Biopest 01

ဇီ၀ပိုးသတ်ဆေးစီမံခန့်ခွဲမှုအတွက်အသုံးပြုသည့်ပစ္စည်းများ

ထရစ်ကာဒါးမာ

ထရစ်ကာဒါးမာ(ထရစ်ကာဒါးမာ ဟာဇီအမ်နမ်)သည်မြေကြီး၊အပင်ပစ္စည်းနှင့်တိရစ္ဆာန်စွန့်ပစ္စည်းသို့မဟုတ်အော်ဂဲ နစ် ပစ္စည်းများတွင် ကောင်း စွာကြီး ထွား သည့် အဆင့်မြင့်မှိုဖြစ်သည်။ ၎င်းတွင်အဖြူရောင်အမျှင်များ ပါ၀င်၍နှင့်မျိုး မှုန် တို့မှ တဆင့်ပျံ့ နှံ့ပေါက်ပွားသည်။ဘက်တီးရီးယားပိုးမွေးမြူသည့်ပစ္စည်းတွင်မွေးမြူပါက အဖြူရောင်အ မျှင်များ နှင့် အစိမ်းရောင်မျိုးမှုန်များ အားမျက်စေ့ဖြင့်မြင်နိုင်သည်၊ အခြားသောအမျိုးအစားများတွင်မျိူးမှုန်များ သည် အဖြူ ရောင် သို့မဟုတ်အ၀ါရောင်ဖြစ်နိုင်သည်။ ထရစ်ကာဒါးမာသည် “ဆန့်ကျင်လို သော(အန်တာဂါနစ်စတစ်)” မှိုသတ် ဆေးဟု လူသိများသည်။၎င်းသည်မြေကြီးထဲတွင်နေသည့် အပင်တို့၏ ရောဂါအမျိုးမျိုးတို့အားခေါင်း ပုံဖြတ် ခြင်း သို့မဟုတ် ကပ်ပါးကောင်ကဲ့သို့ပြုမူခြင်း၊ ယှဥ်ပြိုင်ခြင်းနှင့် ပက်သိုဂင်များစားသောအစာများကိုစား ခြင်းစသည့် နည်းများဖြင့် ထိန်းနိုင် သည်။ဤအရာများအပြင်ထရစ်ကာဒါးမာသည်ဓါတ်သတ္တုများကို အပင်များစားသုံး နိုင်သည့် အရည်အဖြစ်သို့ ပျော်၀င်ရန်အထောက်အကူ ပြုသည်၊အပင်များ၏ကြီးထွားဖွံ့ဖြိုးမှုနှင့် မှိုနှင့်ဘက်တီးရီးယား များမှ ဖြစ်ပေါ်လာစေ သည့် ရောဂါများကို ခံနိုင်ရည်ရှိမှုအတွက်အထောက်အကူဖြစ်စေသည်။

Biopest 02

ဤအရာများသည်ထရစ်ကာဒါးမာမှရောဂါများကိုခုခံတွန်းလှန်သည့်နည်းဖြစ်သည်။

  • အလွန်မြင့်မားစွာယှဥ်ပြိုင်နိုင်စွမ်း-ထရစ်ကာဒါးမာ၏စွမ်းရည်ဖြစ်သောမိမိတွင်ရှိသည့် အဖြူရောင် အမျှင်များနှင့်မျိုးမှုန်များအားလျှင်မြန်စွာဖွံ့ဖြိုးစေနိုင်ခြင်းသည်အချို့သောနေရာများတွင်အခြားသောပက်သိုဂင်များသို့မဟုတ်အလွန်သေးငယ်သောဇီ၀သက်ရှိများအားယှဥ်ပြိုင်တိုက်လှန်နိုင်စွမ်းကိုဖြစ်ပေါ်စေသည်။ထရစ်ကာဒါးမာသည်ရောဂါဖြစ်စေသည့်ပက်သိုဂင်များ၏လုပ်ငန်းများကိုအနှောက်အယှက်ဖြစ်စေ၍၎င်းတို့၏သိပ်သည်းခြင်းကိုလျော့ကျစေသည်။
  • ရောဂါဖြစ်စေသည့်ပက်သိုဂင်များ၏ကပ်ပါး-ထရစ်ကာဒါးမား၏အမျှင်ဖြူများသည် ရောဂါဖြစ်စေ သည့်မှိုအပါအ၀င် အခြားသောသက်ရှိများအားချည်နှောင်ခြင်းနှင့်ထိုးဖေါက်ခြင်းများကို ပြုလုပ်နိုင် သည်။ ထရစ်ကာဒါးမာသည် အန္တရာယ်ရှိသောမှိုများမှတည်ဆောက်သည့်ပေါက်ပွားခြင်း သို့မဟုတ် ကြီးထွားသည့်ရာသီအထိရှင်သန်ခြင်းကိုအားပေးသောအရာများအားဖယ်ရှားပေးနိုင်သည်။
  • ရောဂါဖြစ်စေသည့်ပက်သိုဂင်များတွင်အခြေချခြင်းသို့မဟုတ်အန္တရာယ်ပေးခြင်း- ထရစ်ကာဒါးမာ သည် ရောဂါဖြစ်စေသည့်ပက်သိုဂင်များအားခုခံတိုက်ဖျက်ရန် ဇီ၀-ပဋိဇီ၀ဆေးများ၊ အဆိပ်အ တောက်၊ နှင့်အင်ဇိုင်းများကိုထုတ်နိုင်သည်။
  • ရောဂါခုခံခြင်းကို လှုံ့ဆော်တက်ကြွစေသည်- ထရစ်ကာဒါးမာသည်အပင်၏အမြစ်များကိုကာကွယ် ရာတွင်အထောက်အကူဖြစ်စေမည်။အမြစ်၏စနစ်ကိုကျန်းမာ၊သန်စွမ်း၍ရောဂါဖြစ်စေသည့်ပက် သိုဂင်များကိုခုခံရန် ခံနိုင်ရည်ကိုတိုးစေသည်။အစေ့များအညှောက်ပေါက်ခြင်းနှင့်ပျိုးပင်များ ကြီး ထွားမှု ကို တိုးပွားစေသည်၊ ပင်ထန်း ပိုင်းရုန် နှင့် အာစင်းနစ်အက်စစ်များကဲ့သို့သောအင်ဇိုင်း များနှင့် ပရိုတင်းများထုတ်ရန်အတွက်အပင်များကိုလှုံ့ဆော်ပေးသည်၊၎င်းတို့သည် ရောဂါတို့၏ခုခံ အားကို တိုးစေ သည်။

 

ထရစ်ကာဒါးမာ၏အကျိုးကျေးဇူးများ

ထရစ်ကာဒါးမာသည်အောက်ပါတို့အားအမြစ်ပြတ်သုတ်သင်နိုင်သည်။

၁၊   ဖိုင်သီယမ် အက်စ်ပီပီ - ပျိုးပင်များ၊အမြစ်နှင့်ပင်စည်တို့ကိုပုပ်စေခြင်းနှင့်ခရမ်းချဥ်ပင်နှင့်အခြားသော ဟင်းသီးဟင်းရွက်များ၏အရွက်များကိုပုပ်စေသည်။

၂၊    ဖိုင်သော့သိုရာ အက်စ်ပီပီ - တောကြက်မောက်သီး၊ လိုက်ချီးနှင့်ဒူးရင်းသီးများ၏အပွင့်နှင့်အသီးများအား ကြွေကျစေသည်၊ ငရုပ်ပင်၊ ဒူးရင်းပင်နှင့်လိမ္မော်၊သံပုရာ၊ ငြုပ်ကောင်း၊ ဖရဲသီး၊ သခွား၊ ခရမ်းချဥ်နှင့် ငှက်ပျောပင် တို့၏ အမြစ်နှင့်ပင်စည်များကိုပုပ်စေသည်။

၃၊   စကဲရိုးရှီယန် အက်စ်ပီပီ -အမြစ်နှင့်ပင်စည်ကိုပုပ်စေသည်၊ ပျိုးပင်လောင်ကျွမ်းခြင်း၊ စကယ်လိုရီယမ် ပင်စည်ပုပ်ခြင်း နှင့် ခရမ်းချဥ်၊ စတော်ဘယ်ရီ နှင့် အာလူးအပါအ၀င်ဖြစ်သည့် ကောက်ပဲသီးနှံအ မျိုးမျိုးတို့ အားငိုက်စိုက်ကျခြင်းများဖြစ်စေသည်။

၄၊ ရေဇို့တိုးနီးယား အက်စ်ပီပီ - အမြစ်နှင့်ပင်စည်ပုပ်ခြင်း၊ ပျိုးပင်ပုပ်ခြင်းနှင့် ဒူးရင်းပင်များတွင်အရွက် များညှိုး ခြောက်ခြင်းကိုဖြစ်စေသည်။

၅၊   ကော်လက်တိုရစ်ချမ် အက်စ်ပီပီ - သရက်၊စပျစ်၊ မာလကာ၊ ဂျူဂျူဘီ၊ နှင်းဆီပန်းသီး၊ သဘော်သီး၊ ငြုပ်၊ ကြက်သွန်၊ ကြက်သွန်အမျိုးမျိုး၊ ကြက်သွန်နီအလုံးသေး၊ ကြက်သွန်ဖြူနှင့် အာလူးစသည်တို့တွင် အန်းသရက်နို့စ် (မှိုကြောင့်အလွန်ပျက်စီးစေသည့်ရောဂါတမျိုး) ကိုဖြစ်စေသည်။

၆၊   အော်လ်ထယ်နယ်ရီယာ အက်စ်ပီပီ - ဂေါ်ဘီထုပ်၊ ကိုက်လံ၊ တရုတ်မုန်လာ၊ ဂေါ်ဘီပန်း၊ ဂေါ်ဘီပန်း အစိမ်းရောင်၊ စတော်ဘယ်ရီနှင့်ငရုပ်တို့၏အရွက်များတွင်အစက်အပြောက်များဖြစ်စေသည်။    

၇၊   ဖရူးဇာရီယမ် အက်စ်ပီပီ - ဥယျာဥ်ခြံစိုက်ပျိုးပင်များနှင့်ကောက်ပဲသီးနှံပင်များ၏အရွက်များကိုလောင်ကျွမ်း စေသည်။

******************************************************

ဘာဗေးရီယာ

ရည်ရှည်တည်တံ့သည့်စိုက်ပျိုးရေး၏အခြေခံမူများသည်ဖျက်ပိုးများကိုထိန်းချုပ်သည့်ဓါတုပစ္စည်းများအသုံးပြုခြင်း နည်းသွားရန်အားပေးသည်။ ၎င်းသည်လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းတွင်ထည့်ရမည့်လုပ်ငန်းမတည်စရိတ်ကိုလည်း နိမ့်စေသည်။ ထို့ကြောင့်၎င်းသည်လိုအပ်ပါသည်။ဖျက်ပိုးကိုထိန်းချုပ်ရန်အခြားသောနည်းများကိုလည်းလိုအပ်သည်။ ဂေဟစနစ်မျှတမှုကိုထိန်းသိမ်းနိုင်ရန်အတွက် သဘာ၀အားဖြင့်ရှိနှင့်ပြီးသည့် သဘာ၀နည်းလမ်းများစွာ ရှိပါသည်။ ဥပမာအားဖြင့်ဤကမ္ဘာကြီးတွင်ဖြစ်လျက်ရှိသည့်ရောဂါပျံ့နှံမှုကိုနည်းတနည်းဖြင့်ထိန်းနိုင်ခြင်းဖြစ်သည်။မှို၊ ဘက်တီး ရီးယားနှင့်ဗိုင်းရက်စ်ပိုးများကြောင့်ပျံ့နှံ့သည့်ရောဂါများသည်အများအားဖြင့်သီးခြားပိုးအရေအတွက်ကိုလျော့ချခြင်း သို့မဟုတ် နှိမ်နှင်းခြင်းစသည်တို့ပြုလုပ်ပေးခြင်းဖြင့်ထိရောက်မှုရှိသည်။ ဘက်တီးရီးယားနှင့်ဗိုင်းရက်စ်ပိုးနှစ်မျိုးစလုံး တို့သည်ကန့်သတ်မှုများရှိသည်။ သို့စေကာမူ၎င်းတို့အလုပ်လုပ်နိုင်ရန်အတွက်အင်းဆက်ပိုး မွှားများသည်၎င်းတို့အား စားကြရမည်။ စိုက်ပျိုးရေးတွင်အပင်များတို့ မှိုများသည်အခြားသောပက်သိုဂင်များအပေါ် အားသာချက်များ ရှိသည်။ ၎င်းတို့သည်အပင်၏ခန္ဓာ(ပင်စည်)ထဲသို့၀င်နိုင်သည်၊ထို့ကြောင့်ပိုးမွှားအမျိုးပေါင်းများစွာတို့ကိုသတ်နိုင်သည်အပင်၏ အရည်များကိုစုပ်ယူသည့်အရာအားလုံး-ဖြုတ်စိမ်း(ပျပိုး)၊ စပါးဖျက်အင်း ဆက်ပိုး၊ သီးပင်များကိုဖျက်သည့်၀ါဂွမ်း ရောင်ရှိသောပိုး၊ အပင်စားသည့်ပိုးအားလုံး-နွားချေးပိုး/ပိုးတောင်မာများ နှင့်ခူကောင်/ ပေါက်ဖတ်၊ နှင့်မြေကြီးထဲတွင် နေသည့် ပိုးများစွာတို့အပါအ၀င်ဖြစ်သည်။

ဖျက်ပိုးများကိုထိန်းချုပ်ရာတွင် ဘာဗေးရီယာ၏တာ၀န်၀တ္တရား

ဘာဗေးရီယာ(သိပ္ပံအမည်-ဘာဗေးရီယာ ဘာစီယာနာ)ကိုအဖြူရောင်အမျှင်များဖြင့်ပြုလုပ်ထားသည်၊ထိုအမျှင်များ ကို မှို-မွေးမြူသည့်ပစ္စည်းများ၊ သို့မဟုတ် အာဂါအာဂါ ကဲ့သို့သောဆီလျော်မှုရှိသည့်အခြားသောအစာတွင်ကြီးထွား လာသည့်အခါထင်ရှားစွာလေ့လာနိုင်သည့်အရာဖြစ်သည်။ ဘာဗေးရီယာ၏အင်းဆက်တိုက်ခိုက်နိုင်သည့်အရည် အ သွေးကို ၎င်း၏မျိုးမှုန်များနှင့်အင်းဆက်ပိုးထိတွေ့ဆက်သွယ်ခြင်းပြုလုပ်သည့်အခါတွင်နားလည်သဘော ပေါက်နိုင် သည်။ထိတွေ့ဆက်သွယ်မှု၏၁၂နာရီအတွင်းအင်းဆက်ပိုး၏ခန္ဓာကိုယ်အပေါ်တွင်အစိုဓါတ်နှင့်သင့်လျော်သည့်အစာရှိပါက မျိုးမှုန်များသည်အဖြူရောင်အမျှင်အစို့များထွက်လာမည်။ခန္ဓာ(ပင်စည်)ပိုင်းကိုထိုးဖေါက်၀င်ရောက်မည်။ ထိုနောက်အတွင်းတွင်ကြီးထွားလာမည်။ ထိုအချိန်တွင်အင်းဆက်ပိုးသည်အားနည်းလာမည်။လူသားကဲ့သို့ပင်ဖျားနာ လာမည်။ခံတွင်းပျက်လာ၍နောက်ဆုံးတွင်သေဆုံးမည်။၎င်းတို့သေသည့်အခါမျိုးမှုန်များသည်ကိုယ်ခန္ဓာ(ပင်စည်)ပိုင်းကိုတဖန်ထိုးဖေါက်၍တဖန်ပြန်၍ထွက်လာမည်။ လျှင်မြန်စွာသို့မဟုတ်နှေးကွေးစွာအလုပ်လုပ်နေပါစေ ဘာဗေးရီယာ ၏အောင်မြင်မှုသည် အင်းဆက်ပိုး၏ခန္ဓာကိုယ်ကိုထိုးဖေါက်နိုင်သည့်စွမ်းရည်အပေါ်တွင်မူတည်သည်။

Biopest 03

ဘာဗေးရီယာအင်းဆက်အဖြစ်သို့ ၃-၇ရက်အတွင်း၀င်ရောက်လာသည့်အခါထင်ရှားသည့်အောင်မြင်မှုလက္ခဏာများ ကိုဖေါ် ထုတ်လာသည်။၎င်းသည်ဖျက်ပိုး-ပြည့်ဧရိယာများအပေါ်သို့မှိုများကိုဖျန်းမည်၊ထိုသို့ဖြင့်မျိုးမှုန် များသည်အ ခြားသောအင်းဆက်ပိုးများစွာတို့နှင့်ဆက်သွယ်နိုင်သည်၊၎င်းမှာယေဘုယျအရေအတွက်ကိုထိရောက်စွာ နည်းသွားစေ သောနည်းလမ်းဖြစ်သည်။ ၎င်းသည်အကျိုးပြုကျူးကျော်သားရဲသို့မဟုတ် ကပ်ပါးများကိုမထိခိုက်စေပါ၊ ဥပမာအား ဖြင့် အာဖီလင် အိုင်ဒီ မိသားစုဖြစ်သည့်ကပ်ပါး နကျယ်ကောင်မျိုးဖြစ်သည့် အင်ခါးရှီယာ အက်စ်ပီပီ၊ သို့မဟုတ် လိပ်စ် ၀င်း(ဇာပေါက်ပိုး)ဟုလူသိများသည့် အင်းဆက်ပိုးအုပ်စုထဲမှသားရဲတိရစ္ဆာန်မျိုး၊ သို့မဟုတ် ဖြုတ်စိမ်း/ပျပိုး၊၀ါဂွမ်း ရောင်ရှိသည့်သီးပင်ဖျက်ပိုး၊လိပ်ပြာဥကဲ့သို့သောအလွန်သေးငယ်သည့်ဖျက်ပိုးများကိုစားသည့် ခရစ်ဆိုဖာ စသည် တို့ဖြစ်သည်။ ဘာဗေး ရီယာများသည်စီးပွားရေးလုပ်ငန်းနှင့်အခြားသောစိုက်ပျိုးထုတ်လုပ်သူများ အတွက် မည်မျှ အသုံး၀င်သည်ကိုမှတ်သားပါ၊ အချဥ်ဖေါက်ခြင်း သို့မဟုတ် ပျံ့နှံ့ပေါက်ခြင်းတို့မှ တဆင့်ပွားများခြင်းများ ပြုလုပ်သော အခါတွင်ပင်လျင်မှိုစွဲနေသည့် အစာများအပေါ်တွင်ပင်လျင် ပြန့်ပွားနိုင်သည်။ အလွန်ပြင်းထန်သည့်အလင်းရောင်၊အပူ ချိန် နှင့်စိုထိုင်းဆမြင့်မားခြင်းကိုခံနိုင်သည့်မျိုးမှုန်များကိုပင်ထုတ်လုပ်နိုင်သည်။

အရေးကြီးသည်-

ဘာစေးလပ်စ် သူရင်ဂျီယန်းစစ်(ဘီတီ)သည် အမျိုးမျိုးသောဘောက်ဖတ်/ခူကောင်အမျိုးအစားများကို ထိရောက်စွာ ထိန်းချုပ်နိုင်သည့် အလွန်သေးငယ်သော ဇီ၀သက်ရှိဖြစ်သည်။ ၎င်းတွင်သက်ရှိ အမှုန်များ(မျိုးမှုန်များ)နှင့်ဘက်တီး ရီးယား၏အဆိပ်ဖြစ်စေသည့် ပုံဆောင်ခဲများပါ၀င်ဖွဲ့စည်းထားသည်။ ဘောက်ဖတ်/ခူကောင်သည် ဘာစေးလပ်စ် သူရင်ဂျီယန်းစစ်(ဘီတီ)ကိုစားသည့်အခါ ဘီတီမှဖန်တီးထုတ်လုပ်သည့်အဆိပ်များသည်ဘောက်ဖတ်/ခူကောင်တို့၏ အစာချေဖျက်စနစ်ကိုနှေးလာစေသဖြင့် တက်ခြင်း၊ တုံ့ဆိုင်းခြင်းနှင့် ၁-၂ ရက်အတွင်းသေခြင်းတို့ဖြစ်စေနိုင်သည်။ ဘာစေးလပ်စ် သူရင်ဂျီယန်းစစ် (ဘီတီ) သည်လူသားများ၊တိရစ္ဆာန်များနှင့် ပတ်၀န်းကျင် ထိန်းသိမ်းရေးအတွက် ကိုမူ အဆိပ်မဖြစ်စေပါ။

ဘောက်ဖတ်/ခူကောင်များအပေါ် ဘာစေးလပ်စ် သူရင်ဂျီယန်းစစ် (ဘီတီ) များ၏ထိရောက်မှုဥပမာများ

Biopest 04aBiopest 04bBiopest 04cBiopest 04dBiopest 04e

ဒိုင်းမွန်ဘက် ပိုးဖလံ(ကြောဘက်တွင်၀ါဂွမ်းရောင်ရှိသော)-ဂရင်း လိုဂင် လူပါ-သာမန် ဘရင်းစတုံး လိပ်ပြာ-၀ါဖေါက်ပိုး-အုပ်စုဖွဲ့ ဘောက်ဖတ်များ/ကိုက်ဖြတ်သည့်ဘောက်ဖတ်များ

 

 

 

ဘာစေးလပ်စ် သူရင်ဂျီယန်းစစ် (ဘီတီ) သည်မည်သို့အလုပ်လုပ်သနည်း

ဘာစေးလပ်စ် သူရင်ဂျီယန်းစစ် (ဘီတီ) များသည် သာမန်ဓါတုပိုးသတ်ဆေးများကဲ့သို့အလုပ်မလုပ်ပါ။ ၎င်းတို့သည် အင်းဆက်ပိုးမျိုးစိတ်များကို ပြင်းထန်သည့်နှုန်းတမျိုးတည်းဖြင့်မသတ်ပါ၊ ဖျန်းပြီးသည့်နောက်အင်းဆက်များသည် ချက်ချင်းမသေပါ။ဘာစေးလပ်စ် သူရင်ဂျီယန်းစစ်(ဘီတီ)သည်အစာလမ်းကြောင်းအင်းဆက်ပိုး၏ခန္ဓာတွင်းရှိအစာ ထုတ်သည့်နေရာ-ကိုအဆိပ်ဖြစ်စေသည်။ စားသည်နှင့်တပြိုင်နက် ဘာစေးလပ်စ် သူရင်ဂျီယန်းစစ် (ဘီတီ)သည် စနစ် အတွင်းသို့၀င်သည်။

Biopest 05

ဘာစေးလပ်စ် သူရင်ဂျီယန်းစစ် (ဘီတီ) ကိုအသုံးပြုရန်နည်းပညာများ

၁၊  ဘာစေးလပ်စ် သူရင်ဂျီယန်းစစ် (ဘီတီ)ကို ဘောက်ဖတ်/ခူကောင်များအရွယ်သေးငယ်သည့်အချိန်တွင်အသုံးပြု သင့်သည်။

၂၊  ဘာစေးလပ်စ် သူရင်ဂျီယန်းစစ် (ဘီတီ) ကိုညနေပိုင်း နေရောင်နည်း၍အစိုဓါတ်နည်းသည့်အချိန်တွင်ဖျန်းရမည်။

၃၊   ဘာစေးလပ်စ် သူရင်ဂျီယန်းစစ် (ဘီတီ)ကိုစေးကပ်သည့်အရာတခုခုနှင့်အစဥ်ရောရမည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဘီတီများသည်အပင်များ၏အပေါ်တွင်ပို၍ကြာရှည်စွာကပ်နေရန်အထောက်အကူဖြစ်စေမည်။

၄၊ နေရာပို၍ကျယ်ကျယ်ဖျန်းနိုင်ရန်အတွက်ဖျန်းသည့်ဘူးတံ၏နှုတ်သီး(နော်ဇယ်)ကိုအမြင့်ဆုံးဖျန်းနိုင်ရန်အတတ်နိုင် ဆုံးညှိပါ။

၅၊  ဘောက်ဖတ်/ခူကောင်များဥပေါက်သည့်အချိန်နှင့်ပျံ့နှံ့သည့်အချိန်အတောအတွင်းဘာစေးလပ်စ် သူရင်ဂျီယန်းစစ်  (ဘီတီ) ကို၃-၅ရက်လျှင်တစ်ကြိမ်ဖျန်း၍ တစ်ကြိမ်ဖျန်းပါက ၂-၃ ပတ်ဆက်တိုက်ဖျန်းရမည်။

၆၊  ဘာစေးလပ်စ်သူရင်ဂျီယန်းစစ်(ဘီတီ)ကိုအပင်များရောဂါမဖြစ်ရန်ကာကွယ်သည့်ဓါတုပစ္စည်းများနှင့်ရော၍မသုံး သင့်ပါ၊ အထူးသဖြင့်ဘက်တီးရီးယားများကိုအန္တရာယ်ဖြစ်စေမည့် အရာမျိုးကိုဆိုလိုသည်၊ ဥပမာ ပဋိဇီ၀ဆေးများ၊ ကောပါး အောက်ဆိုက်အစရှိသဖြင့်။ ဘာစေးလပ်စ် သူရင်ဂျီယန်းစစ် (ဘီတီ)ကို အယ်လကိုင်းအရည်ဖြင့် မရောနှောသင့်ပါ။

* ဘာစေးလပ်စ် သူရင်ဂျီယန်းစစ်(ဘီတီ) ရောစပ်ရန်အသုံးပြုသည့်ပုံးကိုနေရောင်နှင့်အပူရှိန်မရှိသည့်နေရာတွင် ထားသင့်သည်။

ဘာစေးလပ်စ် သူရင်ဂျီယန်းစစ်(ဘီတီ)ကိုအသုံးပြုခြင်း၏အကျိုးကျေးဇူး

၁၊  ဘာစေးလပ်စ်သူရင်ဂျီယန်းစစ်(ဘီတီ)သည်သင်ထိန်းရန်မလိုအပ်သောအရာများကိုထိခိုက်မှုမဖြစ်စေဘဲသင်အလို မရှိသည့်အင်းဆက်ပိုးများကိုသာဦးတည်တိုက်ခိုက်မည်၊ ဥပမာ အကျိုးပြုကျူးကျော်သည့်သားရဲများနှင့် ကပ်ပါးများ။

၂၊ ဘာစေးလပ်စ် သူရင်ဂျီယန်းစစ်(ဘီတီ)သည်အပင်များ၊တိရစ္ဆာန်များနှင့်လူများ၊ အသုံးပြုသူများနှင့်စားသုံးသူများအ တွက် လုံခြုံမှုရှိသည်။

၃၊ ဘာစေးလပ်စ်သူရင်ဂျီယန်းစစ်(ဘီတီ)သည်အန္တရာယ်ဖြစ်စေသည့်မည်သည့်အကြွင်း အကျန်ကိုမျှမထားခဲ့ပါ။ သင် ၏ အပင်များကို ဘာစေးလပ်စ် သူရင်ဂျီယန်းစစ်(ဘီတီ)နှင့်ဖျန်းပြီးသည့်အခါ သင်သည်၎င်းတို့ကိုစားသုံးနိုင်သည်။ ရိတ်သိမ်း/ခူးယူရန်အတွက်စောင့်စရာမလိုပါ။

၄၊ ဘာစေးလပ်စ် သူရင်ဂျီယန်းစစ်(ဘီတီ) သည်အခြားသောအလွန်သေးငယ်သည့်ဇီ၀သက်ရှိများနှင့်နှိုင်းယှဥ်ပါက အလွန်ပင်ထိရောက်မှုရှိသည်။

မှတ်သားရမည့်အချက်များ

ဘာစေးလပ်စ် သူရင်ဂျီယန်းစစ် (ဘီတီ) ကို ပိုးစာအတွက်စိုက်ပျိုးသည့် မာလ်ဘယ်ရီခင်းများတွင်အသုံးမပြုသင့်ပါ၊ ပိုးစာမွေးမြူသည့်မည်သည့်နေရာအနီးအနားတွင်မဆို၎င်းကိုမဖျန်းသင့်ပါ၊အဘယ်ကြောင့်ဆိုသော်၎င်းတို့အားအန္တ ရာယ်ဖြစ်စေ သောကြောင့်ဖြစ်သည်။

****************************************************

ဘာစေးလစ် ဆပ်တီလစ်(ဘီအက်စ်)အကြောင်း

ဘက်တီးရီးယား ဘာစေးလစ် ဆပ်တီလစ်(ဘီအက်စ်)သည် မှိုနှင့်ဘက်တီးရီးယားအမျိုးမျိုးမှဖြစ်စေသည့် ရောဂါ တို့မှအပင်များကို ကာကွယ်နိုင်သည့် အခြားအသုံး၀င်သော အလွန်သေးငယ်သည့် သက်ရှိ(အဏုဇီရုပ်) ဖြစ်သည်။ ဘာစေးလစ် ဆပ်တီလစ် (ဘီအက်စ်)သည်လည်းလူသားများ၊တိရစ္ဆာန်များသို့မဟုတ်ပတ်၀န်းကျင်ကို အန္တရာယ်မပြု ပါ၊ ထိခိုက်စေမည့်အကြွင်းအကျန်များကိုလည်း မထားခဲ့ပါ။ ၎င်းသည်အပင်များအတွင်းသ ဘာ၀အလျောက်နေ ထိုင် သည့်ဘက်တီးရီးယားများဖြစ်သဖြင့် ၎င်းတို့နှင့်ထိတွေ့သည့်အခါ အန္တရာယ်ဖြစ်စေမည့်အရာများကို ထုတ်လုပ် မည်မဟုတ်ပါ။ ရောဂါဖြစ်စေသည်နှုန်းကိုနိမ့်ကျစေမည့်များစွာအကျိုးပြုမည့် အဏုဇီ၀ရုပ်ဖြစ်သည်။

 

ဘာစေးလစ် ဆပ်တီလစ်(ဘီအက်စ်)သည် -

၁၊ ရောဂါဖြစ်စသည့်ဘက်တီးရီးယားများကိုတိုက်ရိုက်တိုက်ဖျက်နိုင်သည်။

၂၊ ပဋိဇီ၀အမျိုးမျိုးထုတ်နိုင်သည်။

ဘာစေးလစ် ဆပ်တီလစ် (ဘီအက်စ်)၏သိသာထင်ရှားသည့် သွင်ပြင်လက္ခဏာမှာ အဟာရချို့တဲ့သည့်ပတ်၀န်းကျင် များတွင်အဟာရအတွက်ယှဥ်ပြိုင်နိုင်သည့် အလွန်မြင့်သည့်အရည်အသွေး (အခြားသောအဏုဇီ၀ရုပ်နှင့် နှိုင်းစာလျှင်) ရှိခြင်းဖြစ်သည်။

 

ပက်သိုဂဲနစ်မှိုနှင့် ဘက်တီးရီးယား၊ နှင့် ၎င်းတို့၏ရောဂါလက္ခဏာများ၊ ဘာစေးလစ် ဆပ်တီလစ်(ဘီအက်စ်)မှထိန်း ချုပ်နိုင်သည့်ရောဂါများ

ရောဂါလက္ခဏာများ

ပက်သိုဂဲနစ်မှိုနှင့်အက်တီးရီးယား

အမြစ်ပုပ်ခြင်း

ဖရူးဇာရီယမ် အက်စ်ပီပီ

ဖိုင်သော့သိုရာ အက်စ်ပီပီ

ဖိုင်သီယမ် အက်စ်ပီပီ

စကဲကိုးရှီယန် အက်စ်ပီပီ

ရေဇို့တိုးနီးယား အက်စ်ပီပီ

အမြစ်ပျော့ခြင်း

အာ၀ိနီယာ အက်စ်ပီပီ (Erwinia spp).

ညှိုးနွမ်းခြင်း

ဆယ်ဒိုမိုးနပ်စ် စိုလာနာစီအာရမ် Pseudomonas solanacearum

 

ဘက်တီးရီးယားဆိုင်ရာ ညှိုးခြောက်စေခြင်း

ဇန်သိုမိုးနပ်စ် အက်စ်ပီပီ(Xanthomonas spp.)

 

သစ်ပုပ်နာ

ဇန်သိုမိုးနပ်စ် အက်စ်ပီပီ(Xanthomonas spp.)

 

အရွက်တွင်အစက်အပြောက်

စယ်ကော့ပိုရာ အက်စ်ပီပီ(Cercospora spp.  )            စက်ပီတိုရီယာ အက်စ်ပီ(Septoria sp.)

အန်းသရက်နိုစ်

ကော်လက်တိုထရစ်ချမ် အက်ပီ(Colletotrichum sp.

 

ဘာစေးလစ် ဆပ်တီလစ်(ဘီအက်စ်) ကိုအသုံးပြုခြင်း

အပင်များ

ဦးတည်သည့်ရောဂါ

အသုံးပြုသည့်နှုန်း

ဘရာစစ်ကာစီအာ မိသားစုမှအပင် များ-ကိုက်လံ၊ဂေါ်ဘီထုပ်၊ ပန်းဂေါ်ဘီ၊ တရုန်မုန်လာ၊ မုန်ညှင်းစသဖြင့်ပါ၀င်သည်။

(ကြွပ်၍အရွက်၀ါသည့်ရောဂါ)ဖရူးဇာရီယမ် မှိုကြောင့်ဖြစ်ပေါ်သည့်ညှိုးခြောက်ခြင်း၊ (ရွှေ၀ါရောင်အရွက်ရောဂါ) ဇန်သိုမိုးနပ်စ် ဘက်တီးရီးယားကြောင့်ဖြစ်ပေါ်ခြင်း၊ အော်လ်ထယ်နယ်ရီယာ မှို ကြောင့်ဖြစ် သည့် အရွက်အစက်အပြောက်။ ဘီအက်စ် ၅၀ ဂရမ်ကိုရေ ၂၀လီတာနှင့် သုံးပါ။ မစိုက်ပျိုးမီ ရေပေါက် ပြု လုပ်၍ နောက် ၇-၁၀ ရက် တိုင်း တွင်လောင်းပါ။

အမြစ်ဟင်းသီးဟင်းရွက်များ-ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဒဲကော၊ အာလူး၊ ပိန်းဥ စသည်တို့အပါအ၀င်

အာ၀ိနီယာ ကဲ့သို့သောဘက်တီးရီးယား ကြောင့် အမြစ်ပုပ်ခြင်း၊ အော်လ်ထယ် နယ်ရီယာ မှို ကြောင့်ဖြစ်သည့် ခရမ်းရောင် အကွက်။

ဘီအက်စ် ၅၀ ဂရမ်ကိုရေ ၂၀လီတာနှင့် သုံးပါ။ မစိုက်ပျိုးမီ ရေပေါက် ပြု လုပ်၍ နောက် ၇-၁၀ ရက် တိုင်း တွင်လောင်းပါ။

ခရူးခါဘီထာရှီယာ မိသားစုမှအပင်များ-ဖရဲသီး၊ သခွားသီး၊ ခ၀ဲသီး၊ ကြက်ဟင်းခါးသီးအပါအ၀င်

ဖိုင်သော့သိုရာ၊ ဖိုင်သီယမ်၊

ဖရူးဇာရီယမ် စသည်တို့အပါအ၀င်  မှိုများကြောင့်ဖြစ်ပေါ်သည့် (အနွယ်ကွဲ-အမြစ်ပုပ်သည့်ရောဂါ)

ဘီအက်စ် ၅၀ ဂရမ်ကိုရေ ၂၀လီတာနှင့် သုံးပါ။ မစိုက်ပျိုးမီ ရေပေါက် ပြု လုပ်၍ နောက် ၇-၁၀ ရက် တိုင်း တွင်လောင်းပါ။

အခြားသောအပင်များ-ဆေးရွက် ကြီး၊ ခရမ်းချဥ်၊ ငရုပ်၊ ကညွတ် ကဲ့သို့သောအပင် စသဖြင့်၊

ရေဇို့တိုးနီးယား၊ အန်းသရက်နိုစ် ကြောင့်ဖြစ်သည့် ညှိုးနွမ်းခြင်းနှင့် အရွက်အစက်အပြောက်ဖြစ်ခြင်း၊

ဘီအက်စ် ၅၀ ဂရမ်ကိုရေ ၂၀လီတာနှင့် သုံးပါ။ မစိုက်ပျိုးမီ ရေပေါက် ပြု လုပ်၍ နောက် ၇-၁၀ ရက် တိုင်း တွင်လောင်းပါ၊

အသီးများ-ဒူးရင်း၊ အချဥ်သီးပင် များ၊ တောကြက်မောက်ပင်၊ မာလကာပင် စသည်တို့အပါအ၀င်၊

ဘိုထရီဒစ်ပလိုဒီယာ မှိုကြောင့်ဖြစ်ပေါ် သည့် အပွင့်ကြွေခြင်း၊

ဘီအက်စ် ၅၀ ဂရမ်ကိုရေ ၂၀လီတာနှင့် သုံးပါ။ မစိုက်ပျိုးမီ ရေပေါက် ပြု လုပ်၍ နောက် ၇-၁၀ ရက် တိုင်း တွင်လောင်းပါ။

 

 

အင်းဆက်ပိုးများကိုသဘာ၀နည်းများဖြင့်ထိန်းချုပ်ခြင်း

 

 

တမာပင်                        အဇာဒီရပ်ထာ အင်ဒီခါ ဂျပ်စ် Var. စင်နန်စစ် ဗီလင်တန် (Azadirachta indica Juss. Var. Sinensis Valeton)Biopest 06

မိသားစု                         - မလီယေးစီအာ (Meliaceae)

သွင်ပြင်လက္ခဏာများ                  တမာပင်သည် ရေရှည်ခံပင်ဖြစ်၍ ၅-၁၀ မီတာရှည်လိမ့်မည်။ ပင်စည်တွင် မီးခိုး ရောင်သို့မဟုတ်အညိုနုရောင်အခေါက်ရှိသည်။သစ်ပင်၏မည်သည့်အပိုင်းတွင်မဆို ခါးသည့်အရသာရှိသည်၊ အဘယ်ကြောင့်ဆိုသော်ဓါတုပစ္စည်း နမ်ဘီတင် ရှိနေ သောကြောင့်ဖြစ်သည်။၎င်းတွင်အဆိပ်မရှိပါ။ ပန်းများသည်အကိုင်း၏အရင်းတွင် အခိုင်လိုက်ပွင့်၍ အပင်မှအရွက်ဟောင်းများ ကြွေသည့် အခါပေါ်ထွက်လာမည်။ ပွင့်ဖတ်များသည်အဖြူရောင်ဖြစ်၍အနံ့မွှေးသည်။ဒီဇင်ဘာလမှမတ်လအထိအပွင့် ပွင့်မည်။Biopest 07

ပျံ့နှံ့ပေါက်ပွားပုံ                           အစေ့သို့မဟုတ် ကိုင်းဖြတ်ခြင်း     

အသုံးပြုသည့်အပိုင်းများ              အရွက်များ၊ အသီး၊ အခေါက်နှင့် အစေ့အားလုံးတို့ကို ဖျက်ပိုးထိန်းချုပ်ရာတွင် အသုံးပြုနိုင်သည်။

အရေးကြီးသည့်၀တ္တုပစ္စည်းများ    - တမာအခေါက်တွင် နင်းဘင်နှင့် ဒီယာစီထယ် လင်းဘင် ဓါတ်သတ္တု ကွန်ပေါင်း ပါ၀င်သည်။

-တမာရွက်တွင်အနံ့ရှိသည့် အရောင်မဲ့အနံ့သင်းပျံ့သည့်ပယင်းရောင် ကွာစီတင် ပါ၀င်သည်။

-တမာသီးတွင် အခါးဆုံး၀တ္တုပစ္စည်းဖြစ်သည့် ဘာကာယာနင်ပါ၀င်သည်။

-တမာပွင့်များတွင် ဂလိုင်ခိုဆိုက် နင်ဘိုစတာရင်(၀.၀၀၅%)၊ အလွန်ပူသည့် မရှိ မဖြစ်လိုအပ်သည့်ဆီ(၀.၅%)နှင့်အတူ နင်ဘိစီတင် နှင့် နင်ဘိုစတီရို ဓါတုပစ္စည်း များ၊ ဖက်တီးအက်စစ်များ နှင့် ခါးသည့်အရသာရှိသောအရာများပါ၀င်သည်။

- တမာစေ့များတွင် အင်းဆက်ပိုးများကိုသတ်နိုင်သည့် မာဂိုစစ် အက်စစ် သို့မဟုတ် “နင်းမ်အဆီ” နှင့် နင်ဘင်၊ နင်ဘင်တင်နှင့် ဓါတုကွန်ပေါင်း အာဇာဒိ ရပ်တင် ၄၅% ပါ၀င်သည်။အစေ့များတွင် အာဇာဒိရပ်တင် ၀.၄-၁%၊ ပျမ်းမျှအား ဖြင့် အိန္ဒိယတမာ တွင် ၆.၇ mg/g၊ ထိုင်းတမာတွင် ၆.၇ mg/g နှင့် ဖိလစ်ပိုင် တမာ (အာဇာဒိရပ်တင် အက်စီလာ) ၄.၀ mg/g ပါ၀င်ကြသည်။

အကျိုးရှိသည့်အသုံးပြုမှုများ       - တမာ၏အင်းဆက်ပိုးများအပေါ်ထိရောက်မှုသည်ပုံစံအမျိုးမျိုးဖြစ်နိုင်သည်။ ၎င်းအားပိုးသတ်ဆေး၊ပိုးကောင်နှင်သောဆေးအဖြစ်အသုံးပြုနိုင်၍အင်းဆက်ပိုးများအား ခံတွင်းပျက်စေ၍ဖွံဖြိုးမှုကိုရပ်တံ့စေသည်။ ဥအမာအားဖြင့် တမာသည် ဘောက်ဖတ်များအားမိမိတို့၏အခွံခွါချနိုင်သည့်စွမ်းရည်ကိုပျောက်ဆုံးစေနိုင်သည်(နောက်သက်တမ်းတစ်ခုသို့မလွတ်မြောက်နိုင် သို့မဟုတ် မဖွံ့ဖြိုးနိုင်ဘဲ ဘောက် ဖတ်များသေခြင်း)၊ ၎င်းမှာတမာ၏ကွန်ပေါင်းမှဖန်တီးသည့်ဟော်မုန်း အသစ်များ ကြောင့်ဖြစ်သည်။ ဤဟော်မုန်းများသည် ဥ ထုတ်လုပ်မှုအပေါ်တွင် လည်းအကျိုး သက်ရောက်စေ၍ထုတ်လုပ်သည့် ဥ ပမာဏကိုလည်းလျော့နည်းစေသည်။ အာဇာ ဒိရပ်တင်ကွန်ပေါင်းသည် ဘောက်ဖတ်များတွင်ကောင်းစွာအလုပ်ဖြစ်သည်၊ဥပမာ- ဒိုင်းမွန်းဘက် ပိုးဖလံ၊ ဂေါ်ဘီထုပ် ပိုး၊ အရွက်ဖျက်ပိုး၊ ဖြတ်ပိုးလောက်ကောင်၊ ၀ါးဂွမ်းဖေါက်ပိုး၊ပင်စည်ဖေါက်ပိုးနှင့်ပေါ်စီလင်း ဘောက်ဖတ်စသည်တို့ဖြစ်သည်။ သို့သော် အနီရောင်၀ါဖျက်ပိုး၊ သန်း၊ ဖြုတ်၊ဘီတယ်(ပိုးတောင်မာ)အမျိုးမျိုး၊အစိမ်း ရောင်ရှိ၍နံသောပိုးကောင်၊ပဲဖေါက်ပိုး၊ဂွမ်းရောင်ရှိသည့်သီးဖျက်ပိုးများအပေါ်တွင်မူထိရောက်မှုမရှိပါ။ မှိုနှင့်ဘက်တီးရီးယားများကို နှိမ်နင်းရန်အသုံးပြုနိုင်သည်။

 

 

 

ဆေးရွက်ကြီး                             နိကိုတီယာနာ တာဘာကွမ် အယ်လ်

(Nicotiana tabacum L.)

Biopest 08

မိသားစု                                     စိုးလာနေစီး (Solanaceae)

ပျံ့နှံ့ပေါက်ပွားပုံ                         အစေ့

အသုံးပြုသည့်အပိုင်း                   အရွက်များ        

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ     ဆေးရွက်ကြီးအရွက်တွင် အော်ဂဲနစ်အက်စစ် (မာလစ် အက်စစ်၊ စီထရစ် အက် စစ် နှင့် အိုဇာလစ်အက်စစ်)ပါ၀င်၍ ပိုလီဗီနို ရူထင် အက်စစ်၊ ကလိုရိုဂျင်းနစ် အက် စစ် နှင့် ကွာဆီတင်နှင့်မရှိမဖြစ်သည့် အယ်လ်ကိုဟောလ်အဆီနှင့် နီကိုတင်စသည် တို့ပါ၀င်သည်။

အကျိုးရှိသည့်အသုံးအပြုမှုများ     ပင်စည်ဖေါက်ပိုးများ၊ ဂေါ်ဘီထုပ်ပိုး၊ အရွက်ဖျက်ပိုး၊ ၀ါဖောက်ပိုး၊ လိပ်ပြာ ဘောက်ဖတ်များ ဖြုတ်စိမ်း/ပြပိုးများ၊ စပါးဖျက်အင်းဆက်ပိုးများ၊ ခြအမျိုးမျိုး နှင့်အလှေးများကာကွယ်ခြင်းနှင့်ထိန်းခြင်းတို့တွင်ပို၍ထိရောက်စေသည်။ဆေး ရွက် ကြီးသည်အပင်များအားရောဂါပိုးကျရောက်ခြင်းမှကာကွယ်ထိန်းချုပ်နိုင် သည်။

အသုံးပြုနည်း     ဆေးရွက်ကြီး ၁ kg ကိုရေ ၂လီတာနှင့်ရော၍တစ်ညစိမ်ပါ။ ရေစစ်၍ဆေးရွက် ကြီး အဖတ်များကိုဖယ်ထုတ်ပါ၊ရေ၅၄လီတာရောပြီးနောက်ဖျန်းပါ၊သင်၏ကိုယ် ခန္ဓာကိုယ်ကိုမထိစေပါနှင့်၊ ပက်ဖျန်းပြီး ၃-၄ ရက်နောက်ပိုင်းတွင်ပုံမှန်အဖြစ်စား သုံးနိုင်သည်။

 

 

 

စီထရိုနယ်လာ    စိုင်ဘိုဖိုဂွန် နာဒပ် ရင်ဒယ် (Cymbopogon nardus Rendle)Biopest 09

မိသားစု                                     ဂရယ်မီနီအာ (Gramnineae)

ပျံ့နှံ့ပေါက်ပွားပုံ                           အမြစ်  

အသုံးပြုသည့်အပိုင်းများ              အရွက်များနှင့် ပင်စည်များ

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ- စီထရိုနယ်လာတွင် မက်သယ်လ် ယူဂျီနောလ်၊ ဘာဗီနာ အဆီ၊ သံပုရာအဆီ နှင့် အိန္ဒိယ တင်လဲရည်အဆီများပါ၀င်သည်။

အကျိုးရှိသည့်အသုံးအပြုမှုများ    စီထရိုနယ်လာကို ဖြတ်တောက်သည့်ဘောက်ဖတ်၊ ဒိုင်းယားမွန်း ဘက်ပိုးဖလံ များ၊ ခြင်များနှင့်ပိုးဟပ်များကို ထိန်းရန်အသုံးပြု၍ အသီးစားယင်ကောင်အဖို များကို ဖျားယောင်းရန်နှင့် အနှံဖေါက်ပိုးများကိုမောင်းထုတ်ရန်အသုံးပြုသည်။

အသုံးပြုနည်း-                            ၁၊ စီထရိုနယ်လာ၏အဆီကိုအခြားသောဆီများနှင့်ရော၍ဖျက်ပိုးများကိုနှင် ထုတ် ရန်ဖျန်းသည်။

၂၊ လတ်ဆတ်၍ အနံ့အပြည့်အ၀ရှိသည့်စီထရိုနယ်လာအရွက် ၄kg၊ပဒဲကော/ထိုင်း ဂျင်း ၄ kg၊ တမာရွက် ၄ kgတို့ကိုအနှစ်ဖြစ်သည်အထိထောင်းပြီးရေ ၃၆ လီတာ တွင်တညလုံးစိမ်ထားပါ။အဖတ်များကိုစစ်ထုတ်၍အရည်ကိုအဆီအနှစ်အဖြစ်သုံး ပါ။ ဟင်းချိုဇွန်း ၁၀ဇွန်းခန့်ကိုရေ ၂၀လီတာနှင့်ရော၍ ဟင်းသီးဟင်းရွက် အခင်း များ၊ စပါးခင်းများနှင့်သစ်သီးခြံများတွင်ဖျန်းပေးပါ။

 

                                                ၃၊ စီထရိုနယ်လာအမြစ်နှင့်အရွက်များကိုနုတ်နုတ်စဥ်းပြီးနောက် အနှစ် ၅၀၀ ဂရမ် ခန့်ရသည်အထိထောင်းပါ။ ဤအရာကို ရေ၁၀လီတာနှင့်ရော၍တရက်ခန့်ထားပါ။ အဖတ်များမပါအောင်စစ်၍ပန်းကန်ဆေးရည်သို့မဟုတ်ခေါင်းလျှော်ရည် ကဲ့သို့ သောပစ္စည်းဖြင့်အရွက်-စေးကပ်အောင်ပြုလုပ်ပါ၊ ထိုနောက်ဖျန်းပါ။

 

 

ဆိတ်စားပေါင်းပင်                      အာဂျီရာတမ် ကွန်နီဇ၀ိုက် အယ်လ် (Ageratum conyzoides L.)Biopest 10

မိသားစု                                     ကွန်ပိုစစ်တိုင် (Compositae)

ပျံ့နှံ့ပေါက်ပွားပုံ                           အစေ့   

အသုံးပြုသည့်အပိုင်း                   အရွက်များနှင့်ပင်စည်များ  

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   -အကျိုးရှိသည့်အသုံးအပြုမှုများ            ဖျက်ပိုးများကိုထိန်းရန်အသုံးပြုနိုင်သည်။

အသုံးပြုနည်း     အရွက်နှင့်ပင်စည် ၁ kgကိုထောင်း၍ ရေ ၁၈လီတာဖြင့်ညလုံးပေါက်စိမ်ပါ။ ဤအ ရေကိုဖျန်းဆေးအဖြစ်အသုံးပြုနိုင်သည်။

 

 

 

နွန်တား ရပ်ခ်     စတဲမိုနာ ကော်လင်စဲ လရိဘ် (Stemona collinsae Craib)Biopest 11

မိသားစု                                     စတဲမနေစီ (Stemonaceae)

ပျံ့နှံ့ပေါက်ပွားပုံ                           အမြစ်၊ အစေ့    

အသုံးပြုသည့်အပိုင်း                   အမြစ်

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   စတဲမိုနိုင်း (Stemonine)

အကျိုးရှိသည့်အသုံးအပြုမှုများ     နွန် တား ရပ်ခ် ကိုအန္တရာယ်ဖြစ်စေသည့် မှိုနှင့်ဘက်တီးရီးယားတို့အားထိန်းရန်နှင့် ကာကွယ်ရန်အသုံးပြုသည့်အပြင်ဖျက်ပိုးအမျိုးမျိုးပြေးသည့်ဆေးအဖြစ်အသုံး ပြုနိုင်သည်။

အသုံးပြုနည်း     နွန် တား ရပ်ခ် အမြစ် ၁ kgကိုထောင်း၍ ရေ သို့မဟုတ်အုန်းဆီ၁၈လီတာဖြင့် ညလုံးပေါက်စိမ်ပါ။ဤအရေဖြင့်အင်းဆက် ပိုး များနှင့်ဘောက်ဖတ်များကိုဖျန်းပါ။

 

 

ကြက်သွန်ဖြူ                             အယ်လ်ယွမ် ဆာထီးဗင် အယ်လ်၊(Allium sativum L.Biopest 12

မိသားစု လေးလီယေစီ (အယ်လီယေစီ) Liliaceae (Alliaceae)

ပျံ့နှံ့ပေါက်ပွားပုံ                           ဥ         

အသုံးပြုသည့်အပိုင်း                  

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   ကြက်သွန်ဖြူကိုခြေလိုက်သည့်အခါ သို့မဟုတ် ကြက်သွန်ဖြူအဆီအထဲတွင်  အာလီစင် သို့မဟုတ် ဒီးလီးယယ် ဆာလဖိုက်၀.၆-၁%ပါ၀င်၍၎င်းသည် ဆာလဖာ တွင်ရှိသည့်အနံ့ပြင်းသည့်ကွန်ပေါင်းမျိုးဖြစ်သည်။

အကျိုးရှိသည့်အသုံးအပြုမှုများ     ဖြတ်ပိုး၊ ဖြုတ်စိမ်း/ပြ၊ စပါးဖျက်ပိုး၊ အမျိုးမျိုးသောနွားချေးပိုး/ပိုးတောင်မာ၊ နှင့် ငှက်မွှေးနုကဲ့သို့သောဖါးဥ/မှို နှင့် ပဲပိစပ်မှုန်စသည်တို့မှ ကာကွယ်၍ထိန်းနိုင်သည်။

အသုံးပြုနည်း                             ၁၊ ကြေညက်စွာစဥ်းထားသည့်ကြက်သွန်ဖြူ ၁ kgကို ရေနံဆီ သို့မဟုတ် ဘင်ဇင်း တွင် ၂၄နာရီကြာမျှစိမ်ထားပါ။ ထို့နောက်ဆပ်ပြာရည်အနည်းငယ်ထည့်၍ နှံ့အောင် မွှေပါ။ အရည်ကြည်သာကျန်သည်အထိရောသမပါ။ အသုံးမပြုမီ၎င်းကို အဆ၂၀ အားပျော့အာင်ပြုလုပ်ပေးပါ၊ သို့မဟုတ် ရေ ၁၀၀လီတာခန့်ဖြင့်ရောပါ။

                                                ၂၊ ကြက်သွန်ဖြူအမွှာကြီးသုံးမွှာခန့်ကိုချေပြီးရေနံဆီတွင်နှစ်ရက်ခန့်စိမ်ပါ။စစ်ပြီး နောက်ရရှိသည့်အရည်ကိုဆပ်ပြာရည်တမင်းစားဇွန်း၁ဇွန်းဖြင့်ရောပါ။သမအောင် မွှေပါ။ အသုံးမပြုမီရေ ၁၀လီတာဖြင့်အားပျော့သွားအောင်လုပ်ပါ။

                                                ၃၊ ကြက်သွန်ဖြူလက်တဆုပ်စာကိုညက်သည်အထိထောင်း၍ ရေပူလီ တာတ၀က် ခန့်ဖြင့် ၂၄ နာရီစိမ်ပါ။အဖတ်များစင်သည်အထိစစ်၍ ရေ ၄လီတာနှင့် ဆပ်ပြာရည် ထမင်းစားဇွန်းတ၀က်တို့ဖြင့်ရောမွှေပါ။တရက်လျှင်နှစ်ကြိမ်၊ တရက်ခြား၊မနက် ပိုင်း တွင်လောင်းပါ။

                                                ၄၊ ကြက်သွန်ဖြူအမွှာကြီး ၂မွှာနှင့်ငြုပ်သီးခြောက် လက္ဘက်ရည်ဇွန်း ၂စွန်းကိုရော ကြိတ်ပါ။ ရေပူ ၄လီတာနှင့်ဆပ်ပြာရည်အနည်းငယ်ထည့်ပါ။ မွှေပါ၊ အသုံးမပြုမီ စစ်ပါ။ဤအရည်သည်အသီးများကိုဖျက်သည့်ဘောက်ဖတ်/ခူကောင်များကိုနှိမ် နင်းနိုင်သည်။

၅၊ အခွံခွါထားသည့်ကြက်သွန်အမွှာလက်တစ်ဆုပ်စာကိုနေလှန်းပါ၊ ထိုနောက် အမှုန့်ဖြစ်သည်အထိထောင်းပါ။ ရောဂါဖြစ်နေသည့်အပင်ကို စိုစွတ်မှုမရှိသည့် အချိန်တွင်ဖျန်းပါ။

 

 

 

နနွင်း    ကာကူမာ ဒိုမက်စတိကာ(ကာကူမာ လွန်ကာ) Curcuma domestica (Curcuma longa) Biopest 13

မိသားစု                                     ဇင်ဂျီဘရေးစီး (Zingerberaceae)  

ပျံ့နှံ့ပေါက်ပွားပုံ                           အမြစ် သို့မဟုတ် ဥ

အသုံးပြုသည့်အပိုင်း                   အမြစ် သို့မဟုတ် သစ်ဥ သစ်ဖု   

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   ကူကူမင် နှင့် အခြားအသုံး၀င်သည့်ဆီများ

အကျိုးရှိသည့်အသုံးပြုမှုများ ဖျက်ပိုးအမျိုးမျိုးတို့ကိုထိန်းရန်နှင့်မောင်းထုတ်ရန်အသုံးပြုသည်။၎င်းတို့အထဲတွင် သကြားမုန်လာဖျက်ဘောက်ဖတ်/ပိုးလောက်ကောင်များ၊ဖြတ်စားသည့်ဘောက် ဖတ်/ပိုးလောက်ကောင်များ၊ ကျောတွင်၀ါဂွမ်းရောင်ရှိသည့်ပိုးဖလံ/ဘောက်ဖတ် များ၊ဂေါ်ဖီထုတ်ဖျက်ပိုးကောင်များ၊နှင့်အမျိုးမျိုးသောဘောက်ဖတ်/ခူကောင်များ၊ ပဲဖေါက်ယင်ကောင်သားလောင်း၊ကောက်ပဲဖေါက်ကောက်နှံပိုးများ၊နွားချေးပိုး/ပိုး တောင်မာများ၊ စပါးဖျက်ပိုးတောင်မာများ၊ အနှံဖေါက်ပိုးများ၊ သာမန်အသီးဖျက်ပိုး များနှင့်ရေလှေးများတို့အပါအ၀င်ဖြစ်သည်။

အသုံးပြုနည်းများ                       ၁၊ နနွင်းတက် ၅၀၀ဂရမ်ကိုချေ၍ရေ ၂၀ လီတာတွင် ညလုံးပေါက်စိမ်ထား ပါ။ အဖတ်များစင်သည်အထိစစ်၍ဟင်းသီးဟင်းရွက်ခင်းများကိုဖျန်းပါ။

                                                ၂၊ ကြေညက်စွာထောင်းထားသည့် နနွင်း ၁ ပုံနှင့် နွားကျင်ငယ်ရည် ၂ပုံကိုရော ပါ။ အဖတ်မပါ အောင်စစ်ပြီးနောက်သဘာ၀ပိုးသတ်ဆေး အဖြစ်ဖျန်းပါ။ဘောက် ဖတ်များအတွက် အသုံးပြုပါက ထိုအရေကိုခြောက်ဆအားပျော့သွားအောင်ပြု လုပ်ပါ။

            ၃၊ ကြေညက်စွာထောင်းထားသည့်နနွင်း၅၀၀ဂရမ်ကိုရေ ၂ လီတာနှင့်ရော၍တည လုံးစိမ်ပါ။ထိရောက်မှုရှိသည့်အနှစ်ရရန်အဖတ်များစင်အောင်စစ်ပါ။ရရှိသည့်အနှစ်များကို ရေ ၈ လီတာနှင့်ရော၍သင်၏အခင်းများကိုလောင်းပါ။ ဤအနှစ်ရည်သည် ကျောဘက်တွင်၀ါဂွမ်းရောင်ရှိသောပိုးဖလံဘောက်ဖတ်နှင့်အမျိုးမျိုးသောနွားချေးပိုး/ပိုးတောင်မာများကိုထိရောက်စွာနိမ်နှင်းနိုင်သည်။

 

 

ထပ်တရာပန်း(မာရီဂိုးလ်-အ၀ါရောင်ပန်း

ပွင့်သည့်အပင်တမျိုး)-                တာဂျေးတီး အီရက်တာ လင်း (Tagetes erecta Linn).   

Biopest 14

မိသားစု ကွန်ပိုစီတိုင် (Compositae)

ပျံ့နှံ့ပေါက်ပွားပုံ                           အစေ့ နှင့် ဖြတ်ခြင်း  

အသုံးပြုသောအပိုင်း                   အပွင့်များ

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   ထပ်တရာပန်း(မာရီဂိုးလ်)တွင်ပါ၀င်သည့် ဖလေဘာနွိုက် ဂလိုင်ခိုဆိုက်၊ တာဂက် တင်း (၀.၁%)နှင့်အချို့သော ဖလိုရိုစင်း ကွန်ပေါင်းများပါ၀င်သည်။ အရွက်များတွင် ဓါတုကွန်ပေါင်း ကင်ဖက်ရီဒရင် ပါ၀င်၍ အစေ့တွင်ဆီပါ၀င်သည်။

အကျိုးရှိသည့်အသုံးပြုမှုများ ဒိုင်းယားမွန်းဘက်(ကျောဘက်တွင်၀ါဂွမ်းရောင်ရှိသည့်)ပိုးဖလံဘောက်ဖတ်/ပိုးတုံး လုံး၊ ဂေါ်ဘီထုတ်ဘောက်ဖတ်၊အညိုရောင်အပင်ဖျက်ဂျိုင်းကောင်ငယ်များ၊အရွက် ဖျက်ဂျိုင်းကောင်ငယ်များ၊ ဖြုတ်စိမ်း/ပြနှင့် နီမာထုဒ်များမှ ကာကွယ် ထိန်းချုပ် နိုင်သည်။

အသုံးပြုပုံ                                  ထပ်တရာပန်း(မာရီဂိုးလ်)ကိုခြေ၍အနှစ်ရအောင်ညှစ်နိုင်သည်။ စစ်ပြီးသည့် အခါ ရရှိသည့်အရေ ၁၀လီတာကိုရေသန့် ၁၀ လီတာနှင့်ရောပါ။ အသုံးမပြုမီ ဆပ်ပြာ ရည်ထမင်းစားဇွန်းတစ်ဇွန်းနှင့်ရောပါ၊ ထိုသို့ပြုလုပ်ခြင်းဖြင့်၎င်း အရေသည်အပင်တွင်ပို၍ကပ်နိုင်မည်။

 

 

 

 

အိန္ဒိယ ငရုပ်ကောင်းအရှည်          ပိုက်ပါ လောင်းဂွမ် လင်း(Piper longum Linn). Biopest 15

မိသားစု                                     ပိုက်ပါရေစီ (Piperaceae)

ပျံ့နှံ့ပေါက်ပွားပုံ                           ဖြတ်ခြင်း

အသုံးပြုသည့်အပိုင်း                   ငရုပ်ကောင်းများ

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   -ရင့်သည့်ငရုပ်ကောင်းများတွင် အယ်လ်ကာလွိုက် ပီပဲရင်း (၆%) နှင့် ချိဗင်စင် နှင့် အလွန်အသုံး၀င်သည့်အဆီ(၁%) ပါ၀င်သည်။

အကျိုးရှိသည့်အသုံးအပြုမှုများ     ငရုပ်ကောင်းမှထုတ်သည့်အဆီသည်အပင်များအား ဒိုင်းယားမွန်းဘက်(ကျောဘက် တွင်၀ါဂွမ်းရောင်ရှိသည့်)ပိုးဖလံဘောက်ဖတ်/ပိုးတုံးလုံးများ၊ဖြတ်စားသည့်ဘောက် ဖတ်/ပိုးလောက်ကောင်များ၊ဆန်သိုလှောင်ရာတွင်ဖျက်ဆီးသည့်အင်းဆက်ပိုးများ၊ နွားချေးပိုးများနှင့် ကောက်နှံပိုးများမှကာကွယ်ရန်နှင့်ထိန်းရန်လုံလောက်သည်။

အသုံးပြုပုံ          - အိန္ဒိယ ငရုပ်ကောင်းအရှည်၀.၅ kg ကို ပူချိန် ၅၀°C ဖြင့်ဖုတ်ပြီးနာက်အရက် ၁.၅ လီတာတွင်စိမ်ပါ။ ထိုနောက်၎င်းကိုကြေညက်အောင်ကြိတ်ပြီး လိုအပ်သည့်အရာ များကို မစစ်ယူမီတညထားပါ။ စစ်၍ကျန်သည့်အရည်ဖြင့်အပင်ကိုဖျန်းပါ။

 

 

 

စပါးလင်                                   - စင်ဘာဖိုဂွန် စီထရေးတပ်စ် (Cymbopogon Citratus)Biopest 16

မိသားစု                                     - ဂယ်ရယ်မီးနေ(မြက်) (Gramineae)

ပျံ့နှံ့ပေါက်ပွားပုံ                           - အမြစ်

အသုံးပြုသည့်အပိုင်း                   - အရွက်များနှင့်ပင်စည်

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   - စပါးလင်တွင် စပါးလင်ဆီဟုခေါ်သည့်မရှိမဖြစ်လိုအပ်သည့်အဆီပါ၀င်သည်၊ ၎င်းကို ဗာဗီနာအဆီ သို့မဟုတ် အိန္ဒိယ တင်လဲရည်အဆီဟုလဲခေါ်ကြသည်။

အကျိုးရှိသည့်အသုံးအပြုမှုများ    ဤအဆီတွင်ခြင်များ၊ ယင်ကောင်များနှင့်အခြားသောအင်းဆက်ပိုးများအားအဆိပ် ဖြစ်စေသည့်အရာများပါ၀င်၍ခြင်/ပိုးကောင်ပြေးဆေးအဖြစ်ထိရောက်စွာအသုံးပြုနိုင်သည်။ အမျိုးမျိုးသောမှိုနှင့်ဘက်တီးရီးယားများကိုလည်းတိုက်ဖျက်ရာတွင် ထိရောက်မှုရှိသည်။

အသုံးပြုနည်း                             လတ်ဆတ်သည့်အရွက်(အရွက်စို) ၁-၂ kgကိုညက်နေအောင်ထောင်းပါ။ ရေ ၁၈ လီတာတွင်တညလုံးစိမ်ပါ။အဖတ်များမကျန်အောင်စစ်ထုတ်ပြီးကျန်သည့်အရည်ကို ခြင်နှင့်အခြားသောအင်းဆက်ပိုးများပြေးစေရန်ဖျန်းပါ။

 

 

 

ဘိုရာဖိတ်(ထ)    တီနိုစပိုရာ ခရစ်ပါ (Tinospora crispa  Miers. Ex Hook. F&Thoms)Biopest 17

မိသားစု                                     မေနေးစပါယ်မေးစီ (Menispermaceae)

ပျံ့နှံ့ပေါက်ပွားပုံ                           အစေ့များနှင့်ရင့်သည့်အနွယ်များ

အသုံးပြုသည့်အပိုင်းများ              အနွယ်

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   ဘိုရာဖိတ်(ထ)တွင် အဓိကအားဖြင့် ခါးသည့် ဖိခရိုးရာတင်း(picroretine) ပါ၀င် သည်။၎င်းတွင် အနွယ်နှင့်အမြစ်မှထုတ်ယူနိုင်သည့် ဒစ်တာဖနွိုက် ထိနိုစ်ပိုရန်-ခိုလမ်းဘင်(diterpenoid Tinosporan) နှင့်ဆင်တူသောအရာဖြစ်သည်။ ဘိုရာ ဖိတ်(ထ)တွင် အမင်း(Amines)ကိုလည်းတွေ့ရှိနိုင်သည်။အဲန်-ထရန့်စ်-ဖယ်လ်လို ၀ယ်တီရယ်မင်း(, N-cis-feruloyltyramine)နှင့် ဖနောလစ် ဂလူခိုဆိုက် တီနိုတူဘီရိုက်။

အကျိုးရှိသည့်အသုံးအပြုမှုများ     ဘိုရာဖိတ်(ထ)သည်အပင်များအား ပင်စည်ဖေါက်ပိုးများနှင့် သီးဖြတ်ပိုးဘောက် ဖတ်တို့မှကာကွယ်နိုင်သည်။ အောက်ပါရောဂါများကိုလည်းထိန်းနိုင်သည်။ စပါးပင်ကိုသေစေသည့်ရောဂါ၊ အပင်နွမ်း၍ငိုက်စိုက်ကျသည့်ရောဂါနှင့် စပါးပင် နွမ်းသည့်ရောဂါများ။

အသုံးပြုနည်းများ           ၁၊ ဘိုရာဖိတ်(ထ) အနွယ် ၁ kg ကိုထောင်း၍ရေ ၁၈လီတာခန့်တွင် တညလုံးစိမ် ပါ။ ဤအရေကိုပိုးသတ်ဆေးအဖြစ်အသုံးပြုနိုင်သည်။

၂၊ ပျိုးပင်များကိုပျိုးရန်ပျိုးခင်းအတွက်- ဘိုရာဖိတ်(ထ) အနွယ်၅kg အားသေးငယ် စွာဖြတ် ပါ၊ကြေညက်အောင်ထောင်းပါ၊ ရေ၁၈လီတာခန့်တွင်၂ နာရီခန့်စိမ်ပါ။ ဤအရေများကိုသင် ၏ ပျိုးခင်းများတွင်ဖျန်းနိုင်သည်။ အခြားတနည်းမှာဘိုရာဖိတ်(ထ) အနွယ်များကိုစဥ်း၍ပျိုး ခင်းများသို့တိုက်ရိုက်ဖြန့်၍ချပါ။ အခင်း ၄မီတာလျှင် ၁ kg ဖြန့်ပါ။

၃၊ ဘိုရာဖိတ်(ထ)အနွယ်၁၀kgကို၅လက္မအပိုင်းများဖြတ်ပါ။ဤဖြတ်ထားသည့်အကိုင်း များကို၁ရိုင်အကျယ်ရှိသည့်အခင်းတွင်ချပါ။သင်၏ပျိုးပင်သို့မဟုတ် စပါး များကိုကြဲပြီး ၇ ရက်အကြာတွင်ဖြန့်ပါ။စပါးပင်များ နှစ်လသားရှိသည့်အခါ နောက် တကြိမ်ထပ်ထည့် ပါ။ ဤနည်းသည်ပင်စည်ဖေါက်ပိုးများနှင့်ကိုက်ဖြတ်ပိုးများ အားနှိမ်နင်း ရာတွင်ထိရောက် သည့်နည်းဖြစ်သည်။

 

 

 

မြွေစွယ်ငြုတ်သီး(ဘတ် ချီးလီး)    ခပ်စီကမ် ဖရုထပ်စင်(စ) လင်း(Capsicum frutescens Linn) Biopest 18

မိသားစု                                     စိုးလန်နိတ်စီး (Solanaceae)

ပျံ့နှံ့ပေါက်ပွားပုံ                           အစေ့   

အသုံးပြုသည့်အပိုင်းများ              -ငြုတ်သီးများ၊ အစေ့များ၊ အပွင့်များ၊ အရွက်များ

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   -ကပ်စေယာစင် (Capsaicin)

အကျိုးရှိသည့်အသုံးအပြုမှုများ     မြွေစွယ်ငြုတ်သီးများသည် အပင်များအားအောက်ပါဖျက်ပိုးများမှကာကွယ်နိုင် သည်။ဂေါ်ဘီထုပ်ဖေါက်ဘောက်ဖတ်များ၊ဖြုတ်စိမ်း/ပြ၊ ပျစားပိုး၊ ကောက်နှံပိုး၊ သိုလှောင်ခန်းတွင်နေသည့်ပိုးများနှင့်ပုရွက်ဆိတ်များ။ ငြုတ်သီးအစိမ်းများသည် အင်းဆက်ပိုးများကိုသတ်နိုင်သည်။ အစေ့များသည်မှိုများကိုသေစေနိုင်၍ အရွက် နှင့်အပွင့်များသည် သခွားဖျက်ဗိုင်းရပ်စ်(Cucumber Green Mottle Mosaic Virus (CGMMV)နှင့် ဆေးရွက်ကြီးရွက်လိပ်ဗိုင်းရပ်စ်(Tobacco Lead Curl Virus (TLCV)အပါအ၀င် ဗိုင်းရပ်စ်ပိုးများကိုနှိမ်နင်းနိုင်သည်။

အသုံးပြုနည်း                             မြွေစွယ်ငရုတ်အခြောက် ၁၀၀ ဂရမ်ကိုရေ ၁ လီတာတွင်ပြုတ်ပြီးအနှစ်ရအောင် ထောင်းပါ။ အနှစ်ကိုထိုအရေနှင့်ရော၍ အဖတ်များကိုစစ်ထုတ် ပါ။ စေးအောင်ပြု လုပ်သည့်ဆပ်ပြာ သို့မဟုတ်တ် ရှမ်ပူအရည်ကဲ့သို့သောအ ရည်ကိုမပေါင်းထည့်မီ နောက်ထပ်ရေ ၁၈ လီတာရောပါ။ ဤပျော်၀င်ရည်ကို ၇ ရက်တစ်ကြိမ်ဖျန်းပါ။ သင်၏ပျော်၀င်ရည်ကိုပထမဆုံးအရင်စမ်းသပ်ကြည့်ရန်လို ပါမည်။အဘယ် ကြောင့်ဆိုသော် ပျော်၀င်ရည်သည်သိပ်ပြင်းလွန်းပါက အရွက်များ ကိုလောင်နိုင် သည်။ ဤသို့သောလက္ခဏာပြလာပါကရေထပ်ထည့်ပါ။ ဖျန်းသူ၏ အရေပြား ယားယံခြင်း မဖြစ်စေရန်အတွက်ကာကွယ်ထားရန် အထူးသတိပြုရ မည်။

 

ရို့စ်ဘေး/အိုလင်းဒါ         နယ်ရီယမ် အင်ဒီကမ် မေး(Nerium indicum Mill.)Biopest 19

မိသားစု                                     အပေါ်စီနေးစီအာ (Apocynaceae)

ပျံ့နှံ့ပေါက်ပွားပုံ                           ဖြတ်ခြင်း၊ အစေ့            

အသုံးပြုသည့်အပိုင်း                   အပွင့်များ၊ အရွက်များနှင့်ပင်စည်များ

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   - အခေါက်နှင့်အစေ့များတွင် ဂလိုင်ခိုဆိုက် နီရီအိုဒိုရင်း၊ နယ်ရင်း၊အိုးလီယမ်ဒရင်း၊ နှင့်ဖိုလင်နယ်ရင်းတို့ပါ၀င်၍လှုံ့ဆော်ဆေးနှင့်ဆင်တူသည့်အကျိုးသက်ရောက်မှုကိုဖြစ်စေသည်။အခါက်တွင် ဖေါ်လင်နယ်ရင်းနှင့်ဆင်တူသည့် ဂလိုက်ခိုဆိုက် ကောတင်နယ်ရင်းတို့ပါ၀င်သည်။

အကျိုးရှိသည့်အသုံးပြုမှုများ        အိုလင်းဒါသည် ပင်စည်နှင့်အရွက်များကိုစားသည့်ဖျက်ပိုးများစွာတို့အပေါ် ထိ ရောက်မှုရှိသည်။ နွားခြေးပိုး/ပိုးတောင်မာများ၊ ပုရွက်ဆိတ်အမျိုးမျိုးနှင့်အရွက်စား အင်းဆက်ပိုး၊အပွင့်သည်လည်းအသီးများကိုဖျက်သည့်ယင်ကောင်များကိုဆွဲ ဆောင်သည်။

အသုံးပြုနည်း                             ၁၊ အိုလင်းဒါအပွင့်နှင့်အရွက် ၁ kgကိုထောင်း၍ရေ ၉လီတာတွင် နှစ်ရက် စိမ်ထား ပါ။ အဖတ်မပါအောင်စစ်ပြီးနောက်ပိုးသတ်ဆေးအဖြစ်ဖျန်းပါ။

                                                ၂၊ အိုလင်းဒါအရွက်နှင့်အခေါက်ကိုအနည်းဆုံးမိနစ်၃၀ရေစိမ်ပြီးအရေကိုပင်စည် အပေါ်တွင်ရှိသည့်ပုရွက်ဆိတ်နှင့်အင်းဆက်များကိုဖျန်းပါ။

                                                ၃၊ ပါးပါးလှီးထားသည့်အိုလင်းဒါအရွက် ၄၀ ဂရမ်ကိုပဲပုတ်စေ့ ၁ကေဂျီဖြင့်ရောပါ။ ဤသို့ပြုလုပ်ခြင်းဖြင့်သင်သည်ပဲပုပ်စေ့များကိုပိုးမတက်ဘဲသိုလှောင်ထားနိုင် မည်။

 

 

 

ဆိုင်ယမ် ပေါင်းပင်

(ခွေးသေးပန်းရွက်ပင်နှင့်ဆင်တူသည်)       ယူပါတိုရီယမ် အိုဒိုးရာတွမ် လင်း(Eupatorium odoratum Linn.)Biopest 20

မိသားစု                                     ကွန်ပိုစစ်တိုင်  Compositae

ပျံ့နှံပုံ                                        အစေ့   

အသုံးပြုသည့်အပိုင်းများ              အရွက်များနှင့်ပင်စည်

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   - ပင်စည်တွင် ယူပီတောလ်၊ ခူမရင်၊ ၁-ယူပီတီနီ၊ ဘီတာ-အဲမရင်၊ ဖလေဘွန်း နှင့် ဆားဗေးဂနင် စသည်တို့ပါ၀င်သည်။ အရွက်တွင် စီရယ် အယ်လ်ကိုဟောလ်၊ ဘီတာ-စိတိုစတီရယ်၊ အဲနိစစ် အက်စစ်၊ ထြိုင်ဟိုက်ဒရစ် အယ်လ်ကိုဟောလ်၊ တဲနင်း၊ အီဆိုစာ ခူရာနိတင် နှင့် အိုဒိုးရာတင် စသည်တို့ပါ၀င်သည်။

အကျိုးရှိသည့်အသုံးပြုမှုများ        ဆိုင်ယမ် ပေါင်းပင်သည် ဘောက်ဖတ်နှင့်ခူကောင်အမျိုးမျိုးနှင့်ဖြုတ်စိမ်း/ပြအမျိုး မျိုးတို့ကိုဖျက်ဆီးနိုင်သည်။

အသုံးပြုနည်း                             ဆိုင်ယမ် ပေါင်းပင်၏ပင်စည်နှင့်အရွက်များကိုနေလှမ်း၍အမှုန့်ဖြစ်အောင်ထောင်း ပါ။ ထိုအမှုန့် ၄၀၀ဂရမ်ကိုရေ ၈လီတာတွင် ၂၄နာရီစိမ်ပါ။ ရရှိသည့်အရည်ကို ၇ ရက်လျှင်တခါဖျန်းနိုင်သည်။

 

 

 

 

ဂျင်း     ဇင်းဂါဘယ် အော်ဖီချနဲလီ ဗန်း။ အာဒါရတ်ခ် (Zingiber offcinale Vern. Adrak)Biopest 21

မိသားစု                                     ဇင်းဂါဘီရေစီ (Zingiberaceae)

ပျံ့နှံ့ပေါက်ပွားပုံ                           အမြစ်  

အသုံးပြုသည့်အပိုင်းများ              အမြစ်  

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   - ဂျင်းတွင်အရေးကြီးသည့် ကာဖင်း၊ စီးနီအို၊ ဖာလာဒရင်း၊ လင်နယ်လော၊ ဇင်ဂီဘာရင်၊ ဘောနီရိုလ် စသည့်အဆီများ နှင့် ဂျင်းကိုစပ်သည့်စွမ်းအားပေးသည့် ဂျင်းဂျရိုနှင့် ရှိုးဂို စသည်တို့ပါ၀င်သည်။

အကျိုးရှိသည့်အသုံးပြုမှုများ        - ဂျင်းကိုအသီးဖျက်ယင်ကောင်များ၊ပဲလွမ်းကောက်နှံပိုးနှင့်အမျိုးမျိုးသောနွားချေး ပိုး များကိုထိန်းရန်အတွက်အသုံးပြုနိုင်သည်။

အသုံးပြုပုံ          - လတ်ဆတ်သည့်ဂျင်းမြစ်အစိုကိုညက်နေအောင်ထောင်းပြီးရေ ၁လီတာတွင်တ ညစိမ်ပါ။ အဖတ်များစင်အောင်စစ်၍သန့်ရှင်းသည့်ရေ ၁၀လီတာနှင့်ရောပါ။ ရရှိ သည့် အရည်ကိုသင်၏ဟင်းသီးဟင်းရွက်ခင်းများနှင့်သီးပင်များတွင်ဖျန်းနိုင်သည်။

 

 

 

ပဒဲကော(ဂါလန်ဂါလ်)     အယ်လ်ပိုင် ဂါလန်ဒါ အက်စ်ဒဘလျူ (Alpinia galanda Sw.)Biopest 22

မိသားစု ဇင်းဂျေးဘရေစီ (Zingiberaceae)

ပျံ့နှံ့ပေါက်ပွားပုံ                           အမြစ်              

အသုံးပြုသည့်အပိုင်းများ              အမြစ်

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   ဂါလန်ဂါလ်တွင်အလွန်အသုံး၀င်သည့် ဂါရန်ဂေါ၊ စီးနေအို၊ ပီနင်း၊ ဂျင်းဂျရို၊ ရှိုးဂို၊ စီနီရို၊ ခမ်းဖူ၊ စင်နီမားလ်ဒဟိုင်၊ ၁-အက်စီတိုစီချာဗီကယ် အက်စီတိတ်စသည့်အဆီ များပါ၀င်သည်။

အကျိုးရှိသည့်အသုံးပြုမှုများ        - စပါးဖျက်ကောက်နှံပိုးများ၊ အနီရောင်ဂျုံဖျက်ပိုးများနှင့်အသီးဖျက်ယင်ကောင် များ၏ရန်မှထိန်းရန်နှင့်ကာကွယ်ရန်အသုံးပြုသည်။

အသုံးပြုနည်း-                            ဂါလန်ဂါလ်၊ တမာစေ့နှင့်စပါးလင် ၂၀၀ ဂရမ်စီကိုအတူတူထောင်းပါ။ရေ ၂၀လီတာ တွင် တညလုံးစိမ်ပါ၊ ထိုနောက်အဖတ်များမပါအောင်စစ်ပါ။ ပျော်၀င်ရည်ကိုရေ ၁၈လီတာနှင့်ရောပါက ၁ရိုင်အကျယ် ရှိသည့်စိုက်ခင်းကိုဖျန်းရန်လုံ လောက်သည်။

 

 

ရှောက်သီး(ကာဖာရ် လိုင်း(မ)      စီးထရပ်စ် ဟစ်ထရစ် ဒီစီ (Citrus hystrix DC.)Biopest 23

မိသားစု                                     ရေးထေးစီယာ (Rutaceae)

ပျံ့နှံ့ပေါက်ပွားပုံ                           အစေ့၊ ဖြတ်ခြင်း

အသုံးပြုသည့်အပိုင်း                   အရွက်များနှင့် အသီးများ

အရေးကြီးသည့်ပါ၀င်ပစ္စည်းများ   ၎င်းတွင်အရေးပါသည့်ဆီဖြစ်သည့် ပီနင်း၊ လီမိုနင်း၊ စီထရိုနယ်လားနှင့်စီထရိုနယ် လီ အက်စီတိတ် တို့ပါ၀င်သည်။

အကျိုးရှိသည့်အသုံးပြုမှုများ ရှောက်ရွက်တွင်အသီးဖျက်ယင်ကောင်များကိုမောင်းထုတ်သည့်ပစ္စည်းများပါ၀င်၍ ဥချခြင်းမှကာကွယ်သည်။ ရွှေ၀ါရောင်ပန်းသီးခရုများဦးရေတိုးပွားခြင်းကိုလည်း ထိန်း နိုင်သည်။

အသုံးပြုပုံ- ရှောက်ရွက်တွင်အလွန်အသုံး၀င်သည့်ဆီများပါ၀င်သည်။၎င်းတို့ကိုစဥ်းပါ၊ ရေတွင် ၇ရက်စိမ်ပါ၊ ၎င်းနောက်သင်၏လယ်ယာတွင်ဖျန်းပါ။

 

ရင်းမြစ်များ

ECHOcommunity. https://www.echocommunity.org/en/resources/ce2006be-0f4c-4405-8dd9-2fdb6e4ea250. Accessed 26 July 2022

FAO. https://www.fao.org/pest-and-pesticide-management/ipm/integrated-pest-management/en/. Accessed 26 July 2022.


တက်(ဂ)(Tagged)များ

Integrated Pest Ma... Natural Herbicides

နယ်ပယ်ဒေသ

Asia