By: Stacy Reader and Tim Motis


ချာယာကိုစမ်းသပ်ချက်ပြုတ်ခြင်း

ချာယာ (Cnidoscolus aconitifolius) နှင့် ကာစာဗာ (Manihot esculenta) ကဲ့သို့သောအပူပိုင်းဒေသ ကောက်ပဲ သီးနှံ အရွက်များတွင် ဆိုင်ယာနိုဂဲနစ် ဂလိုင်ကိုဆိုဒ်များ(cyanogenic glycosides)ပါ၀င်သည်၊ ၎င်းတို့၏ဆဲလ်များကို ကြိတ်ခြေသည့်အခါ ဟိုက်ဒြိုဆိုင်ယာနစ် အက်စစ် (hydrocyanic acid) ထုတ်သည့်အဆိပ်ရှိသည့်ပစ္စည်း (HCN (အိပ်ချ်စီအင် )-ဆိုင်ယာနိုက် သို့မဟုတ် ဖရပ်စစ်အက်စစ်(prussic acid)ဟု၍လည်းရည်ညွှန်းသည်)များပါ၀င်သည်။ ဤအပင်များကိုမချက်ဘဲစားပါက ဆိုင်ယာနိုဒ် အဆိပ် ဖြစ်စေနိုင်သည်၊ ဆိုင်ယာနိုဒ်အဆင့်နှင့် လူသို့မဟုတ် တိရိစ္ဆာန် များစားသုံးသည့်အချိန်တာအပေါ်တွင်မူတည်၍အကျိုးသက်ရောက်မှုရှိသည်။ နယူးဇီလန်နိုင်ငံစားနပ်ရိက္ခာစိတ်ချရမှု ဆိုင်ရာအာဏာ ပိုင်များ၏ကျိုးကြောင်းပြဇယားတခုမှအပင်များအတွင်းတွင်ရှိသည့် ဆိုင်ယာနိုဂဲနစ် ဂလိုင်ကိုဆိုဒ်များ နှင့်လူတို့၏ကျန်းမာရေးအပေါ်၎င်းတို့၏အကျိုးသက်ရောက်မှုများကိုဖေါ်ပြထားသည်။အပင်တစ်ပင်အားစားသုံးသင့် မသင့်ဆုံးဖြတ်နိုင်ရန်အတွက် ဆိုင်ယာတက်စမို စက္ကူ(Cyantesmo paper)ဖြင့်ဆိုင်ယာနိုဒ်ကိုစီစစ်ခြင်းသည် အလွန် အသုံး၀င်ပါသည်။

EDN 136 Figure 6

ပုံ ၁။ ချာယာပင်ကို ခပ်ကြမ်းကြမ်းစဥ်းထားသည့်အပိုင်းများ(အပေါ်)နှင့်အိတ်များကိုနေရာချထားခြင်း(အောက်)။ ဆိုင်ယာတက်စမို စမ်းသပ်မှု စက္ကူအမြှောင်းငယ်များကိုအိတ်များတွင်ထည့်ထားသည်ကိုသတိပြုပါ။ အချက်အလက်ရင်းမြစ် - တင်း(မ) မိုတစ် နှင့် စတက်စီ ရီဒါ

ဆိုင်ယာတက်စမို စက္ကူ (Cyantesmo paper) ကိုအမြှောင်းတိုများဖြတ်၍ အပင်ပစ္စည်းများနှင့်အတူပိတ်ထားသည့် အိတ်သို့မဟုတ်ဗူးများထဲတွင်ထားပါ၊ထိုသို့ပြုလုပ်ခြင်းဖြင့် အိပ်ချ်စီအင်(HCN)ပါ၀င်မှုသို့မဟုတ်ပါ၀င်မှုမရှိခြင်းကိုသိ ရှိနိုင်သည်၊စက္ကူသည်အပြာရောင်သို့ပြောင်းသွားပါက အိပ်ချ်စီအင် ရှိသည်။ စက္ကူအရောင်ပြောင်း သွားခြင်းသည် တစ် သန်းလျှင်အပိုင်းမည်မျှဖြစ်သည်ကိုဖေါ်ပြနိုင်လောက်အောင်တိကျမှုမရှိပါ၊ သို့သော်အပြာ နုရောင် ၏ အိပ်ချ်စီ အင် (HCN) ပြင်းအားမှာအရင့်ရောင်ထက်ပို၍နိမ့်မည်ဖြစ်သည်။ ဆိုင်ယာတက်စမို စက္ကူ (Cyantesmo paper)အသုံးပြု နည်းနှင့်ပတ်သက်၍ထပ်ဆောင်းအချက်အလက်များကို အီးအေအဲန် အမှတ် ၁၃၀ တွင်ကြည့်ပါ။

၂၀၁၅ ခုနှစ်စက်တင်ဘာလတွင်ချာယာရွက်များအတွင်း အိပ်ချ်စီအင်(HCN)လုံး၀ပျောက်သွားစေရန်အတွက် ၁၅မိနစ် နှင့်၂၀မိနစ်ကြားပြုတ်ရန်လိုအပ်သည်ကိုကျွန်ပ်တို့တွေ့ရှိခဲ့ရသည်။ထိုအချိန်ကပင်လျှင်အီးစီအိပ်ချ်အိုအာရှနည်းပညာ အကြံပေး ခရစ် လုဒ်ဇာ(Karis Lotze)မှ အညှာနှင့်အရိုးတံအစိမ်းနှစ်မျိုးစလုံးအားအာရှဒေသတွင်စားသုံးနေ သည်ကို သတိပြုမိသည်။“အညှာ(အရွက်တံ)နှင့်အရိုးတံ(ပင်စည်)အစိမ်းနှစ်မျိုးစလုံးတွင် အိပ်ချ်စီအင်(HCN)ရှိနေပါသလား။ ထိုသို့ဖြစ်ပါကဤအပင်အစိပ်အပိုင်းများကိုစိတ်ချစွာစားသုံးနိုင်ရန်အတွက်အချိန်မည်မျှကြာကြာပြုတ်ရမည်နည်း” ဟုမေးခဲ့ပါသည်။ခရစ်၏မေးခွန်းများကိုဖြေကြားနိုင်ရန်အတွက်ကျွန်ပ်တို့သည်၂၀၁၅ ခုနှစ်တွင်ပြုလုပ်ခဲ့သည့်စမ်းသပ် မှုမျိုးကို၂၀၁၇ခုဇွန်လတွင်ထပ်မံစမ်းသပ်ခဲ့ပါသည်၊ ဤတကြိမ်တွင်ချယာပင်၏အညှာ(အရွက်တံ)နှင့်အရိုးတံ(ပင်စည်) နှင့်အမြစ်များကိုလည်းထည့်၍စမ်းသပ်ခဲ့သည်။(အမြစ်များကိုသာမန်အားဖြင့်စားသုံးလေ့မရှိပါသို့မဟုတ်စားသုံးရန် အားမပေးပါ။သို့သော်အပင်များတွင်ဆိုင်ယာနိုဂဲနစ် ဂလိုင်ခိုဆိုဒ်များ အပင်တစ်သျှူးများတလျှောက်ခွဲ၀ေပါ၀င်မှုကို သိလိုသဖြင့်ထည့်ထားခြင်းဖြစ်သည်)။၈၀ဂရမ်ရှိသည့်ချာယာရွက်၊အညှာ(အရွက်တံ)နှင့်အရိုးတံ(ပင်စည်)အစိမ်းတို့ကိုစဥ်းထား၍ပုံ၆တွင်ပြထားသည့်အတိုင်းအလုံပိတ်ပလပ်စတစ်ဇစ်အိတ်တွင်ထည့်သည်။ချာယာမြစ်များကိုမူအရေအတွက်ကန့်သတ်မှုရှိသဖြင့်၄၀ဂရမ်သာစဥ်း၍အသုံးပြုနိုင်ခဲ့သည်။

EDN 136 Figure 7

ပုံ ၂။ ချာယာအညွန့်(အရွက်တံ)များနှင့်ရိုးတံ(ပင်စည်)များအားစိတ်ချစွာစားသုံးနိုင်ရန်ချက်ရမည့်အချိန်ကိုဆုံးဖြတ်သည့် ဒုတိယအကြိမ် စမ်းစပ်မှု၏ရလဒ်များ။ အမြစ်များကိုစားသုံးခြင်းမပြုပါ၊ သို့သော် ဆိုင်ယာနိုဂဲနစ် ကွန်ပေါင်းကို ဖယ်ထုတ်ရန်ချက်ရမည့်အချိန် ပို၍နည်းသည်ကိုဖေါ်ပြသည်။

အပင်၏အစိတ်အပိုင်းတစ်ခုစီကိုစိတ်ချစွာစားသုံးနိုင်ရန်အတွက်အချိန်မည်မျှပြုတ်ရမည်ကိုဆုံးဖြတ်ရန်ချာယာရွက်၊ အညှာ(အရွက်တံ)နှင့်အရိုးတံ(ပင်စည်)အစိမ်း၈၀ဂရန်စီအားရေတစ်လီတာဖြင့် ၁၀၊ ၁၅၊နှင့်၂၀မိနစ်ပြုတ်သည်။ တစ် မျိုးစီကိုသီးခြားပြုတ်ခြင်းဖြစ်သည်။လေးဆယ်-ဂရမ်ရှိသောချာယာအမြစ်နမူနာကိုရေလီတာ၀က်ဖြင့်အချိန်ခြား၍ ပြုတ်သည်။ တာရှည်ပြုတ်ရန်အတွက်အမြစ်များရေဖုံးရန် လိုအပ်သလိုရေထပ်ထည့်ပါသည်။ ပြုတ်ပြီးသည့်အခါ၊ နမူနာများကိုအလုံပိတ်အိတ်များတွင်စစ်ဆေးစမ်းသပ်စက္ကူအမြှောင်းတိုများနှင့်အတူထည့်သည်။

ပုံ ၂တွင်ဖေါ်ပြထားသည့်ရလဒ်များသည်ချာယာရွက်များအတွက်ယခင်ဖေါ်ပြထားသည့်စိတ်ချရသောချက်ပြုတ်ချိန် ၂၀မိနစ်ကိုအတည်ပြုသည်။ရလဒ်များမှချာယာအညွန့်(အရွက်တံ)များနှင့်ရိုးတံ(ပင်စည်)အစိမ်းများသည်လည်းဆိုင်ယာနိုဂဲနစ်ကွန်ပေါင်းကိုဖယ်ထုတ်ရန်ပြုတ်ရမည့်အချိန်မှာ၂၀မိနစ်ဖြစ်သည်ကိုအတည်ပြုသည်။အမြစ်(အစို) သည် (HCN(အိပ်ချ်စီအင်)ထုတ်လုပ်ခြင်းမြင့်သည်ကိုဖေါ်ပြသော်လည်း၁၀မိနစ်ပြုတ်ခြင်းဖြင့်အမြစ်တွင်နဂိုရှိထားသည့် ဆိုင်ယာနိုဂဲနစ် ကွန်ပေါင်းကိုလျော့နည်းသွားစေသည်။

အချို့သောအီးစီအိပ်ချ်အို၀န်ထမ်းအဖွဲ့၀င်များမှချက်/ပြုတ်သည့်ရေကိုစစ်ဆေးခြင်းအားဖြင့်ပြုတ်ပြီးသည့်အရွက်များ ၏အရေသည်စားသုံးရန် စိတ်ချရမှုရှိမရှိဆုံးဖြတ်ချက်ချနိုင်သည်ဟုဆိုပါသည်။ ကျွန်ပ်တို့သည်စမ်းသပ်မှုကိုထပ်မံ ဆောင်ရွက်၍၈၀ဂရမ်ချာယာရွက်များ၊ အညွန့်များနှင့်ပင်စည်/ရိုးတံအစိမ်းများကို အသုံးပြုကာရေတစ်လီတာဖြင့် ပြုတ်ပြီး၊ အမြစ်၄၀ဂရမ်ကိုရေလီတာတ၀က်ဖြင့် ထပ်မံစမ်းသပ်သည်။ အပင်၏ပစ္စည်းတစ်မျိုးစီမှဆိုင်ယာနိုဂဲနစ် ကွန်ပေါင်းကိုလျော့နည်းသွားစေရန်ပြုတ်ရမည့်အချိန်-အကြံပြုထားသည့်မိနစ်၂၀ပြုတ်ပြီးနောက်ကျန်ရှိသည့်ရေကို ပြန်လည်ယူဆောင်လာ၍အိုးများကို အပူပေးသည့်နေရာမှဖယ်ရှားလိုက်သည်။ အဖုံးများအားတိတ်အကြည်ကိုအသုံး ပြု၍ဆိုင်ယာတက်စမိုစက္ကူ၂ခုဖြင့်ပိတ်ကာအိုးများအပေါ်တွင်ထားသည်။စက္ကူအမြှောင်းငယ်များကိုအရောင်စစ်ဆေး ခြင်းမပြုမီအဖုံးပေါ်တွင်၁၇နာရီထားသည်။ထိုသို့ပြုလုပ်ခြင်း၏ရလဒ်မှချာယာအရွက်များအတွက်အသုံးပြုသည့်ရေများသာလျှင်ဆိုင်ယာနိုဂဲနစ်ကွန်ပေါင်းကျန်ရှိနေသည်ကိုဖေါ်ပြသည်။ဤသို့ဖြစ်ခြင်းမှာအိုးများတွင်ကပ်၍ကျန်ရှိနေသည့်အရွက်များ၏အကြွင်းအကျန်များမှလည်းဖြစ်နိုင်သည်။

မှီငြမ်းချက်များ

Ravindran, V., E.T. Kornegay and A.S.B. Rajaguru. 1987. Influence of processing methods and storage time on the cyanide potential of cassava leaf meal. Animal Feed Science and Technology 17(4):227-234.

Cite as:

Reader, S. and T. Motis 2017. Do all parts of a chaya plant contain hydrocyanic acid?. ECHO Development Notes no. 136