Published

2020-04-08

ECHO Asia မှ Patrick Trail ၏ အစီအရင်ခံစာပါ ကောက်နှုတ်ချက်

မြန်မာ့ကျေးလက်ဒေသတွင်နေထိုင်သူ ဦးထွန်းထွန်းနှင့်အတူ စိုက်ခင်းအတွင်း လမ်းလျှောက်နေစဉ် ၎င်း၏ အပင်ပျိုးခင်းများအတွက် ၎င်း၏ ရောစပ်မြေဆီတွင် ထည့်သွင်းအသုံးပြုရန် ၎င်းကိုယ်တိုင် ပြုလုပ်နေပြီဖြစ်သည့် ဇီဝမီးသွေးကို ဂုဏ်ယူဝင့်ကြွားစွာ ပြသသောအခါ ပြုံးပြရုံမှအပ မတုံ့ပြန်တတ်အောင်ပင် နှစ်ထောင်းအားရ ဖြစ်မိပါသည်။ ၎င်း၏ စိုက်ခင်းထွက် ဇီဝစွန့်ပစ်ပစ္စည်းများကို မီးရှို့ပစ်ခြင်းအားဖြင့် မီးခိုးအဖြစ် လေထုထဲတွင် ဆုံးရှုံးသွားမည့် အခြေအနေအစား အသီးအနှံများ ပိုမိုထုတ်လုပ်နိုင်စေရန် အသုံးပြုနိုင်သည့် တန်ဖိုးရှိသော အရင်းမြစ်တစ်ခုအဖြစ်သို့ ၎င်းက ပြောင်းလဲနိုင်ပြီ ဖြစ်ပါသည်။

 

ဦးထွန်းထွန်းသည် လွန်ခဲ့သော တစ်နှစ်ခန့်က ပြင်ဦးလွင်တွင်ပြုလုပ်သည့် မျိုးစေ့ထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်သို့ တက်ရောက်ခဲ့ပြီး လက်တွေ့အသုံးချ အပိုင်းများမှတစ်ဆင့် ဇီဝမီးသွေးပြုလုပ်ပုံအကြောင်း လေ့လာသင်ယူခဲ့ရပါသည်။ အိမ်သို့ ပြန်ရောက်ရောက်ချင်း ၎င်းကိုယ်တိုင် ကြိုးစားပြုလုပ်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါသည်။ ယခုအခါတွင် ဦးထွန်းထွန်းသည် Facebook စာမျက်နှာတစ်ခုကို တည်ထောင်ကာ ထိုမှတစ်ဆင့် မြန်မာစကားပြောဆိုသော အခြားစိုက်ပျိုးရေးသမားများနှင့်အတူ စိုက်ပျိုးရေးနည်းစနစ်များ မျှဝေလျက်ရှိပြီး ဇီဝမီးသွေးနှင့် အခြားအရာများ လက်တွေ့ပြုလုပ်ပုံအကြောင်းကိုလည်း ရှင်းပြလျက်ရှိပါသည်။

 

Thaung Si and TunTun

ECHO Asia မျိုးစေ့ဘဏ်သည် ယခုအခါတွင် မြန်မာနိုင်ငံ၏ ဤနေရာရှိ ဤမျိုးစေ့ဘဏ်သို့ ပံ့ပိုးမှုများ ပိုမိုပြုလုပ်နေပြီ ဖြစ်ပါသည်။

ဤနေရာတွင် ဖြစ်နေသည့် အရာများစွာသည် ဤဒေသအတွင်းရှိ ကျွန်ုပ်တို့၏ အဓိက ပါတနာထံမှ ရရှိလာခြင်းဖြစ်သည်ဟု ဦးထွန်းထွန်းက ရှင်းပြခဲ့ပါသည်။ ECHO Asia နှင့် အရှည်သဖြင့် ဆက်ဆံလာသည့် မိတ်ဆွေနှင့် ပါတနာတစ်ဦးဖြစ်သူ ဦးသောင်းစီသည် ကျွန်ုပ်တို့၏ မွမ်းမံသင်တန်း အစီအစဉ်များစွာတွင် ပါဝင်ထားပြီး ကျွန်ုပ်တို့သည်လည်း ၎င်းထံမှ များစွာသင်ယူခဲ့ရပါသည်။ ၎င်းသည် လွန်ခဲ့သော သုံးနှစ်ခန့်က လီဆူး နှစ်ခြင်းခရစ်ယာန် ကျမ်းစာသင်ကျောင်းတွင် လူမှုအသိုင်းအဝိုင်းဆိုင်ရာ မျိုးစေ့ဘဏ်တစ်ခုကို တည်ထောင်ပေးခဲ့ပါသည်။ ၎င်း၏ မျိုးစေ့ဘဏ်မှတစ်ဆင့် ကျောင်းသားများသို့ စိုက်ပျိုးရေးနှင့် ဥယျဉ်ခြံလုပ်ငန်းဆိုင်ရာ လက်တွေ့အသုံးချနည်းစနစ်များအကြောင်း သင်ကြားပေးလျက်ရှိသည့်အပြင် လူမှုဘဝများစွာနှင့် မျိုးစေ့စိုက်ပျိုးနည်းအမျိုးမျိုးတို့အတွက် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ဦးထွန်းထွန်းနှင့် ဒေသခံစိုက်ပျိုးရေးသမား တစ်ရာနီးပါးတို့သည် လွန်ခဲ့သောနှစ်အတွင်း ဇီဝမီးသွေးနှင့် အခြားနည်းစနစ်များအတွက် မွမ်းမံသင်တန်း တက်ရောက်ခဲ့သည့်နေရာမှာ ဤနေရာပင်ဖြစ်ပြီး ဦးသောင်းစီသည် ၎င်းတို့နှင့် ပုံမှန်ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။

ဤ ECHO အသိုင်းအဝိုင်းတွင် ဤဒေသနှင့် ကမ္ဘာတစ်လွှားတွင် ဦးသောင်းစီကဲ့သို့ စွမ်းစွမ်းတမံ နှစ်မြုပ်လုပ်ကိုင်နေသည့် ပါတနာများစွာ ရှိနေပါသည်။ ဦးပါတနာများကို ကောင်းစွာသင်ကြားပံ့ပိုးပေးပါက နောက်ထပ်စိုက်ပျိုးသမားများစွာကို သင်ကြားပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။