားအုံတွင်ဥရောပပျားကိုလိုနီကိုည်းတွေ့နိုင်သည်။

အထက်ဖေါ်ပြပါပုံ(ပုံ ၄) တွင်ကျွန်ပ်တို့သည် သာမာန်လူ-လုပ် သစ်သားပျားအုံ၏အတွင်းပိုင်းတည်ဆောက်ပုံ နမူနာ ကိုတွေ့ရမည်။ ဖွဲ့စည်းထားပုံမှာ သာမန်ပျားအုံနှင့်ဆင်တူ၍ ခြားနားချက်မှာဖယောင်းအစားပရိုပိုလစ်နှင့်တည်ဆောက် ထားခြင်းဖြစ်သည်။ ဤပျားအုံ၏အ၀င်ပေါက်ကိုအထက်တွင်ဖေါ်ပြထားသည့်ပုံတွင်တွေ့ရမည်(မြင်ကွင်း ဖြင့်ဖေါ်ပြ ထားခြင်းမဟုတ်ပါ)။ ပိုလန်ပိုးတောင်မာများအတွက်ပရိုတင်းအစာရင်းမြစ်ကိုစုစည်းနိုင်ရန်ဖွဲ့စည်း ထားသည်။ ပုံတွင်ပြထားသည့်အဖြူရောင်ဆဲလ်များသည် ပျားအုံအတွင်ရှိနောက်ထပ်ဖွဲ့စည်းပုံကိုဖေါ်ပြထား၍အရွယ်ရောက်လု နီးပါးပျားပိုးတောင်မာပါ၀င်သည့်ဆဲလ်များဖြစ်သည်၊၎င်းတို့ကိုမတုပ်သည့်ပျားအုံများနှင့်သာမာန်ပျားအုံများနှစ်မျိုးစလုံးတွင်”ပေါက်ဖွားသည့် ဆဲလ်များ”ဟုရည်ညွှန်းခေါ်ဆိုကြသည်။မျိုးစိတ်အများစုတွင်ထိုဆဲလ်များ၌ ပို၍နုသောပိုး တောင်မာပါ၀င်နေပါက မှောင်(ရင့်)သောအရာင်ရှိ သည်အဖြူရောင်ဆဲလ်များမှာ”ပေါက်ဖွားခြင်း”သည်ပိုးတုံးလုံး အဖြစ်သို့ရောက်ရန်နီးကပ်လာသည်ကိုဖေါ်ပြသည်။ မျိုးစိတ်များအပေါ်တွင်မူတည်၍ ပျားတစ်ကောင်ဖြစ်လာရန်အတွက် ၃၅-၅၀ ရက်ခန့်ကြာသည်။

ပျားအုံများတွင်တတိယနှင့်နောက်ဆုံးတည်ဆောက်ပုံများမှာ “ပျားရည်အိုးများ(honey pots)”ဖြစ်သည်။ ဤနေရာ သည်မတုပ်သောပျားများကိုသိုလှောင်သည့်နေရာဖြစ်၍၀င်ပေါက်နှင့်အ၀ေးဆုံးနေရာဖြစ်သည်။ သာမာန်ပျားများကဲ့ သို့ပင် ဤအမူအကျင့်ကို ပျားရည်”စူပါ” ဖွဲ့စည်းပုံများမှတဆင့်ပျားဘုရင်မအားတားဆီးသည့်ပစ္စည်းများနှင့်အတူ အသုံးပြု ခြင်းဖြင့်အမြတ်ထုတ်နိုင်သည်။ထိပ်တန်း(စူပါ)ဖွဲ့စည်းပုံများသည် လူ-လုပ်ပျားအုံများဖြစ်၍ ပျားရည်ထိပ် တန်း (စူပါ)ဖွဲ့စည်းပုံများသည်ပျားရည်များသာပါရန်ပြုလုပ်သည့်ဖွဲ့စည်းပုံဖြစ်သည်။ အသိုက်အမြုံဆဲလ်များကို ပလပ် ထားရန်အတွက်ပျားဘုရင်မအားတားဆီးသည့်ပစ္စည်းကိုအသုံးပြုခြင်းမှတဆင့်ပြုလုပ်ကြသည်။သာမာန်ပျားနှင့်မတုပ်သောပျားနှစ်မျိုးစလုံးတွင်ပျားဘုရင်မများသည်လုပ်သားပျားများထက်ပို၍ကြီးသည်။ဆိုလိုသည်မှာလုပ်သားပျားများသွားလာနိုင်ရန်ကျယ်သည့်တည်ဆောက်ပုံဖြစ်ရန်လိုအပ်သည်သူတို့သည်ပျားရည် ကိုသယ်ဆောင်သူများဖြစ် သည် သို့သော်ပျားဘုရင်မများမ၀င်နိုင်လောက်အောင်သေးငယ်သောအဆောက်အအုံဖြစ်ရမည်။ ပျားဘုရင်မများမ၀င်နိုင် ပါကထိုအကန့်တွင်အသိုက်အမြုံမရှိနိုင်ပါ-ပျားဘုရင်မများသည်အသိုက်အအုံ ဆဲလ်များထဲသို့ဥများဥချသူများဖြစ် သောကြောင့်ဖြစ်သည်။

မတုပ်သည့်ပျားမျိုးစိတ်အချို့တို့၏ပျားအုံများ၏သဘာ၀နှင့်ပြန်လည်ထုတ်လုပ်ခြင်းဆိုသည်မှာ အရွယ်ရောက်သည့် ပျားတစ်ကောင်၊အသက်ရှင်နေသည့်ပျားဘုရင်မနှင့်လာဗာဘုရင်မများနှင့်ပျားဘုရင်မတစ်ကောင်သို့မဟုတ်နှစ်ကောင်ရှိသည့်ဆဲလ်များ၊ သို့မဟုတ် အရွယ်ရောက်သည့်ပျားဘုရင်မနှင့် ပျားဘုရင်မအပျိုတစ်ကောင်သို့မဟုတ် နှစ်ကောင်ရှိ နိုင်ခြင်းကိုဆိုလိုသည်။ ဆိုလိုသည်မှာပျားအုံအရိုင်းတစ်အုံမှပျားအုံနှစ်အုံသို့မဟုတ်သုံးအုံတည်ဆောက်နိုင်ခြင်းဖြစ် သည်။ လူ-လုပ်ပျားအုံတစ်ခုစီတွင်မူလကိုလိုနီမှ ပိုလန်၊အသိုက်အမြုံ၊နှင့်ပျားရည်တည်ဆောက်ဖွဲ့စည်းမှုအစိတ်အပိုင်း တစ်ခုလိုအပ်သည်။

အသေစွဲထားသောဖွင့်ထုတ်၍မရနိုင်သည့်ပျားအုံကိုဖယ်ရှားသည့်အခါ၊ ကျောက်၊ အဂ်တေ၊ သို့မဟုတ် အုတ်နံရံ-ပြုလုပ်ရမည့်အစီအစဥ်သည်ပို၍ခက်ခဲလာသည်။ အခြေခံအားဖြင့်(သာမာန်ပျားတွင်လဲအသုံးပြုနိုင်သော)ပျားအုံ အ၀င်ပေါက်ကိုပိတ်၍ပြွန်သို့မဟုတ်ပိုက်ဖြင့်အဖွင့်တည်ခုတည်းသာလုပ်၍၎င်းမှတဆင့်လူ-လုပ်ပျားအုံ၏ကျောဘက် သို့ဆက်သွယ်ခြင်းဖြစ်သည်။ဤပြွန်သည်အရှည် ၃၀-၅၀ စမရှိရမည်။ပိုက်၏ရည်ရွယ်ချက်မှာလူ-လုပ်ပျားအုံအ ပေါက်၀မှတဆင့်အ၀င်ပေါက်အသစ်တစ်ခုပြုလုပ်ရန်ဖြစ်သည်။ပျားများသည်ပိုက်ကိုထွက်ပေါက်အဖြစ်အသုံးပြု၍လူ-လုပ်ပျားအုံသို့ရွှေ့သွားမည်၊ထိုသို့ပြုလုပ်ခြင်းမှာအဆင်ပြေမှုရှိ၍ပျားအုံအပေါက်၀နှင့်အနီးကပ်ဆုံးဖြစ်သော ကြောင့်ဖြစ်သည်။ဤသို့ပြောင်းရွှေ့ခြင်းသည်ခြောက်လမှတနှစ်ကြားကြာတတ်သည်။အချိန်ပိုကြာရခြင်းအကြောင်း မှာယခင်အသိုက်အမြုံ/၀ပ်သောအကောင်များသည်ပျားဘုရင်မမှ လူ-လုပ်ပျားအုံရှိအခြားသောအသိုက်ဆဲလ်သို့ မ ပြောင်းမှီဖွံ့ဖြိုးကြီးရင်ပြီးအရွယ်ရောက်သည့်ပျားဖြစ်ရန်လိုအပ်နေသေးသောကြောင့်ဖြစ်သည်။ အောက်ပါတို့သည် ဥပမာများဖြစ်သည်-နံရံများမှပျားအုံကိုဖယ်ရှားခြင်းဆိုင်ရာအချက်အလက်များနှင့်ရုပ်ပုံအားလုံးတို့သည် Stingless Bees Part 2 – Getting Bees out from a Wall ခေါင်းစဥ်ပါဗွီဒီယိုမှဖြစ်ပါသည်(ဘီနု၊ ၂၀၁၆)။

ယခုအခါတွင်ကျွန်ပ်တို့သည်နံရံမှဖယ်ရှားသည့်နည်းကိုစမ်းသပ်နေဆဲဖြစ်သည်၊ ဤအချက်အလက်ရင်းမြစ်များသည် အိန္ဒိယနိုင်ငံ ကယ်ရာလာကိုအခြေပြုထားသည် ဆိုလိုသည်မှာဤတိုင်းတာတွက်ချက်မှုများသည့်ကျွန်ပ်တို့ဒေသ မျိုးစိတ်နှင့်ကိုက်ညီမှုမရှိသည်လည်းဖြစ်နိုင်ခြင်းဖြစ်သည်။ ယခုကျွန်ပ်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံတွင်နံရံမှပျားအုံများ ကိုဖယ်ရှားသည့်နည်းများကိုမူမသိသေးပါ။ဤအပိုင်း၏အထက်နားတွင်ဖေါ်ပြထားသည့်ပျားအုံဖယ်ရှားသည့်ပုံများသည်လည်းအိန္ဒိယနိုင်ငံ ကယ်ရာလာကိုအခြေ ပြုထားသောဗွီဒီယိုမှဖြစ်သည်၊သို့သော်အင်ဒိုနီးရှားမှအရည်အသွေး ပိုညံ့ သည့်ဗွီဒီယို(ကျွန်ပ်တို့နေထိုင်သည့်ဂျားဗားအလယ်ပိုင်း)နှင့်နှိုင်းစာပါက အိန္ဒိယမှရေးဆွဲထားသောပုံများနှင့်ကွာ ခြား ခြင်းလုံး၀ရှိပုံမရပါ။

ပျားအုံတစ်အုံကိုဖမ်းသည့်အခါဖြစ်စေခွဲသည့်အခါဖြစ်စေယေဘုယျအားဖြင့်ထားရှိရမည့်စည်းမျဥ်းများရှိပါသည်။  ပျားအုံတစ်အုံကိုဖမ်းခြင်းသို့မဟုတ်ခွဲခြင်းကိုပြုလုပ်ပြီးသည်နှင့်၎င်းတို့အားပုရွက်ဆိတ်များတိုက်ခိုက်ခြင်းကိုလွယ် ကူစွာခံရနိုင်ပါသည်။ အချို့သောပုရွက်ဆိတ်ကာကွယ်နည်းများကိုပျားအုံပုံစံရေးသားသည့်အပိုင်းတွင်ထည့်သွင်းရေး သားပါမည်။ခွဲလိုက်သောပျားအုံများကိုလည်း အစောပိုင်းတွင်နီးကပ်စွာထားပါ (၃၀ စမအတွင်)။ ဖမ်းသည့်အခါနှင့်ခွဲ သည့်အခါနှစ်ခုစလုံးကို(လူ-လုပ်ပျားအုံအတွင်း)မူလနေရာနှင့်နီးကပ်စွာထားရမည်၊ထိုနေရာတွင် တစ်လခန့်ထား သင့် သည်။ လူ-လုပ်ပျားအုံတစ်အုံသို့အသိုက်အမြုံကိုရွှေ့သည့်ခါဆဲလ်အဖြူများသည်ဆဲလ်အညိုများထက်ပို၍သန်မာ သည့်အချက်ကိုသတိပြုရမည်။ပရိုပိုလစ်များသည်လည်းမတုပ်သည့်ပျားများကိုတိုက်ခိုက်သည်ဤသို့ဖြစ်ခြင်းမှာ ပျားမွေးမြူသူများအတွက်အခွင့်ကောင်းတစ်ခုဖြစ်နိုင်သည်၊အ၀င်ပေါက်တွင်ပရိုပိုလစ်များကိုထားရှိခြင်းအားဖြင့် ထိန်းမနိုင်သည့်လုပ်သားများကိုနေရာသစ်သို့လမ်းညွှန်ပေးသည်။နောက်ထပ်အကြံပြုချက်မှာဖွင့်ရမည့်ကိုလိုနီသည် သစ်သားအဆောက်အဉီးတွင်တည်ရှိနေပါက ပျားအုံကိုမဖွင့်မီကိုလိုနီအဖွဲ့သားများကိုတတ်နိုင်သမျှများ များစုဆောင်း ထားခြင်းသည်အသုံး၀င်သောနည်းဖြစ်နိုင်သည်။ထိုသို့ပြုလုပ်ရန်အ၀င်ပေါက် တွင်အသက်ရှူနိုင် သည့်ဗူး/သေတ္တာကို ထားခြင်းဖြင့်ဖမ်းနိုင်သည်၊ထိုနောက်ပျားအုံကိုပုတ်ပေးခြင်းဖြင့်ပျားများ၏စိတ်ကိုအနှောက်အ ယှက်ဖြစ်စေခြင်းဖြင့် ခုခံမှုပြုလာမည်။ဗူး/သေတ္တာသည့်ပြည့်လာသည့်အခါပျားများကိုအရိပ်ရှိသောနေရာတွင်ထားနိုင်မည်ဖြစ်သည်။ဤသို့ ပြုလုပ်ခြင်းဖြင့်အကျိုးကျေးဇူးရရှိနိုင်မည်၊အကြောင်းမှာပြောင်းရွှေ့သည့်အချိန်အတောအတွင်းထိခိုက်နိုင်သည့်ပျားအရေအတွက်ကိုနည်းသွားစေနိုင်၍တိုက်ခိုက်မည့်ပျားသို့မဟုတ်ပျားမွေးမြူသူအားအနှောက်အယှက်ပေးမည့်ပျားအရေအတွက်ကိုနည်းသွားစေသောကြောင့်ဖြစ်သည်။

ပျားအုံ ပုံစံများ 

ကျွန်ပ်၏သုတေသနအတွက်အရှေ့တောင်အာရှတွင်မတုပ်သောပျားမွေးမြူခြင်းနှင့်ပတ်သက်၍ကြည့်ရှုလေ့လာ သည့် အခါပျားအုံပုံစံများစွာရှိသည်ကိုရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့တွင်-အုန်းသီးအခွံပျားရည်ထိပ်တန်း(စူပါ) သဘာ၀ ပျား အုံများ၊အမျိုးမျိုးသောသစ်သားသေတ္တာပုံစံများ၊၀ါးပျားအုံများနှင့်ပီဗွီစီပျားအုံများပါ၀င်သည်၊သို့သော်ထိုထက်မကရှိပါသည်။တောင်အမေရိကတိုက်တွင်ရိုက်ထားသောဓါတ်ပုံတစ်ပုံ၌မြေအိုးများတွင်ပျားအုံတည်ဆောက်ထားသည် ကိုတွေ့ခဲ့သည်၊၎င်းသည်လည်းဖြစ်နိုင်ခြေရှိအရာတစ်ခုဖြစ်ပါသည်။သစ်ခေါင်းများတွင်ပျားအုံတည်ဆာက်ထားသည်ကိုလည်းကျွန်ပ်သတိပြုမိပါသည်(ပုံ ၅)။

AN 45 Bee Fig 5

ပုံ ၅။ ထိုင်းနိုင်ငံမြောက်ပိုင်းမှ ခွဲထုတ်ထားသည့်သစ်တုံးပျားအုံနမူနာ။ ရွှံ့စေးဖြင့်သစ်တုံးများ၏အစွန်းနှစ်ဘက်လုံးသို့မဟုတ် နှစ်ခြမ်းခွဲထားသည့် ကွဲကြောင်းတလျှောက်ကိုအသေပိတ်ထားသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ပျားအုံမှလိုအပ်သလို လွယ်ကူစွာဖွင့်နိုင်၍/သို့မဟုတ် လွှတ်နိုင်သည်။ ဓါတ်ပုံ-ပက်ထရစ် ထရိုင်ရယ်။

သစ်သားသေတ္တာ ပျားအုံများ      

ကျွန်ပ်သိခဲ့သောပထမဆုံးနှင့်အလွယ်ကူဆုံးလူ-လုပ်ပျားအုံမှာသစ်သားသေတ္တာပျားအုံဖြစ်သည်။ လက်ရှိချိန်ကာလ တွင်အင်ဒိုနီးရှားနိုင်ငံ၌ကျွန်ပ်တွေ့ခဲ့သည့်စနစ်နှစ်ခုထဲကတစ်ခုဖြစ်၍အရှေ့တောင်အာရှနှင့်တောင်အာရှနိုင်ငံ ဗွီဒီယို များတွင်လည်းတွေ့ခဲ့သည်။သေတ္တာပျားအုံတစ်အုံသည်လည်း၎င်း၏အမည်ကဲ့သို့ပင်အလွန်ရိုးရှင်းပါသည်-၀င်ပေါက် တွင်အပေါက်တစ်ပေါက်ဖေါက်ထားသည့်သစ်သားသေတ္တာ။ သာမန်အားဖြင့်သေတ္တာများတွင်ဖယ်ရှားနိုင်သည့်အဖုံးရှိ သည်၊သို့မဟုတ်သေတ္တာကိုနှစ်ခြမ်းခွဲနိုင်သည်။ကျွန်ပ်တွေ့ခဲ့သည့်ပျားအုံအများစုမှာတခုနှင့်တစ်ခုကပ်နေ၍၎င်းကိုပျားများမှပြုလုပ်သည့်ပရိုပိုလစ်ဖြင့်ကပ်ထားသည်။ အခြေခံအားဖြင့်ဤသေတ္တာများသည် ၁-၄လီတာ(ပမာဏ)အထိရှိ သည်။ပျားအုံ၏အမြင့်ဆုံးအရွယ်ကိုပျားအုံမျိုးစိတ်အပေါ်တွင်မူတည်၍ခွဲခြားဆုံးဖြတ်သည်မတုပ်သောပျားမျိုး စိတ်များတွင်မျိုးစိတ်တစ်ခုစီ၏အရွယ်နှင့်ပျားအုံအရွယ်သည်သိသာစွာခြားနားသည်။

အချို့ပုံစံများတို့တွင်အဖုံးနှင့်ပျားအုံကြားတွင်၎င်းတို့ကိုစောင့်ကြည့်နိုင်ရန်အတွက်ပလပ်စတစ်အကြည်ထည့်ကြ သည်။ ဤသို့ပြုလုပ်ခြင်းသည်ဖြစ်နိုင်ခြေရှိသည်၊ အဘယ်ကြောင့်ဆိုသော်ပျားများသည် ပရိုပိုလစ်များကိုပျားအုံအဖုံး တွင်ကပ်ထားမည့်အစားပလပ်စတစ်အပေါ်တွင်ကပ်ထားကြသည်၊ထိုသို့ပြုလုပ်ခြင်းကြောင့်ပရိုပိုလစ်များကိုအလွယ် တကူဖယ်ရှားနိုင်၍ပျားမွေးမြူသောသူများအနေဖြင့်လည်းပျားအုံကိုစောင့်ကြည့်ရန်အခွင့်အလမ်းရသည်။ ဤသို့ဖြင့် ပျားမွေးမြူသူများသည်မည်သည့်အချိန်တွင်သိမ်းရမည်ကိုသိနိုင်၍ပျားအုံ၏ကျန်းမာရေးနှင့်တိုးတက်မှုကိုစစ်ဆေး နိုင်သည်။

ကျွန်ပ်တွေ့ခဲ့သည့်အခြားသောပုံစံစနစ်များတွင်သစ်သားသတ္တာထဲတွင်အခန်းနှစ်ခုထည့်ထားသည်။ သေတ္တာနှစ်လုံး အားတွဲထားပြီးနောက် ထည့်ခြင်းဖြစ်သည်။ ဤစနစ်သည်အများအားဖြင့်ပျားဘုရင်မကိုတားဆည်းသည့်ပစ္စည်း(စာ စောင်တွင်အစောပိုင်းကဖေါ်ပြထားသည်)ကိုထည့်သွင်းအသုံးပြုထားသည်။ ဤတားထားသည့်ပစ္စည်းများသည် အပေါက်တစ်ပေါက်သို့မဟုတ်နှစ်ပေါက်ဖေါက်ထားသည့်သစ်သားပြားဖြစ်သည်။ဤစနစ်မျိုးသည်ပျားအုံတ၀က်ကိုအသိုက်အမြုံအားအနှောက်အယှက်မပေးဘဲယူနိုင်၍ပျားရည်သိမ်းယူသည့်အခါပျားအုံအားပျက်စီးစေမှုကိုလျော့ပါးစေသည်။အရွယ်မရောက်သေးသောပျားများပျက်စီးခြင်းကိုလည်းနည်းပါးစသည်။FAO(ဘရက်ဘဲယား၊၂၀၀၉)မှပေးထားသည့်သစ်သားသေတ္တာ ပုံစံအတွက် နောက်စာမျက်နှာတွင်ဖေါ်ပြထား သည်(ပုံ ၆)။ ဤပုံစံသည် ဖိလစ်ပိုင်နိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံရှိမက်လီပိုနီကားချားအတွက်သီးခြားဦးတည်ဆွဲထားသည့်ပုံစံဖြစ်သည်၊သို့သော်ဖိလစ်ပိုင်နိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့ကြားတွင်အချို့သောမျိုးစိတ်များအတွက်အသုံးပြုခြင်းများလည်းရှိနိုင်သည်။ဤပုံစံတွင်လေ၀င်လေထွက်အပေါက်ငယ်များပါ၀င်သည်ကျွန်ပ်အနေဖြင့်အခြားသောစနစ်များ တွင်ထိုသို့ပြုလုပ်ထားခြင်း ကိုယခု အချိန်ထိမတွေ့ဘူးသေးပါ။ ဤပုံစံသည်ကျွန်ပ်တွေ့ခဲ့သည့်သြစတြေးလီးယန်းပျား အုံများနှင့်ပုံစံအလွန်နီးစပ် သည်အဂ်လိပ်ဘာသာအားဖြင့်အကြောင်းအရာအချက်အလက်အများဆုံးရေးသားသော နေရာလည်းဖြစ်သည်။ သြစတြေး လီးယန်းအချက်အလက်များကိုအသုံးပြုရာတွင်သူတို့၏မတုပ်သောပျားများနှင့်ဂျားဗားနီး မတုပ်သောပျားများ မည် သို့ ကွာခြားသည်ကိုသေချာမသိရခြင်းသည်ကျွန်ပ်အတွက်ချီတုံချတုံဖြစ်စေပါသည်။

AN 45 Bee Fig 6

ပုံ ၆။ ဖိလစ်ပိုင်နိုင်ငံတွင်အသုံးပြုသည့်အခန်းနှစ်ခုစနစ်ပုံစံနမူနာ(ဘရက်ဘဲ၊ ၂၀၀၉)

၀ါးပျားအုံများ

ကျွန်ပ်သိသမျှပျားအုံအမျိုးအစားများတွင်၀ါးပျားအုံများသည်အရိုးရှင်းဆုံးပျားအုံမျိုးဖြစ်သည်။ ၀ါးပျားအုံများကိုအ ခြေခံအားဖြင့်သာမာန်သေတ္တာပျားအုံများနှင့်နှုင်းယှဥ်နိုင်ပါသည်။ဤပျားအုံမျိုးကို၀ါးလုံးများအားအရှည်လိုက်နှစ်ခြမ်း ခွဲ၍တခြမ်းတွင်အပေါက်ငယ်တစ်ပေါက်ထားပါသည်၊အလွန်ရိုးရှင်းပါသည်(ပုံ၇)။ပျားအုံကိုအထဲတွင်ထား၍၀ါးခြမ်း နှစ်ခြမ်းကို၀ါယာသို့မဟုတ်ပရိုပိုလစ်အပိုများဖြင့်ပူး၍ချီထားပါသည်။ဤပျားအုံမျိုးမှသိမ်းယူသည့်အခါအလွန်အန္တာ ရယ်ဖြစ်စေ၍ပျားအုံတခုလုံးတွင်ပျက်စီးမှုမလွဲမသွေဖြစ်နိုင်သည်၊သို့သော်ဤနည်းမှာစျေးနှုန်းအသက်သာဆုံးနှင့်လုပ်သားများအနေဖြင့်ကျွမ်းကျင်စွာပြုလုပ်နိုင်သည့်ပျားအုံမျိုးဖြစ်သည်။

AN 45 Bee Fig 7

ပုံ ၇။ ၀ါးများကိုခြမ်း၍ပြုလုပ်ထားသည့်၀ါးပျားအုံများ၊ အခြေခံအကျဆုံးသောပုံစံအချို့

အုံးသီးခွံ ပျားအုံများ

အုံးသီးအခွံများကိုအသုံးပြု၍ပျားအုံပြုလုပ်ခြင်းနှင့်ပတ်သက်၍အခြေခံကျသည်ပုံစံနှစ်မျိုးကိုကျွန်ပ်သိပါသည်(အခွံကိုဖယ်ထားခြင်း)။ နည်းလမ်းတစ်ခုမှာပျားအုံအ၀င်ပေါက်အတွက်အုန်းသီးတစ်လုံးကိုအသုံးပြုခြင်းဖြစ်သည်။ ဤ ပျားအုံစနစ်မျိုးသည်ရှေးအကျဆုံးသောလူ-လုပ်ပျားအုံများဖြစ်သည်၊ သို့သော် ပျားရည်ကိုရယူရန်အတွက်ပျားအုံ အားလုံးနီးပါးကိုဖျက်ရန်လိုအပ်ခြင်းအပါအ၀င်ပြဿနာအမျိုးမျိုးရှိပါသည်၊ ၎င်းသည်သီးခြားမျိုးစိတ်တချို့အတွက် သာသင်လျော်သည်၊ အဘယ်ကြောင့်ဆိုသော်အုန်းခွံ၏အတွင်းဘက်သည် ပမာဏအားဖြင့်သေးငယ်သောကြောင့် ဖြစ်သည်။ သို့သော်ဤစနစ်ကိုညှိယူနိုင်ပါသည်၊ ဤအကြောင်းကိုအောက် ပါစာပိုဒ်တွင်ဆွေးနွေးပါမည်။

ကျွန်ပ်သိသောအုံးသီးခွံကိုအသုံးပြုသည့်နောက်စနစ်တစ်ခုမှာဖိလစ်ပိုင်နိုင်ငံတွင်ကျင့်သုံးသည့်စနစ်ဖြစ်သည်။ ထိုဒေ သတွင်အုံးသီးများကိုပျားရည် စူပါအဖြစ်အသုံးပြုကြသည်၎င်းကိုပျားအုံတွင်ပျားရည်သိုလှောင်သည့်နေရာအဖြစ် ပြုလုပ်သည်။ ထိုသို့ပြုလုပ်ရန်အတွက်အုံးသီးခွံကိုရှိပြီးသား ပျားအုံအရိုင်းနှင့်တွဲထားနိုင်သည်၊ သို့မဟုတ် အုံးသီး ပျားအုံပြုလုပ်ရန် ပျားရည်စူပါအဖြစ်အသုံးပြုနိုင်သည်။ ဤစနစ်မျိုးသည်လည်းလုပ်သားများကျွမ်းကျင်စွာဆောက် လုပ်နိုင်၍အပူပိုင်းဒေသတလျှောက် အမြောက်အများ တွေ့ရ သည်စွန့်ပစ်ပစ္စည်းများ ကိုအသုံးချခြင်းလည်းဖြစ်သည်။ အုံးသီးခွံများ၏အကျိုးကျေးဇူးမှာပုပ်သိုးရန်မ လွယ်ခြင်းဖြစ်၍ပျားအုံများရည်ရှည်တည်ရှိနိုင်ရန်အထောက်အကူ ဖြစ်စေသည်။

ပီဗွီစီ ပျားအုံများ

ကျွန်ပ်တို့သည် သဘာ၀နှင့်စျေးနှုန်းချိုသာသောပစ္စည်းများကိုအသုံးပြုသည့်ပျားအုံစနစ်များကိုသာအများအားဖြင့် တွေ့ရသည်။ အောက်ဖေါ်ပြပါစနစ်ကို မတ်ဟူစရီး ပျားရည် စခန်း ဟုသိကြသောအိန္ဒိယနိုင်ငံ ကယ်ရာလာ တွင်ရှိ သည့်လယ်ယာတစ်ခုမှပြုလုပ်ခဲ့ခြင်းဖြစ်သည်။ဤစနစ်ကိုစျေးနှုန်းသက်သာ၍သဘာ၀ပစ္စည်းများဖြင့်လုပ်ထားခြင်းမဟုတ်ပါ၊ ၎င်းကိုအဆင်သင့်ရနိုင်သော၊ကြာရှည်ခံသည့်ပစ္စည်းဖြစ်၍စျေးနှုန်းဆီလျော်မှုရှိသည့်ပစ္စည်းမှပြုလုပ်သည်။ ဤပျားအုံအတွက်လိုအပ်သည့်အပိုင်းများကိုပိုက်ပြင်လုပ်ငန်းအတွက်ပစ္စည်းရောင်းချသည့်ဆိုင်များတွင်ရရှိနိုင်သည်။

ဤပျားအုံ၏အကျိုးကျေးဇူးများတွင်ကြာရှည်ခံခြင်းနှင့်ပျားအုံသက်တမ်းရှည်ခြင်းသာမဟုတ်ဘဲအသင့်ထုတ်လုပ်ပြီးအစိတ်အပိုင်းများကိုအသုံးပြု၍၀ယ်သူများစိတ်ကြိုက်လုပ်ပေးနိုင်ခြင်းဖြစ်သည်။ မကြာခင်အချိန်တွင်ဆွေးနွေးမည့် စနစ်သည်လျှင်မြန်လွယ်ကူ၍ပျားများအားဖိစီးမှုနှင့်ပျားအုံပျက်စီးမှုအနည်းဆုံးဖြင့်ပျားရည်များကိုသိမ်းယူနိုင်သော စနစ်ဖြစ်သည်။ ဤပျားအုံ၏အခြားသောအဓိကအကျိုးကျေးဇူးမှာ၎င်းတို့ကိုနေရာအမျိုးမျိုးတွင် ချိတ်ဆွဲထားနိုင်ခြင်း ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့်ပျားအုံများကိုကျူးကျော်ဖျက်ဆီးသူများမှ ကာကွယ်ရန်အထောက်အကူဖြစ်စေ၍ ၎င်းတို့ကိုအဆောက်အဦ၊ သစ်ပင်အစရှိသည့်နေရာများတွင်ချိတ်ဆွဲနိုင်သဖြင့်နေရာအမျိုးမျိုးကိုအသုံးပြုနိုင်သည့် အခွင့်အလမ်းရှိသည်။ အိန္ဒိယနိုင်ငံ၊ ကာရာလာတွင်အသုံးပြုသည့်ပျားမျိုးစိတ်တစ်မျိုး ထက်မကအသုံးပြုနိုင်သည့် ဤစနစ်သည်ဂျားဗားတွင်ရှိသည့်ပျားများအတွက်လည်းဆီလျော်မှုရှိမည်ဟုမျှော်လင့်ပါသည်အနည်းဆုံးအင်ဒိုနီး ရှားနိုင်ငံနှင့်မျိုးစိတ်တစ်မျိုးတူညီလျက်ရှိသည်။

အောက်တွင်ဖေါ်ပြထားသည့်ပုံအားလုံးကိုယူကျုချယ်နယ်တွင်တွေ့ ရ သည့် Work With Nature regarding Madhusree Honey Farm and their specific PVC hive system—invented by the founder of the farm (Binu, 2016)” မှပေးသောပုံများဖြစ်ပါသည်။

AN 45 Bee Fig 8.1

ပုံ ၈။ (၁) ကျွန်ပ်တို့သည် ပီဗွီစီပိုက်နမူနာကိုတွေ့ပါသည်။ အနက်ရောင်ပိုက်ကိုပျားအုံအောက်ဘက်သုံးပုံမှပေါင်းစည်း ထားသည့်နေရာသည်ပျားအုံအ၀င်ပေါက်ဖြစ်သည်။ (၂) ပျားအုံကို၎င်း၏အောက်ပိုင်းအခန်းအပွင့်ဖြင့်ပြထားသည်။ ဤအခန်းကိုပျားဘုရင်မနှင့်ပိုးလောင်းများနေထိုင်သည့်အသိုက်အမြုံအဖြစ်အသုံးပြုရန်ဖြစ်သည်။ ပျားကိုကိုပြောင်း သည့်အခါသင်သည်အသိုက်အမြုံနှင့်ပိုလန်ကိုဤအခန်းထဲသို့ပြောင်းရမည်။ (၃) ပျားရည် စူပါကိုဖယ်ရှားရန်ပျားအုံကို အပြင်အခွံမှတွေ့ရသည်။(၄)ကျွန်ပ်တို့သည်အသိုက်အမြုံအခန်းနှင့်ပျားရည်စူပါတွင်ရှိသည့်ပျားဘုရင်မအားတား ဆည်းသည့်ပစ္စည်းနမူနာကိုတွေ့ရသည်။(၅)ပျားရည်ကိုသိမ်းယူရန်အတွက်ပျားရည်စူပါကိုအတွင်းဖွဲ့စည်းပုံမှမည်သို့ ဖယ်ထုတ်သည်ကိုတွေ့သည်။(၆)ကျွန်ပ်တို့သည်တွဲလောင်းကျနေသည့်ပီဗွီစီပျားအုံမှပျားရည်နှင့်ပရိုပိုလစ်များကိုယူ ရန်အတွက်ဖယ်ရှားသည့်ပြည့်နေသည့် ပျားရည် စူပါနမူနာကိုတွေ့ရသည် (ဘီနု၊  ၂၀၁၆)။

AN 45 Bee Fig 8.456

ပုရွက်ဆိတ် ထိန်းချုပ်ခြင်း

ဤစာတမ်း၏နောက်ဆုံးအကြောင်းအရာမှာပုရွက်ဆိတ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်သည့်ဆွေးနွေးချက်အတိုဖြစ်ပါ မည်။ ယခင်ကပြောခဲ့သည့်အတိုင်းပျားအုံတစ်ခုကိုမကြာမီကခွဲလိုက်ခြင်း၊ ရွှေ့ခြင်းသို့မဟုတ်သိမ်းယူခြင်းပြုလုပ် သောအခါပျားများသည်၊အချိန်အကန့်အသတ်တစ်ခုအတွင်း၊ပုရွက်ဆိတ်များ၏တိုက်ခိုက်မှုကိုခံရနိုင်သည်။“ကျုံး”ပုံစံအမျိုးမျိုးမှတဆင့်ပုရွတ်ဆိတ်များမှကာကွယ်သည့်အခြေခံစနစ်များစွာရှိပါသည်-ဤအရာသည်လက်တွေ့အကျ ဆုံးဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော်ပုရွက်ဆိတ်များသည်ရေကဲ့သို့သောအရည်သို့မဟုတ်ဆီကိုဖြတ်ကျော်၍သွား မည်မဟုတ်သောကြောင့်ဖြစ်သည်။ သင့်ထံတွင်စားပွဲသို့မဟုတ်”ခြေထောက်များ”ပါသည့်သေးငယ်သည့်အရာတစ်ခု ခုရှိပါကအဖြေမှာအလွန်ရိုးရှင်းပါသည်- ခြေထောက်တစ်ဘက်စီသို့မဟုတ်တိုင်တစ်ခုကိုကော်ဖီဘူးကဲ့သို့သော အရာ တစ်ခုခု(သို့မဟုတ် သေတ္တာ)အထဲသို့ထည့်၍ထိုဗူးကိုရေသို့မဟုတ်ဆီဖြည့်ပါ။ ခြေထောက်သို့မဟုတ်တိုင်သည်ဗူး၏ နံဘေးများနှင့်မထိအောင်ထားရမည်။

တွဲလောင်းဆွဲထားသည့်ပျားအုံမျိုုးတွင် ထုပ်တိုင်နှင့်တွဲထားသည့်ကြိုးသို့မဟုတ်၀ါယာကြိုးများအတွက် တနည်းတ ဖုံပြုပြင်ဆောင်ရွက်ရမည်။ ဤသို့ပြုပြင်ရာတွင်ထိုပစ္စည်း၌ရေထိမ်းနိုင်ရန်လိုအပ်သည်။ ပုရွက်ဆိတ်များတိုက် ခိုက် သည့်ရန်မှကာကွယ်ရန်ရွေးချယ်နိုင်သည့်နည်းလမ်းများတွင်စေးကပ်သည့်အရာသို့မဟုတ်ချောသည့်အရာများကိုပျားရည်စူပါအိမ်၏အထက်ပတ်ပတ်လည်သို့မဟုတ်ကြိုး/၀ါယာပတ်ပတ်လည်တွင်သုတ်ထားခြင်းနည်းများအပါအ၀င် ဖြစ်သည်။၎င်းတို့တွင်ခေါင်းလိမ်းဆီသို့မဟုတ်ယင်ကောင်ကပ်သည့်စာရွက်ပါ၀င်နိုင်သည်။တွဲလောင်းဆွဲထားသည့်ပျားအုံအတွက် နောက်ဆုံးအကြံပြုချက်မှာငါးမျှားသောကြိုးဖြင့်ချိတ်ရန်ဖြစ်သည်။ ငါးမျှားသောကြိုးများကို ပုရွက် ဆိတ်များဆုပ်ကိုင်ရန်ခက်ခဲ၍ပျားအုံကိုကာကွယ်ရာတွင်အကူအညီဖြစ်နိုင်သည်။ ကြိုးသည်ပျားအုံ၏အလေးချိန်ကို နိုင်လောက်အောင်ထူရပါမည်။

မှီငြမ်းချက်များ    Resources

Aziz, M.S.A., Giribabu N, Rao P.V., Salleh N. 2017. Pancreatoprotective effects of Geniotrigona thoracica stingless bee honey in streptozotocin-nicotinamide-induced male diabetic rats. Pubmed. https://www.ncbi.nlm.nih.gov/pubmed/28222394

Binu, P.T. 2016. Stingless Bees/Meliponiculture Part 1 – Designing the Beehives and Getting the Honey! Work With Nature. Nov. 13, 2016. https://www.youtube.com/watch?v=Av43ZiQP1UQ&list=PLhAXjvNqBVlOCeJ8sr8n_bK0nOYAQzOv&index=1+14

Binu, P.T. 2016. Stingless Bees/Meliponiculture Part 2 - Getting Bees out from a Wall! Including the Queen! Work With Nature. Nov. 20. 2016. https://www.youtube.com/watch?v=EvbnWpLWFFQ

Bradbear, N. 2009. Bees and their role in forest livelihoods. A guide to the services provided by bees and the sustainable harvesting, processing, and marketing of their products. Chapter 6: Meliponiculture of Stingless Bees. Foof & Agriculture Organization of the United Nations. http://www.fao.org/3/i0842e/i0842e00.pdf

Rasmussen, C. 2008. Catalog of the Indo-Malayan/Australasian stingless bees (Hymenoptera: Apidae: Meliponini). Zootaxa 1935. https://www.researchgate.net/publication/271214026_Catalog_of_the_Indo-MalayanAustralasian_stingless_bees_Hymenoptera_Apidae_Meliponini

Pangestika, N.W., Atmowidi, T., and Kahono, S. 2017. Pollen load and flower constancy of three species of stingless bees (Hymenoptera, Apidae, Meliponinae). Tropical Life Sciences Research 28(2):179–187. doi: 10.21315/tlsr2017.28.2.13