By: တယ်ရီ စတတ်တန် မှရေးသားသည်။ အမျိုးသားများတက္ကသိုလ် (University of the Nations), Youth with a Mission (YWAM), ဟာ၀ါယီ၊ ယူအက်စ်အေ


[အယ်ဒီတာမှတ်ချက်-ဤဆောင်းပါးတွင်ပါ၀င်သည့်အချက်အလက်များအား အိုလိုမားနား ဂါးတင်း ဟာ၀ါရီ (Olomana Gardens Hawaii) မှ ဂလင်း မာထီးနက်(ဇ)(Glenn Martinez)၏ဆန်းသစ်တီထွင်မှုများမှ၊ သူ၏ ခွင့်ပြုချက်အရ၊လိုက်လျောညီထွေစွာပြန်လည်ရေးသားထားပါသည်။ဤဆောင်းပါးကိုရေးသားသောသူ တယ်ရီ စတတ်တန်နှင့်အတူသူ၏ဇနီးစင်ဒီနှင့်သိပ္ပံနှင့်နည်းပညာဌာနမှူး ဗာနွန် ဘတ်တို့သည်နိုင်ငံတော်အမျိုးသားတက္က သိုလ်၊ ဟာ၀ါယီ(University of the Nations, Hawaii )တွင်အချိန်ပြည့်စေတနာ့၀န်ထမ်းအဖြစ်ပါ ၀င်ဆောင် ရွက် ကြသည်။ဤအဖွဲ့သည်ကျောင်း၀င်းရှိသဘာ၀လယ်ယာသင်တန်းစင်တာတွင်အတွေ့အကြုံရှစ်နှစ် ထက် မကရှိကြ သည်။၎င်းတွင်အဆောက်အဦ၊လုပ်ငန်းလည်ပတ်မှု၊အသေးစားမှအလတ်စား အာကွေပိုးနစ်စ နစ်များ (အာကွေ ပိုးနစ်စနစ် = ရေစည်/ကန်များတွင် အပများနှင့်ငါးများကို တပါးတည်းမွေးမြူသည့်အစာ ထုတ်လုပ်သော စနစ်)နှင့်ရေကိုလေဖြင့်ပင့်တသည့်စနစ်များဖွဲ့စည်းတည်ဆောက်မှုများကိုဟာ၀ါရီအတွင်းနှင့်အပြည်ပြည်ဆိုင်ရာလူထုဖွံ့ဖြိုးမှု၀န်းကျင်တွင်သင်ကြားပေးခြင်းများပါ၀င်သည်။ အောက်ပါဆောင်းပါးသည်လေဖြင့်တင် သည့်ရေစုပ်စက် (ပန့်)၏သဘောတရားကိုမိတ်ဆက်ပေးရန်နှင့်အခြေခံပုံစံ (ဒီဇိုင်း)တည်ဆောက်မှု၏ အခြေခံ ခြုံငြုံသုံးသပ်ချက်များပေးရန်ဖြစ်သည်။ထပ်ဆောင်းအချက်အလက်ရင်းမြစ်များကိုထည့်ထားပါသည်။ နောက်ထပ်မေးလိုသော မေးခွန်းများကို တယ်ရီ စတတ်တန် t.stratton@uofnkona.edu. သို့ရည်ညွှန်း၍ မေးမြန်းနိုင်ပါသည်။]
AN 44 Fig1

ပုံ ၁။ သဘာ၀ လယ်ယာသင်တန်း စင်တာနိုင်ငံတော်တက္ကသိုလ်၊ဟာ၀ါရီတွင်ရှိသော“လေဖြင့်ပင့်တင်” သည့်ရေစုပ်စက်(ပန့်)အပေါ်တွင် ဖွဲ့စည်းတည်ဆောက်ထားသည့် အာကွေပိုးနစ်စနစ်(ရေစည်/ကန် များတွင်အပင်များနှင့်ငါးများကို တပါးတည်းမွေးမြူသည့်အစာ ထုတ်လုပ်သောစနစ်)

နိဒါန်း

ရေစုပ်စက်(ပန့်)များသည် အသေးစားလယ်ယာလုပ်ငန်းများအတွက်အဓိကကျသောအစိတ်အပိုင်းတစ်ခုဖြစ်၍ လက်တွေ့အားဖြင့်အမျိုးမျိုးအသုံးပြုနိုင်သည့်တန်ဖိုးရှိသောလုပ်အား-ကုန်ကျမှုနဲစေသည့်ကရိယာတစ်ခုဖြစ် သည်။ မတူညီသောရေစုပ်စက်(ပန့် )အမျိုးအစားအမျိုးမျိုးတို့ကို ပုံမှန်အားဖြင့်ရေသိုလှောင်ရန်နှင့်ရေစစ်ရန်၊ ရေသွင်းစိုက်ပျိုးရန်၊ အကွေကားချားစနစ်များ(ရေတွင်ငါးသို့မဟုတ်အပင်များအား စားသုံးရန်စိုက်ပျိုးသည့်စနစ်) နှင့် အခြားသောအရာများစွာတို့တွင်အသုံးပြုသည်။ အဆင်ပြေ၍အသုံး၀င်သည့် ဤရေစုပ်စက်များတွင်လည်း ကုန်ကျစရိတ်ရှိပါသည် - ရွေ့လျား သည့်အပိုင်းများကိုပုံမှန်ထိန်းသိမ်းရန်အတွက်စွမ်းအင်လိုအပ်မှုရှိနေပါသည်။   သို့သော်တိုးတက်နေသည့် ဆီလျော်မှုရှိသောရေစုပ်စက်နည်းပညာများသည် ငွေကိုချွေတာစေခြင်း၊ ယုံကြည် စိတ်ချရခြင်း၊ ကရိယာများ၏သက်တမ်းကိုပို၍ ရှည်စေခြင်းနှင့် ဤဆောင်းပါးတွင်ဖေါ်ပြသွားမည့်အကျိုးသက် ရောက်မှုများကိုရွေးချယ်စရာများအနေဖြင့်ရွေးချယ်အသုံးပြုနိုင်သည်။

 

လေဖြင့်ပင့်တင်သည့်ရေစုပ်စက်(ပန့်)ဟူသည်အဘယ်နည်း

သမရိုးကျရေစုပ်စက်တစ်ခုသည် စက်ပိုင်းဆိုင်ရာလည်ပတ်မှုကို ဖိအားတိုက်ရိုက်ပေးရန်နှင့်ရေလှုပ်ရှား စေရန်  အသုံးပြုသည်။ ဆန့်ကျင်ဘက်အနေဖြင့် လေဖြင့်ပင့်တင်သည့် ရေစုပ်စက်(ပန့်)များမှာမူသိပ်သည်း၍ ပို၍ပေါ့ သည့် လေကိုရေစုပ်ယူ(ပင့်တင်)ရန်အသုံးပြုသည်။   မကြာမီအချိန်အထိ လေဖြင့်ပင့်တင်သည့် ရေစုပ်စက်များ သည် ရေ ၁၀ - ၁၂ စမ တင်ရန်သာသင့်လျော်သည်၊ သို့သော်ထိုစဥ်ကပင် ဟာ၀ါယီမှ ဂလင်း မာထီးနက်(ဇ) သည် အပြည်ပြည်ဆိုင်ရာလူထုအဖွဲ့အစည်းများအား လွယ်ကူစွာ-တည်ဆောက်နိုင်သည့်ပုံစံမျိုးဖြင့် ရေ ၂ မှ ၃မီတာအ မြင့်အထိတင်နိုင်သည့်ပုံစံမျိုးကိုမျှ၀ေခဲ့ပြီးဖြစ်သည်။ ဤလေဖြင့်ပင့်တင်သည့်ပုံစံများသည်အချို့သော ဖွဲ့စည်းမှု များတွင်ရေများကိုပို၍မြင့်စွာတင်နိုင်၍မြေအောက်ရှိ တွင်း မှ ၃၀ မီတာအထိတင်နိုင်သည်။ ဤစာစောင်သည် သူ၏အခြေခံကျသည့်ဖွဲ့စည်းမှုများထဲမှတစ်ခုကိုသာ ဦးတည်ဖေါ်ပြသွားမည်ဖြစ်သည်၊ ၎င်းကို လေဖြင့်ပင့်တင် သည့်“ပိုက်-အတွင်းရှိ-ပိုက်တစ်ခု”ရေစုပ်စက်(ပန့်) ဟုရည်ညွှန်းသည်။ ဤအစိတ်အပိုင်းဖွဲ့စည်းပုံကိုအများအား ဖြင့်မည်သည့်နေရာတွင်မဆို တနာရီလျှင် အမြင့် ၁မီတာမှ ၄ မီတာသို့ ရေလီတာ ၄၀၀ မှ လီတာ ၂၀၀၀တင်ရန် အသုံးပြုသည်- အလွန်ကျယ်ပြန့်သည့်စနစ်များ၏အခင်းအကျင်းအမျိုး မျိုးတို့အတွက်အလွန်အသုံး၀င်သည့် နည်းပညာတစ်ခုအဖြစ်တည်ရှိနေသည်။စာဖတ်သူများသတိပြုမိသည့်အတိုင်းဤနည်းပညာသည်အာကွေပေါနစ် စနစ်များ(ရေစည်/ကန်များတွင်အပင်များနှင့်ငါးများကိုတပါးတည်းမွေးမြူသည့်အစာထုတ်လုပ်သောစနစ်)အတွက် အထူးအကျိုးဖြစ်စေ၍ ဤသီးခြားဒီဇိုင်းများကို အသုံးပြုရန်ရည် ရွယ်ပါသည်။

Burmese AN 44 Airlift Pump Figure 2

ပုံ ၂။ မာထီးနက်(ဇ) နမူနာဖြစ်သည့် လေဖြင့်ပင့်တင်သည့်ရေစုပ်စက်(ပန့်)ဖွဲ့စည်းတည်ဆောက်ပုံ “ပိုက်-အတွင်းရှိ-ပိုက်တစ်ခု” ပုံစံ၏သတ်မှတ်ချက်များ

လေဖြင့်ပင့်တင်သည့်ရေစုတ်စက်ဖြစ်သည့် “ပိုက်-အတွင်း ရှိ-ပိုက်တစ်ခု” ကို ရေအောက်တွင် လေဖြည့်ပေးခြင်း  ၏ အားသာချက်မှာမျက်နှာပြင်သို့တက်လာသည့်အခါ အနက်၁ မီတာမှစ၍ ပမာဏအားဖြင့်၁၀%အထိတိုးလာ၍ ပူဖေါင်း/ပလုံစီအဖြစ်ကျယ်ပြန့်လာခြင်းဖြစ်သည်။သေးငယ်သည့်အချင်းရှိသည့် ပိုက်တခုတွင် ပူဖေါင်း/ပလုံ စီများအား ဒေါင်လိုက် ကန့်ထားခြင်းအားဖြင့် ဤပူဖေါင်း/ပလုံစီ များသည်ပြွန်ကျပ်(ပစ္စတင်)သို့မဟုတ်ဆေးထိုး ပြွန်အတွင်းရှိပြွတ်တန်ကဲ့သို့အလုပ်လုပ်၍ သူတို့အပေါ်သို့မြင့်တက်လာသည်နှင့်အမျှရေများကိုလည်းမြှင့်တင်ကြ သည်။ နည်းပညာရေးသားချက် များတွင် ရူပဗေဒဆိုင်ရာပါ၀င်မှုများစွာရှိနေမည်၊ သို့သော် အဓိကထိရောက်မှုမှာ အရှိန်ပြင်း၍အပေါ် သို့တက် သည့်ရေစီးကြောင်းနှင့်လေဖြစ်သည်။ မာထီးနက်(ဇ)၏ဒီဇိုင်းသည်လုပ်ငန်း သဘော တရားအရ ပို၍ကျယ်သည့်ပူဖေါင်းများသည်သိပ်သည်း၍သေးငယ်သည့် ပူဖေါင်းများထက်ရေကိုပင့်တင်ရာ တွင် ပို၍ထိရောက်မှုရှိသည်ကိုတွေ့ရသည်။

ဆန်းသစ်တီထွင်မှုနောက်ကွယ်ဖြစ်စဥ်

လေဖြင့်ပင့်တင်သည့်ရေစုပ်စက်“ပိုက်-အတွင်းရှိ-ပိုက်တစ်ခု”ဖွဲ့စည်းတီထွင်ခဲ့သော ဂလင်း မာထီးနက်(ဇ) သည် ဟာ၀ါယီတွင်ရှိသောအိုလိုမာနာ ဂါးဒင်းစိုက်ပျိုးမွေးမြူရေး အာကွေပေါနစ် စနစ်များ(ရေစည်/ကန်များတွင် အပင် များနှင့် ငါးများကိုတပါးတည်းမွေးမြူသည့် အစာထုတ်လုပ်သော စနစ်)နှင့်ပတ်သက်၍ ပြည်တွင်းတွင်သာမက အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင်ပါ သင်ကြားခြင်း၊ ဒီဇိုင်းရေးဆွဲနှင့် အဆောက် အဦဆောက် ခြင်းများတွင်နှစ်ပေါင်းများစွာပါ၀င်လုပ်ဆောင်ခဲ့သူဖြစ်သည်။အာကွေပေါနစ်ဒီဇိုင်းများနှင့်ပတ်သက်၍ အကြံပေး ပညာရှင်အဖြစ်လည်းပုံမှန်ဆောင်ရွက်လျက်ရှိသည်၊ နှစ်ပေါင်းများစွာကမူ သူသည်လျှပ်စစ်ဓါတ်အား ထုတ်ရန် စျေးကြီးသည့်နေရာတွင်ရှိသောကျောင်းတစ်ကျောင်းအတွက်အာကွေပေါနစ်စနစ်တစ်ခုကိုပုံစံရေးဆွဲပေးခဲ့သည်။ စနစ်အားအကုန်အကျပိုမိုသက်သာစေရန် သူသည်ရေကိုငါးကန်များမှအာကွေပေါနစ်စိုက်ခင်းများသို့ တီထွင် ကြံဆထားသည့်လေပန့်စနစ်ကိုတည်ထွင်(သို့မဟုတ်-ဂလင်း၏အဆိုအရ“ပြန်လည်ရှာဖွေတွေ့ရှိခြင်း”)ခဲ့သည်။ ကျောင်း၀င်းကိုကန့်လန့်ဖြတ်၍နက်သောမြောင်းများကိုတူးကာလျှပ်စစ်ပြွန်မကြီးများကိုပြုလုပ်မည့်အစား ကျောင်းသားများလျှင်မြန်စွာတူးနိုင်သည့်လေပိုက်အတွက်မြောင်းငယ်တခုသာလိုသည်။ ထိုမြောင်းငယ်တွင် ပီဗွီစီ ၁ လက္မ ပိုက်ကိုတပ်ဆင်၍စာသင်ခန်းတွင်သော့ခတ်ထားနိုင်သည့်အသေးစား ၆၀၀ပ် လေကွန်ပရက်စာနှင့် ဆက်သွယ်နိုင်သည်။ ထွက်ပေါ်လာသည့်ရလဒ်အရ ဂလင်း တီထွင်သည့်လေဖြင့်ပင့် တင်သည်ရေစုစုပ်စက် (ပန့်)သည် အာကွေပေါနစ်စနစ်များနှင့် ရေပင့်တင်ရန်အတွက် စျေးသက်သာ၍ယုံကြည်အားထားရသည့်နည်း များကိုလိုအပ်နေသည့်အခြေအနေများတွင် အားသာချက်တစ်ခုထက်မကရှိသည်ကိုတွေ့ရသည်။

 

လေဖြင့်ပင့်တင်သည့်ရေစုစုပ်စက်(ပန့်)များ၏အကျိုးကျေးဇူးများ

လုံခြုံစိတ်ချရမှု

အထက်ပါဖြစ်စဥ်တွင်ရုပ်ပုံဖြင့်ဖေါ်ထားသည့်အတိုင်း  သမားရိုးကျရေစုပ်စက်များတွင်လျှပ်စစ်ဓါတ်အား သည် ရေရင်းမြစ်အနားတွင်ရှိရန်လိုအပ်သည်။ ကျွန်ပ်တို့အားလုံးသိရှိထားသည့်အတိုင်းလျှပ် စစ်ဓါတ်အားနှင့်ရေ သည် အန္တရာယ်ရှိသည့်ပေါင်းစပ်မှုတစ်ခုဖြစ်သည်၊အထူးသဖြင့်ကလေးများရှိနေ သည့်အချိန်တွင်ဖြစ်သည်။ ရေအ တွင်း၌လျှပ်စစ်ဓါတ်အားရှိနေသည့်အချိန်တွင်လုံခြုံမှုနှင့်ပတ်သက်၍မည်သည့်အခြေအနေမျိုးတွင်မဆို အထူး ဂရုစိုက် ကြပ်မတ်ရန်လိုအပ်ပါသည်။ The Times of India စာစောင်မှနေ့စဥ်လူပေါင်း၃၀မျှဓါတ်လိုက်သေဆုံး သည်ဟု ဖေါ် ပြထားပါသည်။ မကြာမီအချိန်က ဖိလစ်ပိုင်နိုင်ငံရှိကျွန်ပ်တို့၏ စီမံကိန်းတွင်အချိန် ပိုင်း၀န်ထမ်း တစ်ဦးသည် သမားရိုးကျရေစက်မှနှစ်ကြိမ်ဓါတ်လိုက်ခံရပြီးနောက်ကျွန်ပ်တို့အားအကြံဥာဏ် တောင်းလာ ပါသည်၊သူသည်လျှပ်စစ်ပစ္စည်းများနှင့်အကျွမ်းတ၀င်မရှိပါ၊ခြောက်သွေ့သောရာသီတွင်ခြောက်သွေ့တတ်သည့်လျှပ်စစ် ပစ္စည်း နှင့်ပလပ်ပေါက် ဆက်သွယ်ရန်ကြိုးများကိုမည်သို့ စီစဥ်ဆောင်ရွက်ရမည်ကို လည်းမသိပါ။ လျှပ်စီးပတ်လမ်းကြောင်းတွင် လျှပ်စစ်အားကိုဖြတ်တောက်ပေးသည့် ကရိယာ (Ground fault interrupt (GFI)များရနိုင်ပါက အန္တရာယ် ရင်းမြစ်ကိုလျော့ပါးစေသည်။ သို့သော် အဆင်မပြေသည့်အချိန်တွင်စီးဆင်း တတ်၍လစဥ်စမ်းသပ်မှုပြုလုပ်ရန်လိုအပ်သည်။အခြားသောနည်းလမ်းတစ်ခုအနေဖြင့်လေဖြင့်ပင့်တင်သည့်ရေစုပ်စက်အတွက်အသုံးပြုသည့်ကွန်ပရက်ဆာကိုရေနှင့်၀ေးသည့်စိတ်ချရသည့်နေရာတွင်ထားနိုင်သည်၊ထိုအခါ တွင် ဖြစ်ပေါ်နိုင်ခြေရှိသည့် အန္တရာယ်ကိုလျော့နည်းစေ၍ထိခိုက်မှုကိုသိသာစွာလျော့သွား စေသည်။ ရပ်ရွာလူထု ၀ န်ထမ်းများအတွက်လေဖြင့် ပင့်တင်သည့်ပန့်များကိုအသုံးပြုခြင်းဖြင့် လုံခြုံစိတ်ချ ရမှုဆိုင်ရာအသိပေးခြင်းများ ပြုလုပ်ရာတွင်ကျိုးများစွာရှိပါသည်။

 

လေဖြင့်ပင့်တင်သည့်ရေစုပ်တ်စက်များ(ပန့်များ)

 

အားသာချက်များ

 

  • လုံခြုံမှုတိုးတက်စေသည် - လျှပ်စစ်ဆိုင်ရာ အစိတ် အပိုင်းများကို ရေအရင်းအမြစ်နှင့် ခွဲခြားထားသည်
  • ရေတွင်လေပေါင်းထည့်ပေးခြင်း - အာကွေကားချား/ အာကွေပေါနစ် စနစ်များအတွက်အထူး အသုံး၀င် သည်
  • ပြုပြင်ထိန်းသိမ်းမှုအနည်းငယ်သာလိုအပ်ခြင်း - ရွေ့လျားမှုမရှိခြင်း သို့မဟုတ် စက်ပိုင်းဆိုင်ရာ အပိုင်းများမရှိခြင်း
  • ပိတ်ဆို့မှုမရှိခြင်း- အနည်များနှင့်အစိုင်အခဲများအားရေဖြင့်အဆက်မပြတ်                        ပင့်တင်နိုင်ခြင်း
  • ရေစည်များကိုရှင်းလင်းနိုင်ခြင်း - အနည်များနှင့်အစိုင် အခဲများအား ရေဖြင့်အဆက်မပြတ်ပင့်တင်နိုင် ခြင်း
  • စွမ်းအင်ချွေတာနိုင်သောအလားအလာ - လေဖြင့် ဖိသိပ်သောစက်(လေ ကွန်ပရက်စာ(air compressor) ကိုမောင်းနှင်ရန်မှာ စက်ပိုင်း ဆိုင်ရာ ရေစုတ်စက်ကို မောင်းနှင်ရန်ထက်ပို၍ အကုန်အကျသက်သာသည်
  • လေဖြင့်ဖိသိပ်သောစက်(လေ ကွန်ပရက်စာ(air compressor ) တည်နေရာ - ရေရင်းမြစ်နှင့်၀ေးကွာ သည့်နေရာတွင် မောင်းနှင်နိုင်သည် (ခိုးမှုများနှင့်/သို့မဟုတ် ရာသီဥတု ဒါဏ်ခံရခြင်းတို့ကို လျော့နည်းစေ သည်)

ရေတွင်လေပေါင်းထည့်ပေးခြင်း(ရေတွင်အောက်ဆီဂျင်ပြည့်၀လာစေခြင်း/ထိန်းထားခြင်း)

လေဖြင့်ပင့်တင်သည့်ရေစုပ်စက်၏ကြီးမားသောအားသာချက်များထဲမှတစ်ခုမှာ ရေကိုပင့်တင်သည့်အချိန်တွင် ရေတွင်လေပေါင်းထည့်ပေးနိုင်သည့်(ရေတွင်အောက်ဆီဂျင်ပြည့်၀လာစေခြင်း/ထိန်းထားခြင်း)၎င်း၏အရည်အချင်းဖြစ်သည်။ ဤသို့ဖြစ်စေခြင်းသည်ငါးထုတ်လုပ်မှုစနစ်များသို့မဟုတ် အောက်ဆီဂျင်ပိုမိုပျော်၀င်ခြင်းအားဖြင့် ရေ၏အရည်အသွေးအခြေအနေကိုပိုမိုကောင်းမွန်စေသည့်အခြေအနေမျိုးတွင်အလွန်အကျိုးဖြစ်စေပါသည်။ ငါးသိပ်သည်းမှုမများသည့်အသေးစားအာကွေပေါနစ်စနစ်အချို့တွင်လေဖြင့်ပင့်တင်သည့်ရေစုပ်စက်တခုတည်းဖြင့်ပင် ငါးများလိုအပ်သည့်အောက်ဆီဂျင်ပျော်၀င်ရည်များကိုလုံလောက်စွာပေးနိုင်သည်။ သမရိုးကျ လေဖြင့် ပင့်တင်သည့်ရေစုပ်စက်နှင့်အာကွေရီယန်ပူဖေါင်းများကိုတပါတည်းအသုံးပြုပါက၊လေဖြင့်ပင့်တင်သည့်ရေစုပ် စက်သည်အောက်ဆီဂျင်နည်းသဖြင့်ငါးများဆုံးရှုံးရမည့်အခြေအနေမျိုးတွင်ထပ်ဆောင်းအောက်ဆီဂျင်နှင့်လုံခြုံစိတ်ချရမှုများကိုပေးနိုင်သည်။

 

ပြုပြင်ထိန်းသိမ်းရမှုလျော့နည်းစေခြင်းနှင့် ယုံကြည်အားထားမှုတိုးစေခြင်း

လေလုံအောင်ပိတ်ထားသည့်ရေစုပ်စက်များနှင့်သမရိုးကျပြင်ပသုံးသည့်ရေစုပ်စက်များသည်ပိတ်ဆို့ လွယ်၍ ရံဖန်ရံခါဖြုတ်၍ဆေးရန်လိုအပ်သည်။ထို့ပြင်သူတို့စုပ်ယူသည့်သဲများနှင့်တပ်ဆင်ထားခဲ့သည့်ခါးပတ်များသည်ဆွေးမြေ့သဖြင့်ရေစုပ်စက်တွင်ပြန်လည်အစားထိုးရန်လိုအပ်သည်။ မာထီးနက်(ဇ)လေဖြင့်ပင့်တင်သည့်ရေစုပ် စက်ပုံစံများ သည်အနည်းငယ်ပွတ်တိုက်တတ်သည့်အရာများ၏ဒဏ်ကိုခံနိုင်သည်သာမကပိုက်အတွင်းအချင်း(၁ မှ ၁.၅လက္မ) ရှိသောအပိုင်းအစများ၏ဒဏ်ကိုပင်ခံနိုင်ရည်ရှိသည်။ ဆိုလိုသည်မှာသေးငယ်သည့်ငါးများ၊ အယ်လ် ဂျေလ်တစ်စု၊မစား၍ကျန်သည့်ငါးစာများစသည်တို့ကိုသယ်ဆောင်နိုင်၍ရေစုပ်စက်မှတဆင့်ထုတ်ယူသွားသည်။ ကျွန်ပ်တို့၏ အာကွေပေါနစ်စနစ်တစ်ခုတွင်စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါသည်၊ လေဖြင့်ပင့်တင်သည့်ပစ္စည်းများ ပိတ်ဆို့မှုမရှိဘဲလုပ်ငန်းလုပ်ဆောင်နိုင်မှုရှိမရှိစမ်းသပ်ရန် ၂၀ကေဂျီရှိသောကြိတ်ပြီးသားကော်ဖီများကိုတိုင်ကီ တစ်ခုတွင်ထည့်၍စမ်းသပ်ခဲ့သည်၊အထင်ကြီးလောက်စရာပင်အခက်အခဲမရှိဘဲဖြတ်ကျော်နိုင်ခဲ့သည်။ကျောက်စရစ်နှင့်အခြားသောအစအနအကြွင်းအကျန်များကိုကိုင်တွယ်ဖြေရှင်းနိုင်သည့်အရည်အချင်းအား  ဂလင်းမှပြုလုပ် ထားသည့်ဗီဒီယို တွင်လက်တွေ့ပြထားပါသည်။

 

တချိန်တည်းမှာပင် လေဖြင့်ပင့်တင်သည့်ရေစုပ်စက်၏စျေးအကြီးဆုံးအပိုင်းဖြစ်သည့်လေဖိသိပ်စက် (လေ ကွန်ပရက်ဆာ)သည် ရေနှင့်သက်ဆိုင်သည့်မည်သည့်အရာကိုမဆိုခံနိုင်ရည်ရှိသည်။ ရေချို၊ ရေငံ နှင့်ရွှံ့နွံပြွတ် သိပ်နေသည့်ရေသည်လည်းအတူတူပင်ဖြစ်သည်၊ အကြောင်းမှာ၎င်းအားရေရင်းမြစ်မှခွဲခြား၍ အထိုင်ချထား သော ကြောင့်ဖြစ်သည်။ ထို့ပြင်အလုံပိတ်ထားသည့်သမရိုးကျရေစုပ်စက်များ သည်တိုင်ကီကိုရှင်းထုတ်ပစ် သဖြင့် အပူ လွန်ကဲခြင်းကြောင့်လုံး၀ပျက်စီးခြင်းသို့လျှင်မြန်စွာကျရောက်စေသည် -လေဖြင့်ပင့်တင်သည့် ရေစုပ်စက်အ တွင်းရှိလေဖိသိပ်စက်(လေကွန်ပရက်ဆာ)သည်ဆက်၍ လည်ပတ်နေမည်ဖြစ်၍ရေပြန် လှည့်လာရန်အဆင်သင့် ဖြစ်နေမည်။

 

လေဖြင့်ပင့်တင်သည့်ရေစုပ်စက်များတွင်အကောင်းဆုံးဖြစ်သည့် ဒိုင်းယာဖရမ်ကွန်ပရက်စာ (လေဖိသိပ်စက်)  များသည်ပြုပြင်ရန်အလွန်လွယ်ကူသည်။ အများအားဖြင့်နှစ်အနည်းငယ်စီတိုင်းတွင်ပျက်စီးသွားသည့် ဒိုင်းယာ ဖရမ် ကိုအသစ်နှင့်အစားထိုးရန်အတွက်၀က်အူလှည့်တစ်ခုသာလိုအပ်သည်။ ဤအရာသည်လွယ်ကူ၍ သမရိုး ကျရေစုပ်စက်တစ်ခုလုံးကိုအစားထိုးရန်ထက်များစွာစျေးသက်သာသည်။ ကွန်ပရက်ဆာ(လေဖိသိပ် စက်) ကိုရွှေ့ခြင်းသို့မဟုတ်လဲလှယ်ခြင်းသည်ဥယျာဥ်ရှိပန်းပင်ရေလောင်းရန်ပိုက်ကိုဖြုတ်ခြင်းနှင့်တပ်ခြင်းမျှလောက်  ပင်လွယ်ကူနိုင်သည်။

 

လေဖြင့်ပင့်တင်သည့်ရေစုပ်စက်(ရေပန့်)၏အခြားသောအားသာချက်များ

အချို့နေရာများတွင် ရေစုပ်စက်များသည်သူခိုး သို့မဟုတ် ဖျက်ဆီးခံရနိင်မှုဖြစ်နိုင်ခြေများသည်။ ၁ လက္မ ပီဗွီစီ ပိုက်သို့မဟုတ်အချင်းပိုကျယ်၍ရှည်သောရေ ပိုက်များသည်လေစီးဆင်းမှုကိုခံနိုင်မှုအားနည်းသည်၊ ကွန်ပရက် ဆာ များကိုအ၀ေးတစ်နေရာတွင်ထား၍ အဆောက်အဦ သို့မဟုတ်သိုလှောင်သည့်သေတ္တာနှင့်သီးခြား သော့ခတ် ထား နိုင်သည်။

 

လေဖြင့်ပင့်သည့်ရေစုပ်စက်များသည်လျှပ်စစ်ဓါတ်အားအတွက်ကုန်ကျစရိတ်ကိုလည်းသက်သာကောင်းသက် သာစေနိုင်မည်။ ကျွန်ပ်တို့သည် ၈၀-၀ပ်လေကွန်ပရက်ဆာကိုအလုံပိတ်ထားသည့် ၂၀၀-၀ပ်ရေစုပ်စက်ဖြင့် အစားထိုး၍လေဖြင့်ပင့်တင်သည့်ပန့်တစ်ခုကိုမောင်းနှင်ခဲ့သည်။ ပို၍နိမ့်သည့်စွမ်းအင် လိုအပ်မှုသည် ဆိုလာမှန်ပုံ ခွက်စနစ်များကိုဖြစ်နိုင်ခြေပိုများစေသည်။ ဂလင်းမှ အမြင့် ၈-၁၀မီတာအထိပင့်တင်ရာ တွင် ကုန်ကျစရိတ်များ စွာ သက်သာရန်အ တွက် သမရိုးကျရေစုပ်စက်စနစ်များကိုလေထိုးထည့်ခြင်းဖြင့်တနည်းတဖုံပြုလုပ်ခဲ့သည်။ ကျွန်ပ်တို့တွင်ထိုအတွေ့အကြုံမရှိသေးပါ၊ သို့သော်ဒီ၀ိုင်အိုင်(DIY) လေပင့်ရေစုပ်စက်များသည်မြေကြီး အောက် ရှိတွင်းများမှ စုပ်ထုတ်ရန်တနည်းတဖုံပြုလုပ်နိုင်သည်၊ အထူးသဖြင့်ပိတ်ဆို့ခြင်းကိုတောင့်ခံနိုင်၍ ပြုပြင်ရန် လွယ်ကူသောနေရာများသည်ထိုသို့ပြုလုပ်ရန်အလွန်တန်ဖိုးရှိပါသည်။

 

“ပိုက်-အတွင်းရှိ-ပိုက်တစ်ခု” လေဖြင့်ပင့်တင်သည့်ရေစုပ်စက်(ပန့်)ပုံစံ

ပမာဏပို၍ကြီးသည့်လေဖြင့်ပင့်တင်သည့်စနစ်များသည်ဖြစ်နိုင်ခြေရှိ၍ ဆီလျော်မှုရှိသည့်ပိုက်အရွယ်များမှ လေ ကွန်ပရက်ဆာအရွယ်အမျိုးမျိုးဖြင့်ပြီးစီးအောင်ဆောင်ရွက်လုပ်ကိုင်နိုင်သည်။ကျွန်ပ်တို့၏၁၁၀-ဗို့ကွန်ပရက်ဆာ မှာအရွယ်အစားအားဖြင့် ၃၅ မှ ၁၁၀ ၀ပ်အထိရှိသည်။ကွန်ပရက်ဆာရွေးချယ်သည့်အခါအချက်အလက်များစွာ ပါ၀င်၍ စုပ်တင်ရမည့်ရေအမြင့်နှင့်အလိုရှိသောရေထွက်ပမာဏတို့ပါ၀င်သည်။ သာမန်အာကွေပိုးနစ် “ပိုက်-အတွင်းရှိ-ပိုက်တစ်ခု”ဖွဲ့စည်းပုံတွင် မူလ ၅ psi (၃၅ kPa)ကိုလည်ပတ်စေနိုင်သောလေကွန်ပရက်ဆာနှင့် ၎င်း နောက် ၂ psi (၁၄ kPa) ခန့်ကိုအဆက်မပြတ်လည်ပတ်စေနိုင်သည့်လေကွန်ပရက်ဆာသာလိုအပ်သည်။ကျွန်ပ်တို့ ၏အာကွေပိုးနစ်စနစ်ကိုလည်ပတ်စေသည့်ကွန်ပရက်ဆာသည် တစ်မိနစ်လျှင်လေ ၃၀ မှ ၁၀၀လီတာ ထုတ်လုပ် နိုင်သည်။

 

အောက်တွင်ဖေါ်ပြထားသည့်ဇယားတွင် နောက်ဆုံးရေထွက်ပမာဏသည်ကွန်ပရက်ဆာ၏အရွယ်အပေါ်တွင် သာမူတည်နေခြင်းမဟုတ်ဘဲအခြားသောပြောင်းလဲနိုင်သည့်အရာများအပေါ်တွင်လည်းမူတည်သည်ကိုတွေ့ရ သည်(ဇယား ၁)။ ၁၀၀ လီတာ/မိနစ် ကွန်ပရက်ဆာသည် အများဆုံးသောရေကိုမထုတ်နိုင်ပါ၊ အဘယ်ကြောင့် ဆိုသော်တိမ်သောတွင်းမှအမြင့်သို့စုပ်တင်ရသောကြောင့်ဖြစ်သည်။ကျွန်ပ်တို့သည်ကျွန်ပ်တို့၏ငါးကန်များ တွင်နှစ်နာရီတစ်ကြိမ်ပမာဏကိုပြောင်းလဲရန်ရည်ရွယ်၍ ဤပန့်များသည်ထိုသို့ပြုလုပ်ရန်အတွက်လုံလောက် သည်ထက်ပင်ပိုပါသည်။ ကန်တွင်အသုံးပြုသည့်ပစ္စည်းအကျွင်းအကျန် သို့မဟုတ် ကြီးမားသောအာကွေရီ ယမ်အကြွင်းအကျန်ထွက်ပေါက်များသည် ဒိုင်းယာဖရမ် ပုံစံ ကွန်ပရက်ဆာများ(သို့မဟုတ် ပစ်စတင် လေ ကွန်ပရက်ဆာများ)ကိုပို၍နှစ်သက်ကောင်းနှစ်သက်မည်။

 

 

 

 

 

ဇယား ၁။ လေဖြင့်ပင့်တင်သော ရေစုပ်စက်(ပန့်)အစိတ်အပိုင်းများဖွဲ့စည်းပုံစနစ် နှင့် UofN Kona တွင်အထွက်နမူနာ

*လေကွန်ပရက်ဆာ

အထွက်ပမာဏ

**ရေတွင်းအတွင်း

ရှိရေအနက်

တွင်းပင့်တင်ပိုက်

 ၏အချင်း

ရေစုပ်တင်နိုင်

သည့်အမြင့် 

ရေအထွက်

ပမာဏ

၃၀ လ/မိနစ်

၀.၇ မ

(၂၈ လမ)

၀.၅ လက္မ

၀.၉ မ

(၃ ပေ)

၁၆၀ လ/နာရီ

(၄၂ ဂျီပီအိပ်ချ်)

၄၅ လ/မိနစ်

၁.၄ မ

(၅၅ လမ)

၁ လက္မ

၁.၁ မ

(၃ပေ ၆လမ)

၁၁၀၀ လ/နာရီ

(၂၉၀ ဂျီပီအိပ်ချ်)

၈၀ လ/မိနစ်

၁.၅ မ

(၆၀ လမ)

၁.၂၅ လက္မ

၁.၅ မ

(၅ ပေ)

၁၂၀၀ လ/နာရီ

(၃၁၇ ဂျီပီအိပ်ချ်)

၁၀၀ လ/မိနစ်

၁.၄ မ

(၅၅ လမ)

၁.၂၅ လက္မ

၁.၈ မ

(၅ ပေ ၁၁လမ)

၉၀၀လ/နာရီ

(၂၃၈ ဂျီပီအိပ်ချ်)

 

*လီတာ-တစ်မိနစ်သည်အကြမ်းအားဖြင့် ရေစုပ်စက်(ပန့်)- ၁၁၀ ဗို့ ၀ပ်အားဖြင့်ဖေါ်ပြသည့်လျှပ်စစ်အင်အား ပမာဏနှင့်တူညီသည်၊ ၈၀ ၀ပ်ပန့်သည် တစ်မိစန်လျှင် လေ ၈၀ လီတာခန့်ထုတ်သည်။ .**တွင်းရေအနက်သည်မြေပြင်ရေ-အဆင့်အောက်တွင်ရှိသည့်အပြင် ရေတွင်းနှင့်ဆက်သွယ်ထားသည့် တိုင်ကီအတွင်းရှိရေမျက်နှာပြင်ရှိရေအနက်နှင့်တူညီနေရမည်။ ရေလျှံ၍ ရေမြောင်းစနစ်များတွင် ဤအနက် သည်အတက် အကျရှိနိုင်သဖြင့်ရေစုပ်စက်မှ ရေအထွက်သည်လည်း အတက်အကျရှိနိုင်မည်။

 

ထည့်သွင်းစဥ်းစားရမည့်အရေးကြီးသည့်ပုံစံ

အ၀င်ပိုက်

 “ပိုက်-အတွင်းရှိ-ပိုက်တစ်ခု” ဖွဲ့စည်းပုံစနစ် ၏အဓိကကျသည့်သွင်ပြင်လက္ခဏာကိုဖေါ်ပြရာတွင် ဂလင်း မာထီးနက်(ဇ) ၌အောက်ပါအကြံပြုချက်ရှိပါသည် - “ပိုက်-အတွင်းရှိ-ပိုက်တစ်ခု”ဖွဲ့စည်းပုံစနစ်၏ နောက်ဆုံးပုံစံ တွင် အပေါက်ငယ်များစွာဖေါက်ပါသည်။ သမားရိုးကျဆိုရိုးစကားတစ်ခုတွင် အလွန်သေးငယ်သည့်လေ-ပူဖေါင်း များသည်ရေ၏သိပ်သည်းမှုတွင်၀င်ရောက်နေရာ ယူသဖြင့်ပို၍ပေါ့သည့်ရေသည်”အပေါ်သို့ပေါလောပေါ် သည်” ဟုဆိုသည်။ သို့သော်မကြာမီကဖိလစ်ပိုင်နိုင်ငံသို့ သွားသည့်ခရီးစဥ်တွင်ကျွန်ပ်တို့၌လွန်ပူအသေးသို့မဟုတ် လွန်ပူ မော်တာအသေးမရှိခဲ့ပါ။ ကျွန်ပ်တွင်သတ္တုဖြတ်လွှတစ်ခုသာရှိသဖြင့်ကျွန်ပ်သည်ပိုက်၏အတွင်းပိုင်းဆန့်ကျင် ဘက် နှစ်နေရာတွင်လှီးဖြတ်သောအရာနှစ်ခုပြုလုပ်ခဲ့သည်။ ထိုလှီးဖြတ်သောဖြတ်ရာသည် သတ္တုဖြတ်လွှသွား တချက်စာ၏အထူလောက်သာရှိ၍ ပိုက်အပြင်ဘက်တွင် ရှိသောဖွင့်ထားသည့်အပိုင်း၏အထက် ၁လက္မ တွင် ရှိသည်(ပုံ ၃က)။

 

ထိုသို့ပြုလုပ်ခြင်းဖြင့် ကွန်ပရက်ဆာကိုဖွင့်လိုက်သည့်အခါတွင် အခွံအဖြစ်အသုံးပြုသည့်အပြင်ပိုက်နှင့်အတွင်းရှိ ပင့်ပေးသည့်ပိုက်တို့၏ကြားတွင်ရှိသည့် ရေများကိုအတွင်းပိုက်ရှိဆန့်ကျင်ဘက်လှီးထားသည့်အမှတ် သို့ရောက် သည့်အထိ”အောက်သို့ဖိ”ပေးသည်။လေသည်လှီးထားသည့်အရာတစ်ခုစီအတွင်းသို့၀င်၍(တစ်ခုနှင့်တစ်ခုဆန့်ကျင်လျက်တိုက်ရိုက်) ရေကိုဓါးနှင့်လှီးသကဲ့သို့ဖြတ်သည်။ ရေကိုဖြတ်ပြီးသည့်အခါတွင်လေသည် အထက်သို့ ပေါက်ထွက်၍အတွင်းပိုက်အထဲတွင်ရှိသည့်ရေများကိုတခါတည်းမတင်သွားသည်။ အရှိန်နှင့်စင်ထွက်လာ သည့် လေသည် ပိုက်အတွင်းတွင်ရှိသည့်ရေ အားလုံး ကိုပင့်တင်၍အခြားသောစင်ထွက်လာသည့်ရေတစ်စုအဖြစ်ထွက် လာသည်။ပေါက်ထွက်လာသည့်ထိုလေပထမအသုပ်လွှတ်ပြီးသည့်အခါပိုက်အတွင်းရှိရေကိုသန့်စင်စေ၍ထပ်ဆောင်းရေများသည် “ပိုက်-အတွင်းရှိ-ပိုက်တစ်ခု”၏ရေစုပ်စက်(ပန့်)အောက်ပိုင်းသို့စီး၀င်ကြသည်။ရရွ့လျား လာသည်နှင့်တစ်ပြိုင်နက်အတွင်းပိုက်တွင်ရှိသည့်ရေတွင် လေ ၅၀%ရှိနေ၍များစွာပို၍ပေါ့ပါးသဖြင့် လေဖိသိပ် စက်(လေကွန်ပရက်ဆာ)သည်ရေစုပ်ထုတ်ရန်ပို၍လွယ်ကူသွားသည်။

 

အတွင်းပိုက်သည်ရေရင်းမြစ်အတွက်ဖွင့်ထား၍လုံး၀ပိတ်ဆို့ခြင်းမှ၎င်းအားကာကွယ်ရန်ထောင့်တွင်ဖြတ်ထား သည်(ပုံ၃ခ)။လေစလစ်နှစ်ခုအောက်ရှိနေရာနှင့်အတွင်းနှင့်အပြင်ပိုက်ကြားကိုပုံတွင်ပြထားသည့်အတိုင်းနှစ်ခုပူးခြင်း သို့မဟုတ် ဘောစေ့ အသုံးပြုခြင်းမလုပ်ဘဲချိတ်ပိတ်နိုင်သည်(ဥပမာ-ဖန်တီးထားသည့်ပလပ်)၊သို့ သော်အ စိတ်အပိုင်းအားလုံးကိုရနိုင်ပါကဤနည်းသည်အဆင်ပြေသည်။ ဤချဥ်းကပ်နည်းဖြင့်ပွတ်တိုက်ခြင်းမှ ကာကွယ် ပေးသည့်ဘောစေ့အပေါ်ရှိ အတွင်း”ရပ်”-ကိုစုစည်း၍ထားရမည်၊ သို့မှသာလေအလုံပိတ်ထား၍စုစည်းထားချိန် တွင်အတွင်းပိုက်သည်လျော၀င်နိုင်မည်ဖြစ်သည်။အခြားပိုက်၏ထိပ်ပိုင်းတွင်ရှိသောဘောစေ့သည်လည်းထိုနည်းတူပင်ဖြစ်သည်။

Burmese AN 44 Airlift Pump Figure 3

ပုံ ၃။ ရေစုပ်စက်(ပန့်)၏ရေသိုးကန်/ဆီခံခွက်အောက်ပိုင်းတွင်ရှိသည့်အ၀င်အပိုင်းနှင့်ပတ်သက်၍ အဓိကကျသည့်ပုံစံကို စဥ်းစားသုံးသပ်ခြင်း၊ (က)လေအ၀င်”အံ/အကွက်“များသည် ဖေါက်ထားသည့်အပေါက်များ စွာတို့ထက်ပို၍ထိရောက်သည် ကို တွေ့ရသည် - အ၀ါရောင်မျှားများသည်လေကိုကိုယ်စားပြုသည်၊ အပြာရောင်မှာ ရေကိုကိုယ်စားပြုသည်။ (ခ)အောက် တွင်ရှိသောအကွေးသည် အ၀င်ပိုက်တွင်ပိတ်ဆို့ခြင်းကိုကာကွယ်ပေးသည်။ (ဂ) လေ“၀င်ပေါက်”အစိတ်အပိုင်းများ ဖွဲ့စည်း တည်ဆောက်ထားပုံ။

အသေးစား အာကွေပိုးနစ်များအတွက် အသုံးပြုရန်ရေးဆွဲထားသည့်ညွှန်ကြားချက်

လေဖြင့်ပင့်တင်သည့်ပန့်၏အသုံးပြုရန်ရေးဆွဲထားသည့်သမားရိုးကျညွှန်ကြားချက်သည်ဟာ၀ါယီရှိကျွန်ပ်တို့၏ သဘာ၀ လယ်ယာသင်တန်းစင်တာအခြေအနေကဲ့သို့ပင်တစ်နာရီလျှင်လီတာ ၅၀၀ မှ ၁၀၀၀တင်ရန်လိုအပ် သည်၊ အာကွေပိုးနစ်စနစ် တစ်ခုမှတဆင့် စိမ့်စမ်းရေသွယ်မျက်နှာပြင်အတွက်ရနိုင်သည်(ပုံ ၄)။ ဤအခြေအနေ တွင်လေ ပင့်ပန့်သည်အလွန်ကောင်းသည့်ရွေးချယ်စရာဖြစ်၍ အပေါ်တွင်ရှိသည့်စည်သို့ပင့်တင်သဖြင့်ရေကို ဖိအားပေးနိုင်သည်။ ကျွန်ပ်တို့သည်လေဖြင့်ပင့်တင်သည့်ပန့်အစိတ်အပိုင်းအမျိုးမျိုးအားလက်တွေ့ကျကျစီစဥ် ဖွဲ့စည်းထားမှုကိုပိုမိုနားလည်စေရန်ဤ တည်ဆောက်ပုံကိုအသိအမှတ်ပြုထားသည်။

 

Burmese AN 44 Airlift Pump Figure 4

ပုံ ၄။ အသေးစား စိမ့်စမ်းရေသွယ် အာကွေပိုးနစ် စနစ်တွင်အသုံးပြုရန်အတွက် မာထီးနက်(ဇ)၏ “ပိုက်-အတွင်းရှိ-ပိုက် တစ် ခု)-လေဖြင့်ပင့်တင်သည့်ရေစုပ်စက်(ပန့်)ဖွဲ့စည်းပုံ။ ဤပုံကို ဟာ၀ါယီတွင်ရှိသောသဘာ၀ လယ်ယာ သင်တန်းစင်တာတွင် ရိုက်ယူထားသည်။မှတ်ချက်-လေကွန်ပရက်ဆာများအား ပါ၀ါပိတ်လိုက်သည့်အခါ ၎င်းတို့အထဲသို့ရေစီးမ၀င်စေရန် ရေ-အမြင့် အဆင့်၏အထက်တွင်အစဥ်အမြဲထားရမည်။

ဤလေပင့်စက်သည် အိုင်ဘီစီ ရေစည်မှ ၁.၈မီတာအမြင့်အထိတစ်နာရီလျှင်လီတာ၉၀၀ခန့်စုပ်တင်သည်။  ဒေါင် လိုက် ၃ လက္မ ပီဗွီစီပိုက်အား “တီ” ကွန်နက်ရှင်ဖြင့် အိုင်ဘီစီ ရေစည်သို့ရေသွင်းသည်(ပုံ ၃)။ ဤရေတွင်း ပိုက်-အတွင်းတွင်လေပင့်ပန့်ရှိသည့်“ပိုက်-အတွင်းရှိ-ပိုက်တစ်ခု”သည်မြေပြင်ညီအောက်တွင်၈၀စမ တိုးချဲ့လာသည် (အထက်ပိုက်၏ပမာဏသည်တိုးလာနိုင်၍ကျွန်ပ်တို့အနေဖြင့်ပို၍သေးငယ်သည့်လေကွန်ပရက်ဆာကိုအသုံးပြု နိုင်မည်ဖြစ်သောကြောင့် ၁.၅ မီတာအနက်သည်ပို၍ကောင်းပါသည်)။လေပင့်ခြင်းကိုယ်တိုင်ကပင်  အပြင် ၂-လက္မပိုက်နှင့်အတွင်း ၁.၂၅ လက္မပိုက်မှပြုလုပ်ထားသည်။ ရေကိုအထက်သို့စုပ်၍အပေါ်တွင်လေထွက်နေစဥ်ရေ တိုင်ကီသို့လမ်းကြောင်းပြောင်းသွားသည်။

 

ကျေးဇူးတင်လွှာ

ကျွန်ပ်တို့၏ သဘာ၀လယ်ယာသင်တန်းစင်တာ၊ သိပ္ပံနှင့် နည်းပညာဌာန၊ YWAM, အမျိုးသားများတက္ကသိုလ် အား အချိန်၊ ကရိယာများ၊ သင်ထောက်ကူပစ္စည်း များအပါအ၀င်စေတနာဖြင့်ပံ့ပိုးကူညီပေးသည့် ဂလင်း နှင့် စီး ပွားရေး စီမံခန့်ခွဲသူ နာတာလီကက်(ရှ) တို့အားများစွာကျေးဇူးတင်ပါသည်။ အီးစီအိပ်ချ်အိုနှင့်ကမ္ဘာတစ်၀ှမ်းရှိ ၎င်း၏ ကွန်ယက်တို့အား လေ့လာတွေ့ရှိချက်များမျှ၀ေ ခြင်း အတွက်လည်းအထူးပင်ကျေးဇူးတင်အပ်ပါသည်။

 

မှီငြမ်းချက်များ

 

Martinez, G. Olomana Gardens Aquaponics Manual.

https://www.olomanagardens.com/shop/aquaponics-manual/