ECHO မျိုးစေ့ဘဏ်သည် စီးပွားရေး သို့မဟုတ် မျိုးစေ့ ကုမ္ပဏီဖြစ်ပါသလား။

မဟုတ်ပါ။ ECHO သည်အကျိုးအမြတ်မယူသောအဖွဲ့အစည်းဖြစ်ပါသည်။ အဓိကအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိသောအသေးစားလယ်သမားများနှင့်ဥယျာဉ်ခြံမြေစိုက်ပျိုးသူများအားရည်ရှည်တည်တံ့သောငတ်မွတ်ခေါင်းပါး မှုအတွက်အဖြေများကိုပေးခြင်းဖြင့် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းရန် ရူပါရုံရှိသော အဖွဲ့အစည်းဖြစ် ပါသည်။ မျိုးစေ့ဘဏ်သည် ကမ္ဘာ့လုံးဆိုင်ရာ ခရစ်ယာန်သာသနာ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မျိုးစေ့ဘဏ် ၏ရည်ရွယ်ချက်မှာ သယံဇာတအရင်းအမြစ်နည်းပါးသောလယ်သမားများ၊ ဥယျာဉ်စိုက်ပျိုးသူများနှင့်တိုက်ရိုက် အလုပ်လုပ်နေသည့် တစ်ဦးချင်းသို့မဟုတ်အဖွဲ့အစည်းများအားမျိုးစေ့များပေးရန်ဖြစ်ပါသည်၊ ယူအက်စ်တွင်ရှိ သော ဥယျာဉ်ခြံမြေစိုက်ပျိုးသူများအားပေးရန်မဟုတ်ပါ။

ကျွန်ပ်သည်ယူအက်စ်မှဥယျာဉ်ခြံမြေစိုက်ပျိုးသူတစ်ဦးဖြစ်ပါသည်။ ECHO မှမျိုးစေ့ကိုမည်သို့မှာယူနိုင်မည်နည်း။

ECHO ၏ကမ္ဘာ့မျိုးစေ့ဘဏ်စာရင်းများတွင်ပါဝင်သောမျိုးစေ့များသည် လူထုဖွံ့ဖြိုးမှုတွင်တက်ကြွစွာပါ၀င်လုပ် ကိုင်နေကြသော နိုင်ငံခြားမှကွန်ယက်အဖွဲ့၀င်များအတွက်သာရည်ရွယ်ပါသည်။ အမေရိကန်နိုင်ငံတွင်ရှိသော ဥယျာဉ်ခြံမြေစိုက်ပျိုးသည့်တစ်ဦးချင်းတို့အားရောင်းချပေးသောမျိုးစေ့များကို ECHO စာအုပ်ဆိုင်နှင့်အွန်လိုင်း စာအုပ်ဆိုင်ဝက်(ဘ)ဆိုက်မှတဆင့်ရနိုင်ပါသည်။

သင်တို့ဖြန့်ဝေသည့်မျိုးစေ့များကိုပို၍များသောပမာဏဖြင့်လိုချင်ပါကမည်သည့်နေရာတွင်ရနိုင်မည်နည်း။

ကျွန်ပ်တို့၏စာရင်းထဲတွင်ပါ၀င်သောမျိုးကွဲများသည် သုတေသနဌာန သို့မဟုတ် အပြည်ပြည်ဆိုင်ရာမျိုးစေ့ ဘဏ်များမှအများဆုံးရရှိ၍ များစွာသောပမာဏဖြင့်မရနိုင်ပါ။ အချို့သောမျိုးကွဲများကို ဖလော်ရေဒါတွင်ရှိသော ကျွန်ပ်တို့၏သုတေသနနှင့်သရုပ်ပြ လယ်ယာများတွင်မျိုးပွားပါသည်။ အခြားတို့မှာ နယ်ပယ်ဒေသတွင်ရှိသော မျိုးစေ့ကုမ္ပဏီများမှဝယ်ယူပါသည်။

ကျွန်ပ်၏နိုင်ငံတွင်းသို့ မည်သည့်မျိုးစေ့များကိုသွင်းခွင့်ပြုထားပါသနည်း။

သွင်းကုန်စည်းမျဉ်းဉပဒေများအပေါ်တွင်မူတည်၍ တိုင်းပြည်တစ်ပြည်နှင့်တစ်ပြည်မတူကြပါ။ တားမြစ် သို့မဟုတ် ကန့်သတ်ထားသောအပင်မျိုးစိတ်စာရင်းအတွက် သင်၏စိုက်ပျိုးရေး၀န်ကြီးဌာနကိုဆက်သွယ်ပါ။ တစ်ခါတစ်ရံ အပင်ပစ္စည်းများကိုခွင့်မပြုသော်လည်း မျိုးစေ့ကိုမူခွင့်ပြုသည်။ ECHO မျိုးစေ့ဘဏ်ထံမှအကူအညီ ရယူရန် ဆက်သွယ်နိုင်ပါသည်။ ကျွန်ပ်တို့သည်အများအားဖြင့်ရှာဖွေရန် အကူအညီပေးနိုင်ပါသည်။

အပင်ရောဂါကင်းရှင်းကြောင်းလက်မှတ်/ထောက်ခံစာကိုမည်သို့ရနိုင်မည်နည်း။

ECHO ၏မျိုးစေ့ဘဏ်မှတင်ပို့သောမျိုးစေ့များအတွက် အပင်ရောဂါကင်းရှင်းကြောင်းထောက်ခံစာကိုကျွန်ပ်တို့ ရယူပေးနိုင်ပါသည်။ ဤကဲ့သို့ရနိုင်ရန်အတွက်အနည်းဆုံးနှစ်ပတ်ကြာပါသည်။ ထို့ကြောင့်ပစ္စည်းမှာယူရန်နှင့်ရောဂါ ကင်းရှင်းကြောင်းထောက်ခံစာနှစ်မျိုးစလုံးကိုရယူရန်အတွက်အချိန်လုံလောက်စွာထားပါ။ အများအား ထောက်ခံစာ မထုတ်ပေးမီသွင်းယူမည့်နိုင်ငံမှ တင်သွင်းရန်ခွင့်ပြုချက်ကိုရယူရန်လိုအပ်သည်။ ရောဂါကင်းရှင်းကြောင်းထောက်ခံ စာလိုအပ်သည်ဟုသင်ထင်ပါကမျိုးစေ့ဘဏ်ကိုတိုက်ရိုက်ဆက်သွယ်ပါ။ ကျွန်ပ်တို့အနေဖြင့်ကူညီရန်အသင့်ရှိနေပါ သည်။

ကျွန်ပ်တို့ကို seeds@echonet.org တွင်ဆက်သွယ်ပါ။