By: အီးစီအိပ်ချ်အို ကွန်ယက်အဖွဲ့၀င် ဒေးဗစ် ခရစ် ထံမှသင်ယူရရှိခြင်း - ကမ္ဘာ့စိန်ခေါ်မှု/စီအိပ်ချ်အီး
Published: 2022-03-01


ဒေ့(ဗ်)သည် ယခုတင်ပြသည့်အရာအတွက်အခွင့်အလမ်းရရန်ထိုင်းနိုင်ငံသို့နှစ်နှစ်တိတိစော၍ရောက်ရှိလာခဲ့သည်။ တောင်ပေါ်တွင်ရှိသောလူမျိုးစုများသည်ဓါတ်မြေသြဇာများကိုအသုံးပြု၍အားစိုက်ထုတ်ကြသော်လည်းကောက်ပဲသီးနှံအထွက်နည်းပါးခြင်းနှင့်ကြုံတွေ့ကြရသည်။

AN48 SALT fig1
Figure 1. Sloping Agriculture Land Technology (SALT) demonstrated by the Upland Holistic Development Project (UHDP) in northern Thailand around the same time.

စိုက်ပျိုးရေးဆိုင်ရာပုံမှန်ပညာရေးမရှိခဲ့သော ဒေ့(ဗ်)အတွက်ပင်လျင်ထိုပြဿနာဖြစ်ပေါ်သည့် အကြောင်းရင်းမှာ သိသာထင်ရှားနေပါသည်။ တိုက်စားခြင်းသည်အပေါ်ယံတွင်ရှိသည့်မြေဆီကိုတိုက်စားပြီးအော်ဂဲနစ်ပစ္စည်းများ၊ ဓါတ်သတ္တုများနှင့် အသေးစား-အဟာရများ ပျက်ပြယ်နေသောညံ့ဖျင်းသည့်မြေကိုသာချန်ခဲ့ပေးသည်။

 

ကံကောင်းစွာဖြင့် ဒေ့(ဗ်)သည် ဖိလစ်ပိုင်နိုင်ငံတွင် တောင်စောင်းစိုက်ပျိုးမြေဆိုင်ရာ နည်းပညာ (အက်စ်၊ အေ၊ အယ်လ်၊ တီ) (Sloping Agriculture Land Technology) (SALT)ကိုတည်ထွင်ခဲ့သည့်ပညာရှင်ထံမှ တိုက်ရိုက်သင်ယူခွင့်ရခဲ့သည့် ထိုဒေသတွင်သာသနာပြုနေသောစိုက်ပျိုးရေးသာသနာပြုတဦး၏ လမ်းညွှန်မှုကို ရရှိခဲ့သည်။ ထိုသာသနာပြု၏လမ်းညွန်မှုတွင်ကိုယ်တိုင် လက်တွေ့လုပ်ကိုင်ခြင်းပါ၀င်သဖြင့်သူသည် ထိုစနစ်ကို ကောင်းစွာသိခွင့်ရရှိခဲ့သည်။

 

ထို့ပြင် ထိုင်းအစိုးရမှတောင်ပိုင်းရှိတောင်ယာစိုက်ပျိုးသူများအကြားမြေဆီထိန်းသိမ်းမှုကိုအများပြည်သူများအား အသိပေးမှုမြှင့်တင်နေသောအချိန်ဖြစ်သဖြင့် မျိုးစေ့များကိုအခမဲ့ပေး၀ေသည်။ ထို့ကြောင့်ဒေ့(ဗ်ဗ)တွင် လယ်သမား များလိုအပ်နေသည့်စိုက်ပျိုးနည်းနှင့်မျိုးစေ့များရှိနေပါသည်။

ဒေ့(ဗ်)သည်ထိုင်းဘာသာစကားဖြင့်သင်တန်းပေးနိုင်လောက်အောင်ထိုင်းစကားမကျွမ်းကျင်သဖြင့် ထိုင်းနိုင်ငံ တောင် ပိုင်းတွင်ရှိသည့်ထိုလယ်သမားများနှင့်အကျွမ်းတ၀င်ဖြစ်သူတစ်ဦးအား စကားပြန်အဖြစ် ငှားရမ်းခဲ့သည်။ သူသည်

(အက်စ်၊ အေ၊ အယ်လ်၊ တီ)ကိုလျှင်မြန်စွာနားလည်သဘောပေါက်၍မိမိကိုယ်ကိုစိတ်ချမှုရှိသူ၊ ကောင်း သည့်ဆက်သွယ်ပြောဆိုသူဖြစ်၍ ဤအပယ်ခံလယ်သမားများအပေါ်ဂရုဏာသက်ရောက်သူလည်းဖြစ် သည်။

 

လွယ်ကူသည့်နည်း၊ သက်သေအထောက်အထားခိုင်မာသည့်နည်းပညာ၊ အခမဲ့မျိုးစေ့များ၊ အခမဲ့ပစ္စည်းကရိယာ များ၊ အခမဲ့ထောက်ပံ့မှုနှင့်ကောက်ပဲသီးနှံအထွက်နှုန်းတိုးမည့်အလားအလာစသည်တို့ဖြင့် ဒေ့(ဗ်)သည် လာမည့် ရာသီတွင် ထိုနည်းပညာကိုချက်ချင်းရွေးချယ်လက်ခံခြင်းနှင့်အကောင်အထည်ဖေါ်ခြင်းများလုပ်နိုင်ရန်မျှော်လင့် ထားသည်။ သို့သော် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်မှာ ဤဒေသရှိလယ်သမားများမှအထွက်နှုန်းတိုး သည့် သက်သေရရှိသည်နှင့်တပြိုင်နက်စတင်ရန်ဖြစ်သည်။

 

ဒေ့(ဗ်)သည် မိမိ၏မြေအပိုင်းတစ်ပိုင်းတွင်ရှိသူများထဲမှ အက်စ်၊ အေ၊ အယ်လ်၊ တီ အလုပ်ရုံသင်တန်းတက် ထားသူလယ်သမား၃၅ဦးအနက် ၁ဦးသာ အက်စ်၊ အေ၊ အယ်လ်၊ တီ ကိုလက်တွေ့ပြန်လည်လုပ် ဆောင် သည်ကိုတွေ့သဖြင့် စိတ်ရှုပ်ထွေး၍စိတ်ပျက်ခဲ့ပါသည်။ ရှူးအာ သည်အထွက်တိုး၍အောင်မြင်သည့်နှစ် များစွာနှင့်ကြုံခဲ့သည်။ နှစ်စဥ်နှစ်တိုင်းအထွက်ပို၍ပို၍တိုးလာပါသည်။ ရရှိသည့်အကျိုးအမြတ်မှသူသည် သူ၏ အိမ်ကိုပြန်၍အသစ်မိုးနိုင်ပြီးမော်တော်ဆိုင်ကယ်နှင့်ထရပ်ကားတစီး၀ယ်ယူနိုင်ခဲ့သည်။

 

ထို့ပြင် ရှူးအာ ၏လယ်ယာဘေးတွင်နေထိုင်၍ သီးနှံစိုက်ပျိုးသည့်လယ်သမားများသည်ပင်လျှင် အထွက် တိုးသည်ကိုတွေ့မြင်ကြသော်လည်း အက်စ်၊ အေ၊ အယ်လ်၊ တီကိုတဦးတယောက်မျှမစမ်းသပ်ကြပါ။ ဤအရာသည်ဒေ့(ဗ်)အားပို၍တွေ၀ေစေသည်။”ငါဘာအမှားများလုပ်မိသလဲ”၊ “အဘယ်ကြောင့် လူများစွာ တို့သည်မိမိတို့၀င်ငွေတိုးလာစေမည့်အရာ၊ မိမိတို့၏လူနေမှုအဆင့်ကိုမြင့်မားစေမည့်အရာကို ရှောင်ကြသ နည်း”ဟုသူတွေးတောဆင်ခြင်မိသည်။ ကျေးရွာလူထုအတွက်ဖွံ့ဖြိုးမှုနှင့် ထိုလူထုများအားလုပ်ပေးနိုင်ရန် အတွက်သင့်လျော်မည့်အရာများကိုရှာဖွေသည့်ခရီးစဥ်တလျှောက်လုံး ထိုမေးခွန်းများကိုဆက်လက် တွေး တောမေးမြန်းနေဆဲဖြစ်သည်။

 

ဒေ့(ဗ်)သည် စီအီးဒီ(လူထုဖွံ့ဖြိုးမှုပညာရေး(Community Development Education) သင်တန်းတက်ပြီး စီအီးဒီ စီမံချက်ကိုအကောင်အထည်ဖေါ်သည့်အခါတွင်မည်သည့်အခါမျှမစဥ်စားခဲ့ဘူးသည့် အကြောင်းအချက်များနှင့် ပြောင်းလဲခြင်းများကိုစတင်၍ထိုးထွင်းသိမြင်လာသည်။ ၎င်းတို့တွင်အောက်ပါတို့ပါ၀င်ပါသည်။

 

  • ကြောက်ရွံ့စိုးရိမ်မှု
  • စွန့်စားမှုနှင့်ပတ်သက်သည့် သိမြင်နားလည်မှု
  • “လက်ခံကျင့်သုံးမှု မျဥ်းကွေး”
  • လူမှုအသိုင်းအ၀ိုင်း ထောက်ခံမှု
  • ဆင်းရဲနွမ်းပါးသည့် စိတ်သဘောထား
  • တရားမျှတမှုမရှိသည့် စျေးကွက်လွှမ်းမိုးမှု
  • ပြောင်းလဲမှုကိုလက်မခံခြင်း
  • မနာလိုမှုများကိုမျှော်လင့်ထားခြင်း
  • အစဥ်အလာကို လေးစားခြင်း
  • မှားယွင်းသည့်ယူဆချက်များ
  • ယုံကြည်မှုမရှိခြင်း
  • ဆက်ဆံရေးမြှင့်တင်ခြင်းနှင့် ပိုင်ဆိုင်မှုတို့၏အရေးပါခြင်း
  • မှန်ကန်သည့် အချိန်ဇယား နှင့် အခြား

 

ဤအရာများနှင့်အခြားသောတန်ဘိုးရှိသည့်သိမြင်နာလည်မှုများကိုဤအတွေ့အကြုံမှတဆင့်သင်ယူရရှိနိုင်ရန် ဒေ့(ဗ်)၏ အလိုအလျောက်တုံ့ပြန်ဖြေကြားသည့်အစီအစဥ်(Discoveries in Effective Community Development) တွင်၀င်ရောက်ကြည့်ရှုပါ၊ သူသည်အထက်ပါအတွေ့အကြုံကိုရရှိပြီးသည့်နောက်လွန်ခဲ့သည့် ၁၇ နှစ်အတွင်း ရာပေါင်းများစွာသောဖွံ့ဖြိုးရေး၀န်ထမ်းများအားသင်ကြားပေးခဲ့သည့် ရိုးရှင်းသော်လည်းပဓာနကျသည့် အခြေခံသဘောတရားများကိုရှင်းလင်းဖေေါ်ပြထားသည်။

 


တက်(ဂ)(Tagged)များ

SALT Sloping Agricultur...

နယ်ပယ်ဒေသ

Asia

Collections