Published: 2021-02-01


 

ပက်ထရစ် ထရေးလ်၊ ယု၀တီ တန်မာလီတွိုင်၊ ၁၊ ၂ အေဘရမ် ဘစ်စလာ နှင့် ၁၊ ၃ ရစ်ခ် ဘားနက်

အီးစီအိပ်ချ်အို အာရှအကျိုးသက်ရောက်မှုစင်တာ၊ ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ

 

လက်ရှိ နှီးနွယ်မှုများ

စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၊ ကမ္ဘာကုလသမဂ္ဂအဖွဲ့၊ ရောမနိုင်ငံ၊ အီတလီနိုင်ငံ၊

Cultivate Abundance၊ ဖေါ့ မိုင်ယာ၊ ဖလော်ရီဒါ၊ ယူအက်စ်အေ

 [အယ်ဒီတာမှတ်ချက်-ဤအကြောင်းအရာနှင့်ပတ်သက်သည့်စိတ်၀င်စားမှုသည်အီးစီအိပ်ချ်အိုအာရှတွင် ညွှန် ကြားရေးမှူအဖြစ် ရစ်ခ် ဘားနက် တာ၀န်ထမ်းဆောင်စဥ်အချိန်မှစတင်ခဲ့ပါသည်။ဒေသတွင်းနေထိုင်သောသူများ တို့သည် စားသုံးနိုင်သည့် ဒရင်ကောက်ပင်/အရွက်(ဖန်းပင်/ရွက်)များကိုနှစ်တစ်နှစ်၏အချိန်ကာလတစ်ခုတွင်သာ အရိုင်းပင်များမှဖြတ်ယူ၍စျေးတွင်ရောင်းချကြသည်ကိုကြည့်နေရင်း ကပင်သူသည်မည်သူမျှဂရုမစိုက်၊အသုံးပြု သူများစွာမရှိသည့်ဤအပင်မျိုးစိတ်ကိုလယ်ယာများတွင်လူများမှဖန်တီးသည့်အရိပ်အောက်တွင်စိုက်နိုင်ကောင်းစိုက်နိုင်၍ ထိုသို့စိုက်ခြင်းဖြင့်“ရာသီချိန်ကုန်ဆုံးသည့်ကာလ”တွင်ပင်စျေးတွင်ရောင်းချနိုင်ကောင်းရောင်းချနိုင် မည် ဟုစဥ်စားမိခဲ့သည်။ထိုအချိန်မှစ၍ စမ်းသပ်မှုများကိုထပ်ခါ ထပ်ခါ ပြုလုပ်၍ (အများသူငါတို့၏အကူအညီ ဖြင့်) အောက်ပါစာစောင်ကိုအကျဉ်းချုပ်ရေးသားဖေါ်ပြခဲ့ပါသည်။]

AN 45 Fern Fig 1

ပုံ ၁။ စားသုံးနိုင်သည့် ဒရင်ကောက်ပင်(ဟင်းသီးဟင်းရွက်)အညွန့်များ (ဒီပလားဇီယမ် အက်ခယူလန်ထမ် ရိစ် Diplazium esculentum Reytz.)။ စားသုံးနိုင်သည့်အညွန့်များကိုတစ်ခါတစ်ရံ “တယောခေါင်း”ဟုလည်းခေါ်ကြသည်။

ဟင်းသီးဟင်းရွက်အမျိုးအစားဖြစ်သည့် ဒရင်ကောက်ပင်/ရွက်နှင့် မိတ်ဆက်ခြင်း

ကမ္ဘာပေါ်တွင်အပူပိုင်းဒေသမှစ၍ရာသီဥတုသမသည့်ဒေသများအထိစားသုံးနိုင်သည့် ဒရင်ကောက် ပင်မျိုးစိတ်များစွာရှိ၍ ဘရက်ကင် ဖန်းပင်များ (ထရစ်ဒီယမ် အက်စ်ပီပီ(Pteridium spp.)၊ အော့စထ ရစ် ဖန်းပင်များ(မက်တီဥချာ စထရူသီယိုပတီရစ် (Matteuccia struthiopteris)၊ နှင့် စတင်နိုခလင်းနာ (Stenochlaena)ဖန်းပင်များအပါအ၀င်ဖြစ်သည်။သို့သော်ဤဆောင်းပါးတွင်အာရှနှင့်ပင်လယ်ကမ်းခြေ ဒေသ များ၏အပူပိုင်းဒေသ နှစ်ရှည်ခံပင်ဖြစ်သည့်စားသုံးနိုင်သည့် ဟင်းသီးဟင်းရွက်အမျိုးအစားဖြစ်သော  ဒရင် ကောက်ပင် ဒီပလားဇီယမ် အက်ခယူလန်ထမ် ရိစ် (Diplazium esculentum Reytz.) ကိုအဓိကထား၍ တင်ပြထားပါသည်။ ဆာကာအီ နှင့်အခြားသောသူများ(၂၀၁၆) တို့မှဤစားသုံးနိုင်သည့်ဟင်းသီးဟင်းရွက်တို့ကို သစ်-မဟုတ်သည့်သစ်တော ထုတ်လုပ်မှု သို့မဟုတ် အဲန်တီအက်ဖ် ထုတ်လုပ်မှု(Non-Timber Forest Product or NTFP)ဟုအမျိုးအစားခွဲထားသည်။ အိန္ဒိယနိုင်ငံ၊ ဘဂ်လာဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ နှင့် ယူအက်စ်၏ပြည်နယ်တစ်ခုဖြစ်သည့်ဟာ၀ါရီပြည်နယ်တွင်များပြားထင်ရှားစွာပေါက်သည့်ကောက်ပဲသီးနှံပင် ဖြစ်သည်(လင်း နှင့်အခြားသူ များ ၂၀၀၉)။ ဒရင်ကောက်ပင်များ၏နုသည့်ရွက်လက် (အများအားဖြင့် “တယော ခါင်း” ဟုခေါ်တွင်ကြသည်)များကို အစိမ်း၊ ပြုတ်၊ ရေနွေး‌‌‌‌ပြုတ်၍စားကြသည်။ သို့မဟုတ် ဟင်းများအဖြစ် ချက်စား ကြသည်။ ၎င်းမှာစားသုံးသည့်ဒေသများအပေါ်တွင်မူတည်သည်( ဒန်းကင် ၂၀၁၂)။

ဒရင်ကောက်ပင်များ(ဖန်းပင်များ)ဆိုင်ရာအဟာရခွဲခြမ်းစိတ်ဖြာမှုသုတေသနပြုလုပ်ရာမှ၎င်းတွင်အကျိုးပြုသည့်အဟာရဂုဏ်သတ္တိများစွာပါ၀င်သည်ကိုညွှန်ပြသည်၊ ဘီတာ-ကာရိုတိန်း၊ ဖေါလစ်အက်စစ်၊ ကယ်လ် စီယမ်၊ သံဓါတ်၊ နှင့် ဖေါ့ဖရပ်စ် ဓါတ်သတ္တုများကြွယ်၀သည့်အပြင် အဟာရ-ဆန့်ကျင်သည့် ဓါတ် ပစ္စည်းများဖြစ်သည့် စီတစ်အက်စစ်၊ တင်းနင်း၊ နှင့် ထရိုင်စင်များပါ၀င်သော်လည်းအဆိပ်-မဖြစ် စေသည့် ပမာဏလောက်သာပါ၀င် သည်(အာချာနာနှင့်အခြားသူများ., ၂၀၁၂;ဂျွန်ဂျိုနှင့်အခြားသူများ.,၂၀၁၅)။ဘန်ကောက်မြို့၊ကာဆာဆပ်တက္ကသိုလ် တွင်ပြုလုပ်သည့် ဒရင်ကောက်ပင်များ (ဖန်းပင်များ) ဆိုင်ရာအဟာရခွဲခြမ်းစိတ်ဖြာမှုသုတေသနပြုလုပ် ရာတွင် ဒီပလားဇီယမ် အက်ခယူလန်ထမ် ရိစ် (Diplazium esculentum)၏အဟာရပါ၀င်မှုကိုသုတေသနပြုရာ တွင် ကြွယ်၀သည့်အဟာရပေါင်းစပ်မှုရှိကြောင်းဖေါ်ပြသည်(ဇယား ၁)။

 

ဒီပလားဇီယမ် အက်ခယူလန်ထမ် ရိစ် (Diplazium esculentum Reytz) ၏အဟာရပေါင်းစပ်မှု။

ဘီတာ-ကာရိုတိန်း(ug/100 g)

၅၁၆.၅±၂.၆၆

ဖေါ့ဖရပ်စ် (mg/100 g)

၅၄.၀၅±၀.၈၂

ဗီတာမင် B1 (mg/100 g)

ND

ဗီတာမင် B2 (mg/100 g)

၀.၀၄±၀.၀၀

ဗီတာမင် C (mg/100 g)

၀.၉၄±၀.၈၆

ဗီတာမင်  E (α-tocopherol) (mg/100 g)

၀.၂၈±၀.၂၀

ကယ်လ်စီယမ် (mg/kg)

၁၃၈.၀၀±၅.၂၅

မဂ္ဂ နီစီယမ် (mg/kg)

၂၀၅.၀၅±၂၉.၀၇

ပိုတက်စီယမ် (mg/kg)

၃၆၉၁.၇၅±၂၇၈.၁၇

ဆိုဒီယမ် (mg/kg)

၂၇.၁၆±၂.၆၀

 

ဇယား ၁။ ဒီပလားဇီယမ် အက်ခယူလန်ထမ် ရိစ် (Diplazium esculentum Reytz )၏အဟာရပေါင်းစပ်မှု။ စီစစ်အကဲဖြတ်မှုသည် ၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကာဆာဆပ် တက္ကသိုလ်နှင့်ပူးပေါင်းဆောင်ရွက်ပြီးစီးခဲ့သည်။

 

ဒရင်ကောက်ပင်များ(ဖန်းပင်များ)ကို ရာသီလိုက်၍အာရှစျေးကွက်များစွာတို့တွင်တွေ့ရပြီး စိုစွတ် ၍အရိပ်ရှိ သည့်မြစ်ကမ်းဘေးတလျောက်နှင့်သစ်တောဧရိယာများတွင်တွေ့ရသည်။ ထိုနေရာများမှ(သဘာ၀ပေါက်ပင်) ဆွတ်ခူးကြသည်။ မိုးရာသီတွင် ထိုဒေသများ၌ ဒရင်ကောက်ရွက်/အညွန့်များ(ဖန်းအရွက်/အညွန့်များ)ကိုဒေသရှိ စျေးများထဲတွင်အစည်းလိုက်ရောင်းချသည်ကိုတွေ့ရသည်။ သို့သော် ခြောက်သွေ့သည့်လများတွင်မူဝယ်လိုအား ကို ပြည့်မှီစွာရောင်းချနိုင်ခြင်းမရှိပါ၊ အားလုံးပျောက်ကွယ်သွားကြသည်။

ယခုအခါတွင် ဒရင်ကောက်ပင်များ(ဖန်းပင်များ)အားစိုက်ပျိုးနိုင်ခြေ၊ စိုက်ပျိုးရေးအခွင့်အလမ်းများနှင့် ကန့် သတ်ချက်များကိုသုတေသနပြုလုပ်လျက်ရှိသည်။ဒရင်ကောက်ပင်များ(ဖန်းပင်များ)များကိုဆက်လက်၍သဘာဝ အရိုင်းပင်များမှမြောက်များစွာစျေးများသို့ ခူးယူရောင်းချနေသော်လည်း ထိုသဘာ၀အရိုင်းပင်များကိုအစီ အစဥ် တကျ ခူးယူသည့်မျိုးစိတ်အဖြစ်ဆောင်ရွက်ရန်လိုအပ်နေသေးသည်။ မတ်(ဇ)(၁၉၉၉) သည် စတင်နိုခ လင်းနာ ပါလုစထရစ် (ဘမ်း)Stenochlaena palustris (Burm.)နှင့် ဒီပလားဇီယမ် အက်ခယူလန်ထမ် (ရိစ်) (Diplazium esculentum (Retz.)တို့၏စိုက်ပျိုးနိုင်ဘွယ် အခြေအနေကိုမလေးရှားနိုင်ငံတွင်နှိုင်းယှဥ်ခဲ့၍ ဒီပလားဇီယမ် အက်ခယူလန်ထမ် (ရိစ်)(Diplazium esculentum (Retz.)ကိုအရိပ်မရှိသည့်အခြေအနေမျိုးတွင် စိုက်ပျိုးရန် မဖြစ်နိုင်သည်ကိုတွေ့ရှိခဲ့သည်။ ထိုင်းနိုင်ငံမြောက်ဘက်တွင်ရှိသော အီးစီအိပ်ချ်အိုအာရှဒေသဆိုင်ရာ အကျိုး သက်ရောက်မှုစင်တာမှ၎င်းတို့ကိုစိုက်ပျိုးနိုင်၍အရိပ်အောက်တွင်စိုက်ပျိုးထုတ်လုပ်သည့် စနစ်ဖြင့်စိုက် ပျိုးပါက အောင်မြင်နိုင်ကြောင်းဖေါ်ပြထားသည်။

 

လေ့လာမှု၏ရည်ရွယ်ချက်များ

ဤသဘောတရားကို စီစစ်ရန်နှင့်စမ်းသပ်ရန်အတွက် နှစ်ပေါင်းများစွာသော လက်တွေ့ကွင်းဆင်းအတွေ့ အကြုံကိုဆောက်တည်ခဲ့သည့်အကြောင်းများမှာ - (၁) အရိပ်ပုံစံအမျိုးမျိုးကိုအသုံးပြု၍ စီမံခန့်ခွဲမှုစနစ်အောက် တွင် ဒရင်ကောက်ပင်များ(ဖန်းပင်များ)၏ကြီးထွားမှုနှင့်စျေးကွက်အလားအလာတို့ကိုစီစစ်ရန် နှင့် (၂) ရိတ်ယူနိုင် သည့်မူလမိုးရာသီကာလသာမက တိုးချဲ့စိုက်ပျိုးနိုင်ခြေကိုလေ့လာ အကဲဖြတ်ရန် တို့ဖြစ်သည်။

ဒရင်ကောက်ပင်များ(ဖန်းပင်များ)ကိုသဘာ၀အားဖြင့်ရိတ်ယူနိုင်သည့်မူလမိုးရာသီကာလသာမက တိုးချဲ့စိုက် ပျိုးနိုင်ခြင်းသည် အသေးစားလယ်သမားများအတွက်စျေးကွက်အသစ်ဖွင့်ပေးနိုင်သည့် စီးပွားရေးအခွင့်အလမ်း ဖြစ်လာနိုင်သည်။ ထို့ပြင်ဖြစ်နိုင်ခြေကိုစမ်းသပ်သည့်ဤလေ့လာမှုကိုအီစီအိပ်ချ်အို၏ ကွန်ယက်အတွင်းနှင့်အပြင် လူ များမှစိတ်၀င်စားကြသည်။

 

ဒရင်ကောက်ပင်များ(ဖန်းပင်များ)ကို အမျိုးမျိုးသောအဆင့်ရှိသည့် အရိပ်အောက်တွင်စိုက်ပျိုးခြင်း

 

တည်နေရာ နှင့် စိုက်ပျိုးသည့်နေရာဖေါ်ပြချက်

အီးစီအိပ်ချ်အို အာရှ မျိုးစေ့ဘဏ်မှ ၂၀၁၁ မှ ၂၀၁၇/၂၀၁၈ ခုနှစ်စိုက်ပျိုးရာသီအတွင်းစိုက်ကွင်းတွင် စမ်းသပ် မှုများပြုလုပ်ခဲ့ပါသည်။ လေ့လာမှုပြုလုပ်သည့်နေရာ၏ရာသီဥတုအခြေအနေများ၊ထိုင်းနိုင်ငံ မြောက်ပိုင်းတောင် ကုန်းများ(၂၀° မြောက်, ၉၉° ၁၇အရှေ့ )တွင်တည်ရှိ၍ထူးခြားသည့်မိုးရာသီ(မေ လ မှအောက်တိုဘာလ)၊ ထင်ရှားသည့်တနှစ်ပတ်လုံးအပူချိန်ရာသီကာလ(နို၀င်ဘာ မှ ဧပြီလ)တွင် အပူ ချိန် ၂၅oC နှင့်၃၀oC ရှိသည် (ဇယား ၂)။

 

ဇွန်.

ဇူ

သြ

စက်

အောက်

နို

ဒီ

ဇန်.

‌ေ

မတ်

မေ.

 

ပထ်အပြိမ် (၂၀၁၁)

 

စုစုပေါင်း

မိုးရေချိန်(မမ)

 

အပူချိန် (oC)

၂၈၇

 

(၂၉)

၃၃၄

 

(၂၈)

၃၃၅

 

(၂၈)

၃၀၅

 

(၂၈)

၂၉

 

(၂၈)

 

(၂၅)

 

(၂၃)

 

(၂၂)

 

(၂၇)

၉၂

 

(၂၆)

၆၄

 

(၃၁)

၂၄၂

 

(၂၉)

၁၇၀၀

ပျမ်းမျှ

၂၇

ဒုတိယအကြိမ် (၂၀၁၇/၂၀၁၈)

 

 

စုစုပေါင်း

မိုးရေချိန်(မမ)

 

အပူချိန် (oC)

 ၂၁၁

 

(၃၁)

၃၄၉

 

(၂၉)

၃၄၆

 

(၂၉)

၃၂၂

 

(၂၉)

၃၅၁

 

(၂၇)

၁၂၀

 

(၂၆)

၉၀

 

(၂၃)

၄၀

 

(၂၅)

၁၆

 

(၂၈)

၃၄

 

(၃၂)

၈၅

 

(၃၂)

၃၃၃

 

(၃၁)

၂၂၉၇

ပျမ်းမျှ

၂၈.၅

ဇယား ၂။ ထိုင်းနိုင်ငံ မဲအိုင်၏ ပထမအကြိမ်နှင့်ဒုတိယအကြိမ်စမ်းသပ်မှု၏ လစဥ်စုစုပေါင်းမိုးရေချိန်(မမ)နှင့် လစဥ်ပျမ်းမျှအပူချိန် (oC) အချက်အလက်

 

စမ်းသပ်မှုကို ထည်ဆောက်ခြင်း

ဒရင်ကောက်ပင်များ(ဖန်းပင်များ)ကိုနေရောင်အပြည့်သော ပြုပြင်ထားသည့်စိုက်ခင်းများတွင် အရိပ်အ မျိုးအစားသုံးမျိုးပြုလုပ်စိုက်ပျိုးသည် -

၁။ အရိပ်လုံး၀မရှိ(၀%) ထိန်းချုပ်၊ ၂။ နိမ့်သည့်အရိပ်(၅၀%) နှင့်(၃)  မြင့်သည့်အရိပ် (၈၀%)။ စမ်းသပ်မှု များကို Randomized Complete Block Design (RCBD) ဒီဇိုင်းဖြင့်ပုံတူလေးခုပြုလုပ်သည်။ပြုလုပ်ထားသည့် ပျိုးခင်းဘောင်အတန်းများ၏အပေါ်တွင် အစွန်းနှစ်ဘက်ဖွင့်ထားသည့်အရိပ်ရစေသော အ၀တ်စ (တစ်ခုစီ)အား အတန်းလိုက် ၁.၅ မီတာအမြင့်တွင်ဖုံးထား၍(ပုံ ၂)၊ ခြောက်သွေ့သည့်ရာသီလများတွင် ရေသွင်း စိုက်ပျိုးရန် အတွက်ရေဖြန်းကရိယာအသေးစားများကိုတပ်ဆင်ထားသည်၊ထိုသို့ပြုလုပ်ခြင်းမှာမူလ ပေါက်သည့် ဒေသ၏ ပတ်၀န်းကျင်အခြေအနေနှင့်ဆင်တူစေရန်ပြုလုပ်ခြင်းဖြစ်သည်။စမ်းသပ်မှုနှစ်မျိုးစလုံး၏ရိတ်သိမ်းမှုကြားကာလမှာ ၁နှစ်တာဖြစ်၍ကြီးထွား နှုန်းနှင့်ထွက်နှုန်းများကိုစိုစွတ်ချိန်သို့မဟုတ်ခြောက်သွေ့ချိန်အလိုက်နှိုင်းယှဥ်နိုင်သည်။

AN 45 Fern Fig 2

ပုံ ၂။ ထိုင်းနိုင်ငံမြောက်ပိုင်း၊ မဲအိုင် ရှိ အီးစီအိပ်ချ်အို အာရှ၏ ဒရင် ကောက်ပင်(ဖန်းပင်) သုတေသန စိုက်ခင်းတွင် အချက်အလက် များစုဆောင်းနပုံ

 

စမ်းသပ်စိုက်ပျိုးသည့်အကွက်များသည် ၁မီတာx၁မီတာ ရှိ၍ဒရင်ကောက်ပင်(ဖန်းပင်) မျိုးညွန့်များကို ၃၀စမx၃၀စမခန့်ခြား၍ရွှေ့ပြောင်းစိုက်ပျိုးသည်၊ စိုက်ကွက်တစ်တကွက်တွင်၉ပင်စိုက်ပျိုးသည်။ ယခင်ကခူး ဖြတ်ခဲ့ သည့်ဒေသ သဘာ၀အရိုင်းပင်များမှ ကြီးထွားလာသောမျိုးညွန့်များကိုစတင်တည်ထောင် သည့် ဒရင် ကောက်ပင်(ဖန်းပင်) အခင်းများမှတူးယူသည်။ဒရင်ကောက်ပင်(ဖန်းပင်)များကိုအော်ဂဲနစ်မြေဆီ များဖြင့်ပြုပြင် ထားသည့်ပျိုးခင်းဘောင်များသို့ပြောင်း၍စိုက်ပျိုးသည်၊မြေဆီပြုပြင်မှုတွင်မြေဆွေး၊ နွားချေး နှင့်ကောက်ရိုးဆွေး များအပါအ၀င်ဖြစ်သည်။ ဤစမ်းသပ်မှုတွင် စတင်စမ်းသပ်သည့်ကာလအတွင်းမြေဆီပြုပြင်မှုများအတွက် ထပ် ဆောင်းမြေဆီများမထည့်ပါ။သို့သော်အခင်းများကိုစိုက်ပျိုးရာသီမတိုင်မီ ကောက်ရိုးဆွေးများစွာတို့ ဖြင့်အထပ် ထပ်ဖုံးထား၍ ခန့်မှန်းခြေအားဖြင့် ၁ ဟက်တာ လျင်၄ တန်ခန့်ထည့်၍ ဤအဆင့်မှာမြေဆီစို စွတ်မှုကိုထိန်းထား ရန်နှင့် ဒရင်ကောက်ပင်(ဖန်းပင်)များကိုစတင် စိုက်သည့်အချိန်တွင်ပေါင်းပင်များ၏ဒဏ်ကိုမခံရစေရန်အရေးကြီး သည့် အဆင့်ဖြစ်သည်ကိုတွေ့ရသည်။

 

အချက်အလက်ကောက်ယူခြင်း

ပြောင်းရွှေ့စိုက်ပျိုးသည့်အပင်များရှင်သန်သည့်အခါ(ပြောင်းရွှေ့ပြီးနောက် ၃ လ) နမူနာစိုက်သည့် ဧရိယာ အကွက်တကွက်စီ၏အလယ်တွင်ရှိသည့်အတန်းများမှစျေးတွင်ရောင်းချနိုင်သည့်ဒရင်ကောက်ပင် (ဖန်းပင်) အညွန့်များကို ၃ပတ်လျှင်တကြိမ်ဖြတ်ပြီးအချက်အလက်များစုစည်းသည်။ ဒရင်ကောက်ပင်(ဖန်းပင်)များ၏ ကြီး ထွားမှုအချက်အလက်များကို ၃ပတ်စီခြား၍ စုစုပေါင်းနမူနာကာလ ၁၄ကြိမ် အထိဆက်တိုက်ကောက် ယူသည်။ အရွက်လက်ညွန့်များကိုရေတွက်၍အစိုအတိုင်းချိန်တွယ်သည်၊အခြောက်အလေးချိန်ကိုတွက်ချက်ရန် နမူနာ အ ချို့ကိုအာဗင်(မီးဖို)ထဲတွင်အခြောက်ခံပြီးသည့်နောက်ချိန်တွယ်သည်။စိုက်ကွက်တစ်ခုစီမှနမူနာအတွက်စိုက်သည့် ဧရိယာရှိအပင်၏အမြင့်နှင့်သွေ့ခြောက်ပျက်စီး(သေသည်) သောအရွက်နှစ်မျိုးစလုံး၏အချက်အလက်များကို ၃ပတ်လျင်တစ်ကြိမ်တိုင်းထွာသည်။အပင်၏အမြင့်ကိုတိုင်းရာတွင်အရှည်ဆုံးထွက်လာသည့်ဒရင်ကောက် ရွက်/ ညွန့်ကိုအသုံးပြုတွက်ချက်၍အပင်ခြောက်သွေ့သို့မဟုတ်သေဆုံးခြင်းရာနှုန်းကိုမူအမြင်အာရုံဖြင့်အဆင့် သုံည (ခြောက်သွေ့မှု/သေဆုံးမှုမရှိ) မှ ၁၀၀(လုံး၀ ခြောက်သွေ့မှ/သေဆုံး) ဟုခွဲခြားသတ်မှတ်သည်ဟု(ဒက်မင်း နှင့် အခြားသူများ ၂၀၀၂မှ)သုံးသပ်သည်။

စမ်းသပ်မှုပြုလုပ်စဥ်ဒေသတွင်းရှိစျေးများသို့စားနိုင်သည့်ဒရင်ကောက်ပင်(ဖန်းပင်)များကို၀ယ်ယူရန်အကြိမ်များစွာသွားခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းမှာနှစ်တစ်နှစ်၏အချိန်ကာလအပိုင်းအခြားများအပေါ်တွင်မူတည်၍ ၎င်းတို့ ကို ရနိုင်မည့်အချိန် နှင့်စျေးနှုန်းကို သိရှိနိုင်ရန်အတွက်ဖြစ်သည်။ ရွက်လက်(အညွန့်)များကိုအစည်း လိုက်၀ယ်ယူ ၍ပါရှိသည့်ပမာဏအတိုင်းချိန်တွယ်ပြီးမှတ်သားထားသည်။စျေးနှုန်းကွာခြားမှုများကိုသုံးသပ်ရန်စျေးမှ၀ယ်သည့် ဒရင်ကောက်ညွန့်များကိုအနီးဆုံးမြို့ ရှိကျေးလက်စျေးများနှင့် ချင်းမိုင်မြို့အနီးတွင်‌ ရနိုင်သည်။

 

အရိပ်သည်အရေးကြီးသည်၊ စိုထိုင်းမှုမှာလည်းထိုနည်းတူအရေးကြီးသည်!   ကျွန်ပ်တို့၏လယ်ယာစိုက်ကွက်များတွင်စမ်းသပ်သည့်ရလဒ်များမှ ဒရင်ကောက်ပင်(ဖန်းပင်) များကို လယ်ယာ များတွင်စိုက်ပျိုးပါက မိုးရာသီနှင့်နွေရာသီနှစ်မျိုးစလုံးတွင်အကျိုးဖြစ်ထွန်းနိုင်မည်ဟုဖေါ်ပြထားပါ သည်။ နွေရာသီတွင်တနှစ်ပတ်လုံး လုံလောက်သည့် ရေသွင်းစိုက်ပျိုးမှုကိုလုပ်ဆောင်သော်လည်းထုတ်လုပ်မှုမှာ နွေအ ချိန်ထက်မိုးရာသီတွင်ပိုမိုမြင့်မားသည်။ ကျွန်ပ်တို့၏ရလဒ်များမှစီမံခန့်ခွဲမှုစနစ်ဖြင့်ထုတ်လုပ်ရာတွင် အရိပ် သည် အရေးကြီးသည့်လုပ်ငန်းတာ၀န်ကိုလုပ်ဆောင်ကြောင်းတွေ့ရသည်(ပုံ ၃)။ ဒရင်ကောက်ပင်(ဖန်းပင်)များ သည် အရိပ်တပိုင်းတစပေးထားသည့်(အရိပ် ၅၀%)နေရာတွင်စိုက်ပျိုးပါက အရိပ်များစွာပေးထားသည့်(၈၀%) နေရာ ထက်အထွက်ပို၍ကောင်းသည်ကိုစမ်းသပ်မှုများတွင်တွေ့ရသည်၊ သို့သော်၎င်းတို့နှစ်မျိုးအကြားကွာခြား ချက် များစွာမရှိပါ။

မည်သည့်နမူနာစမ်းသပ်မှုတွင်မဆို အရိပ်မရှိသည့်နေရာတွင်စိုက်သည့် ဒရင်ကောက်ပင်(ဖန်းပင်) များ တွင်ပျက်စီး/သေဆုံးသည့်နှုန်းမှာ အရိပ်အောက်တွင်စိုက်သည့်အပင်များထက်ပို၍မြင့်သည်။ အရွက်အစိတ်အ ပိုင်းတွင်သေဆုံးခြင်းမှာဒရင်ကောက်ပင်များသည်မြင့်သည့်နေရောင်ခြည်တွင် ထိလွယ်ရှလွယ်ကြောင်းဖေါ်ပြ ခြင်းဖြစ်သဖြင့်အိမ်တွင်းစိုက်ပျိုးရေးအဖြစ်ဆောင်ရွက်မည်ဆိုပါက ဤအချက်ကိုထည့်သွင်းစဥ်းစားရန်လိုအပ် သည်။ စမ်းသပ်မှု ၁နှင့်၂ တို့ကြားတွင်နှစ်စဥ်အပူချိန်ခြားနားချက် ၁.၅ံC ရှိ၍တစိတ်တပိုင်းအနေဖြင့် ပိုမိုကြီး ထွားမှုနှင့်သေဆုံးမှုအကျိုးဆက်များသည်အရိပ်မရှိသည့်ဒုတိယစမ်းသပ်မှုကိုပထမစမ်းသပ်မှုဖြင့်နှိုင်းယှဥ်ခြင်း ဖြစ်သည်။

AN 45 Fern Fig 3
Figure 3. Fresh weight of fern fronds harvested during the rainy and dry seasons of 2 separate trial runs.

 

Ferns grown without shade displayed higher rates of necrosis/plant death than those that had shade, in every instance. This death in vegetative parts indicates that the vegetable fern is highly sensitive to sunlight and therefore a major factor to consider in domesticating the plant. There was 1.5oC average annual temperature difference between runs 1 and 2, which explains in part the additional growth, and subsequent necrosis without shade, in the second run compared to the first run.

AN 45 Fern Fig 4

ပုံ ၄။ မိုးရာသီနှင့်ခြောက်သွေ့ရာသီအတောအတွင်း သီးခြားစမ်းသပ်မှု ၂ခုပြုလုပ်ရာတွင် ဒရင်ကောက်ပင်အရွက်များသေဆုံးသည့်ရာခိုင်နှုန်း

 

ဤလုပ်ငန်း၏ရလဒ်များကိုသုံးသပ်ရာတွင်စိုက်ပျိုးသည့် ၂ ကြိမ်စလုံးတွင်မိုးရာသီနှင့််ခြောက်သွေ့ရာသီ ကြား တွင် အထွက်အလွန်ကွာခြားသည်ကိုတွေ့ရပါသည်။ ၎င်းသည်မိုးရာသီကာလစိုက်ပျိုးရေးတိုးချဲ့ရန်အတွက် ဆက်စပ် နေသည့်အကြောင်းအရာတစ်ခုဖြစ်၍ ဒုတိယအကြိမ်တွင်ပျမ်းမျှမိုးရွာသွန်းခြင်းကိုဖေါ်ပြထား သည် (ပထမအ ကြိမ်စိုက်ပျိုးသည့် ၁၇၀၀မမ နှင့် နှိုင်းစာပါက ၂၂၉၇ မမ)။ ထိုကဲ့သို့ဖြစ်ခြင်းသည် အရိပ်ထွက် နှုန်းကို ကွာခြားစေသည်သာမကဒရင်ကောက်ပင်ပင်(ဖန်းပင်)ထုတ်လုပ်မှုအတွက်စိုက်ပျိုးရာတွင်လည်းအရေးကြီး သည်။ လုံလောက်သည့်အစိုဓါတ်သည်လည်း၎င်းနည်းတူအရေးကြီးသည်။ရာသီတခုလုံးတွင်၃-၄ရက်တစ် ကြိမ် ရေ  သွင်း ပေးသော် လည်း စိုစွတ်မှုပို၍လိုအပ်ကောင်းလိုအပ်လိမ့်မည်။

အလားအလာများနှင့် အသေးစားလယ်ယာလုပ်ငန်းတွင်ပြန်လည်အသုံးပြုခြင်း

             ဤရလဒ်များသည်မပြည့်စုံသော်လည်း ဒရင်ကောက်ပင်(ဖန်းပင်)စီမံကိန်းဆွဲ၍ စိုက်ပျိုးထုတ်လုပ်ခြင်း သည်အလားအလာအလွန်ကောင်းသည်ကိုညွှန်ပြပါသည်။အသေးစားလုပ်ငန်းအဖြစ်ဒရင်ကောက်ပင်(ဖန်းပင်) စိုက်ပျိုးထုတ်လုပ်ခြင်းကိုအသေးစားလယ်ယာလုပ်ငန်းများတွင်ပေါင်းစည်းနိုင်၍ ပေါင်းစည်းထုတ်လုပ်သင့်သည် ဟုကျွန်ပ်တိုယုံကြည်ပါသည်။ ၀င်ငွေရသီးနှံနှင့်အိမ်တွင်း စားသုံးရန်အတွက်ဖြစ်သည်။ ဤလျစ်လျူရှုထားခံရ၍ များစွာအသုံးမပြုသည့်မျိုးစိတ်(Neglected & Underutilized Species (NUS)သည်စျေးကွက်တွင်ရောင်းချ နိုင်ခြေရှိသည်စီးပွားရေးအခွင့်အလမ်းရှိသည့် အပင်ဖြစ်သည်သာမကစားသုံးသောမိသားစုများအတွက်အဟာရ ပြည့်၀သည့်ထပ်ဆောင်းဟင်းသီဟင်းရွက်အဖြစ်အထောက်အကူဖြစ်စေသည်။ အရှေ့တောင်အာရှနှင့်အခြား သောဒေသများတွင်လည်း ဒရင်ကောက်ပင်(ဖန်းပင်) သည် စီးပွားရေးအလားအလာရှိသည့် ကောက်ပဲသီးနှံ ဖြစ် သည်။ ဒရင်ကောက်ပင်(ဖန်းပင်)များကိုစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ဆက်လက်သုတေသနပြုရန်နှင့် အချောသပ် လုပ်ဆောင်ရန်လိုအပ်ပါသည်။ သို့သော်စီမံကိန်းချ၍ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အလွန်ပင်အလားအလာကောင်း သည်။

ကျေးဇူးတင်လွှာများ

            စာရေးသူများမှဆက်လက်ဆောင်ရွက်လျက်ရှိသည့်ဤစီမံကိန်းတွင် ပါ၀င်ကူညီဆောင်ရွက်သူများစွာတို့ အားကျေးဇူးတင်အပ်ပါသည်။ လုပ်ငန်းစဥ်တလျှောက်အချက်အလက်ကောက်ယူခြင်းနှင့်ထိန်းသိမ်းခြင်းအားဖြင့် ကူညီပံ့ပိုးပေးသူများအားလည်းကျေးဇူးတင်ပါသည်၊အထူးသဖြင့် အီးစီအိပ်ချ်အို အာရှ စေတနာ့၀န်ထမ်းများဖြစ် ကြသော ဂျိမ်းစ် မန်စန်၊ ခရစ် လော့၊ နှင့် ကာလက်(ဘ)နှင့် ကေလိုင် ဖိလစ် တို့အားကျေးဇူးများစွာတင်ပါသည်။ စတင်တည်ထောင်ခြင်း၊စိုက်ကွက်များကိုထိန်းသိမ်းခြင်းနှင့် ငြီးငွေ့ဖွယ်ကောင်းသည့်အချက်အလက်ကောက်ယူ ခြင်းများတွင်ပါ၀င်ကူညီသည့်အတွက်ကျေးဇူးတင်ပါသည်။

မှီငြမ်းချက်များ

Archana, G. N., Pradeesh, S., Chinmayee, M. D., Mini, I., Swapna, T. S. (2012). Diplazium esculentum: a wild nutrient-rich leafy vegetable from Western Ghats. In: Sabu, A., Agustine, A. (eds) Propsects in Bioscience: Addressing the Issues. 293-301.

Deadman, M. L., Khan, I. A., Thacker, J. R. M., Al-Habsi, K. (2002). Interaction between leafminer damage and leaf necrosis caused by alternaria alternata on potato in the Sulfanate of Oman. The Plant Pathology Journal. 18(40): 210-215.

Duncan, K., Chompoothong, N., Burnette, R. 2012. Vegetable Production Throughout the Rainy Season. ECHO Asia Notes. 13: 1-14.

 

Junejo, J. A., Ghoshal, A., Mondal, P., Nainwal, L., Zaman, K., Singh, K. D., Chakraborty, T. (2015). In-vivo toxicity evaluation and phytochemical, physiochemical analysis of Diplazium esculentum (Retz.) Sw. leaves a traditionally used North-Eastern Indian vegetable. Advances in Bioresearch. 6(5): 175-181.

LinL. J.HsiaoY. Y., & KuoC. G. (2009). Discovering Indigenous Treasures: Promising Indigenous Vegetables from Around the World. World Vegetable Center. 9(720): 118-121. 

Mertz, O. (1999). Cultivation potential of two edible ferns, Diplazium esculentum and Stenochlaena palustris. Tropical Agriculture. 76(1): 10-16.

Sakai, S., Choy, Y. K., Kishimoto-Yamada, K., Takano, K. T., Ichikawa, M., Samejima, H., Kato, Y., Ushio, M., Saizen, I., Nakashizuka, T., Itioka, T. (2016). Social and ecological factors associated with the use of non-timber forest products by people in rural Borneo. Biological Conservation. 204: 340-349.