အီးစီအိပ်ချ်အို ၏အင်းဆက်ဖျက်ပိုးကြောင့်ပျက်စီးမှုနှင့် ကောက်ပဲသီးနှံကို ပျက်စီးစေသည့် အခြားသောအကြောင်းရင်းများကို နှိုင်းယှဥ်ဖေါ်ပြမှုဓါတ်ပုံလမ်းညွှန်

 

အီးစီအိပ်ချ်အို၀န်ထမ်းများမှ ဧပြီလ ၂၀၂၁တွင် နောက်ဆုံးပြင်ဆင်ရေးသားသည်။

pest photo guide front page

 

၀ါးစားသည့်အင်းဆက်ပိုးဖျက်ဆီးမှု  

insect pest photo guide 01၀ါးစားသည့်အင်းဆက်ပိုးအမျိုးအစားများတွင် ပေါက်ဖတ်/ခူကောင်များ(အရွယ်မရောက်သေးသည့် လက်ပါ တော့ ထရာ)၊ နှံကောင်များနှင့် ပုရစ်များ(အော်သိုတီရာ)နှင့်နောက်ခြေးပိုး/ပိုးတောင်မာများနှင့်ဆန်ပိုး/ ကောက်နှံပိုး(ကောလီ အော့ထာရာ)စသည်တို့ပါ၀င်သည်။ ပုံ-Aသည်တောင်ပိုင်းမုန်လာဥစား ပေါက်ဖတ်များ(အာမီ ၀မ်း)ကို နယူးဇီလန် ဟင်းနုနွယ်အပေါ်တွင်တွေ့ရပုံဖြစ်သည်။ ကိုက်ဖြတ်ထားသည့်နေရာများကိုအရွက်၏ အတွင်းပိုင်းအရွက်ကြောများ ကြားတွင်အများအားဖြင့်တွေ့ရသည်ကိုသတိပြုမိမည်ဖြစ်သည်။ ပုံ B သည်အရွယ်ရောက်သည့် သိရိလင်္ကာ ကောက် နှံပိုးများကြောင့်ပျက်စီးခြင်းကိုတွေ့ရမည်။အရွက်၏အပြင်ဘက်အနားများမှနေ၍အတွင်းပိုင်းသို့၀ါးစားသွားသည်ကို သတိပြုပါ။ ပိုးကောင်များကိုမတွေ့ရသည့်အချိန်၌ပုံစံများကိုကြည့်ခြင်းဖြင့် မည်သည့်ဖျက်ပိုးအမျိုး အစားဖြစ်သည် ကိုဆုံးဖြတ်ရန်အထောက်အကူဖြစ်စေမည်။ နှံကောင်များနှင့်ပုရစ်များသည်မြက် ကောက်နှံအမျိုးအစားကိုနှစ်သက်၍ အ ရွက်၏အပြင်ဘက်အနားများမှတဆင့်အလယ်သို့ရွှေ့၍စားကြသည်။

 

ထိုးဖေါက်-စုပ်စားသည့် အင်းဆက်ပိုးဖျက်ဆီးမှု   

insect pest photo guide 02ထိုးဖေါက်-စုပ်စားသည့် အင်းဆက်ပိုးများတို့သည်အများအားဖြင့်အရွက်၊ အသီးနှင့်ပင်စည်များတို့ကိုအရောင်မရှိ တော့အောင်ပြုလုပ်၍အစက်အပြောက်များရှိသည့်ပုံစံဖြစ်စေသည်။ (A-ဇာပေါက်ပိုး(လိပ်စ် ပိုး)သည် ရွှေပဲသီး များကိုဖျက်ဆီး၍၊ B-အညိုရင့်ရောင်ရှိနှံကောင်များသည် ခရမ်းချဥ်သီးများကိုဖျက်ဆီးသည်)။ ဤသို့ဖြစ်ခြင်းသည် ဗိုင်းရက်စ်ပိုးကြောင့်ဖြစ်သည့်ရောဂါကူးစက်မှုလက္ခဏာ၊ အချို့သောမှိုဆိုင်ရာရောဂါကူးစက်မှုများ နှင့်ရှုပ်ထွေးစေ နိုင်သည်၊တခါတရံအဟာရချို့တဲ့သည့်လက္ခဏာနှင့်ရောနိုင်သည်။ ဤဖျက်ပိုးများသည်အရွက်များကိုသေစေ၍ မှို သို့မဟုတ်ဘက်တီးရီးယားမှဖြစ်ပေါ်သည့်ရောဂါများနှင့်မှားနိုင်သည့်အညိုစက်များကိုဖြစ်ပေါ်စေသည်။အချို့သော ထိုးဖေါက်-စုပ်စားသည့် အင်းဆက်ပိုးများတို့သည်အရွက်များအားပုံပန်းမကျလိမ်ဖယ်ရွဲ့စောင်းစေသည်။ ဥပမာအား ဖြင့် အာရှအချဥ်သီး စေးလစ်များသည် အချဥ်သီးများအားအတွင်းသို့ချိုင်၀င်စေသည်။ C- ထိုးဖေါက်-စုပ်စားသည့် အင်းဆက်ပိုးများတို့သည် အရွက်များ၏အတွင်းပိုင်းကိုပို၍နှစ်သက်ကြသည်။ အကြောင်းမှာအရွက်၏အတွင်းပိုင်း သည် ပိုမိုနူးညံ့၍ထိုးဖေါက်ရန်လွယ်ကူသောကြောင့်ဖြစ်သည်။ ထို့ကြောင့်ဤပိုးအမျိုးအစားများရှိမရှိ အရွက်များ၏ အောက်ပိုင်းကိုစစ်ဆေးပေးပါ။

 

ဗိုင်းရပ်စ် ရောဂါ လက္ခဏာများ  

insect pest photo guide 03dဗိုင်းရပ်စ် ရောဂါများသည်အခြားသောရောဂါ သို့မဟုတ် ပျက်ဆီးမှုတို့နှင့်အလွန်တူပါသည်။ ဗိုင်းရပ်စ် ရောဂါလက္ခ ဏာများဖြစ်သည့် အရွက်လိမ်ကောက်ခြင်းနှင့်အဖုများထခြင်း(A-ဇီးနီးယပ်စ် တွင်)လက္ခဏာများသည် ထိုးဖေါက်-စုပ်စားသည့်အင်းဆက်ပိုးဖျက်ဆီးပုံနှင့်တူသည်။ အရွက်များတွင်အရောင်များပျောက်ခြင်း/အစက်အပြောက်ဖြစ်ခြင်း သည်အခြားသောဗိုင်းရပ်စ်ကူးစက်မှုလက္ခဏာတစ်ခု(B-ပြောင်း ခေါလ်ရာတစ် အစက်အပြောက် ဗိုင်းရပ်စ်)ဖြစ်၍ အပင်အဟာရချို့တဲ့ခြင်းနှင့်မှားနိုင်ပါသည်။

 

ဘက်တီးရီးယား ရောဂါလက္ခဏာများ  

insect pest photo guide 04ဘက်တီးရီးယားရောဂါလက္ခဏာအမျိုးအစားသည်မှိုရောဂါနှင့်ဆင်တူသဖြင့်ရှာဖွေဖေါ်ထုတ်ရန်ခက်ခဲပါသည်။ အထင် ရှားဆုံးသောလက္ခဏာတစ်ခုမှာဘက်တီးရီးယားအစက်အပြောက်များတွင်အစက်အပြောက်(A-နာရန် ဂျီလာ အပေါ် တွင်)၏အပြင်ဘက် ပတ်ပတ်လည်တွင်အ၀ါရောင်စက်၀န်းရှိခြင်းဖြစ်သည်။ အစက်အပြောက် အတွင်းတွင်ရှိ  သည့် တစ်ရှူးများသေသွားသဖြင့် အစက်အပြောက်-ပုံစံကွက်များဖြစ်လာ၍၀ါးစားသည့်အင်းဆက်ပိုးကိုကျွေးသည့် ပုံစံနှင့် တူသည်။ ဘက်တီးရီးယားများသည် သစ်ပုတ်နာ (B- တရုတ်ဇီးပင်အပေါ်တွင်) ကဲ့သို့သော အပင် လက္ခဏာ၊ သစ်ပင်ကျီးပေါင်းသို့မဟုတ်စိုစွတ် သို့မဟုတ် ဆီပြန်နေပုံရှိသည့်အစက်များကိုလည်းဖြစ်စေသည်။ သစ်ပင်ကျီးပေါင်း သည်အင်းဆက်ပိုးဖျက်ဆီးခြင်းကြောင့်လဲဖြစ်နိုင်သည်၊ C-ကမျဥ်းနီ ကောင်များကြောင့်စပျစ်ပင်များတွင် ကျီးပေါင်း တက်ခြင်းကဲ့သို့သော သို့မဟုတ် ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သည့်ကျီးပေါင်းများဖြစ်စေနိုင် သည်။ တစိမ့်စိမ့်အရည်စီးကျသည့်အပင်များသည်လည်းအချို့သောအခြေအနေများတွင် ဘက်တီးရီးယားကူးစက်မှု ကိုညွှန်ပြသည်။

 

မှိုရောဂါ လက္ခဏာများ  

insect pest photo guide 05bမှိုရောဂါ လက္ခဏာများသည် ဘက်တီးရီးယားအစက်အပြောက်များကဲ့သို့ပင် အစက်အပြောက်အဖြစ်ပေါ်လာသည်၊ သို့သော်၎င်းတို့တွင်စိုစွတ်နေသည့်ပုံစံမျိုးမရှိဘဲထင်ရှားသည့်ဗဟိုတူစက်၀ိုင်းပုံစံရှိသည်(Aနှင့် B)။ မှိုသည် စိုထိုင်း မှုကိုဖြစ်ပေါ်စေ၍ထွက်လာစရှိသည့်ပျိုးပင်သစ်များတို့၏ပင်စည်နှင့်နုနယ်သည့်ပျိုးပင်မျာတို့အား အတွင်းဘက်သို့ ညှိုးသွားစေသည်၊အပင်သည်လဲကျ၍သေသွားသည်။ ဖြုတ်စိမ်း/ပြများကဲ့သို့သောထိုးဖေါက်-စုပ်စားသည့်အင်းဆက် ပိုးများတို့တွင်သကြားပါသည့်အရာများပါရှိ၍အချို့သောမှိုများကိုပို၍ကြီးထွားစေသည်၊ ဥပမာ အားဖြင့်သစ်ရွက် မျက်နှာပြင်ရှိ ကြပ်ခိုးမှိုင်းမှို(C)။ ၎င်းတို့သည်အရွက်များအ စာချက်ခြင်းအားကန့်သတ်မှု ဖြစ်စေသည်။

 

အဟာရချို့တဲ့သည့်လက္ခဏာများ

insect pest photo guide 06bအပင်တစ်ရှူးတွင်အဟာရချို့တဲ့သည့်လက္ခဏာများနှင့် ဖျက်ပိုးဖျက်ဆီးသည့်လက္ခဏာတို့အကြား ရှုပ်ထွေးမှုဖြစ်စေ သည်(A- ကာရမ်ဘိုလာတွင် နိုက်တြိုဂျင် လျော့နည်းခြင်း၊ B- ဆော်ဂွန်နှင့် ကူကာဘီတာတွင် မဂ္ဂနီစီယမ် လျော့နည်း ခြင်း နှင့် C-ပဲစဥ်ငုံတွင်ဆာဖာလျော့နည်းခြင်း) တို့ဖြစ်သည်။ အဟာရချို့တဲ့ခြင်းကြောင့် (pHသို့မဟုတ် မြေဆီများ) နည်းပါးခြင်းသည်အပင်နှင့်အရွက်များ၏အ ရောင်များပျောက်ခြင်းနှင့်အသွင်အပြင်ပြောင်းလဲခြင်းများ ကိုဖြစ်စေ၍ ထိုသို့ဖြစ်ခြင်းမှာဖျက်ပိုးနှင့်သက်ဆိုင်မှုမရှိပါ။အဟာရချို့တဲ့ခြင်းကိုသတ်မှတ်ဖေါ်ထုတ်ခြင်းနှင့်ပတ်သက်၍ထပ် ဆောင်းအချက်အလက်များအတွက် အာရှမှတ် တမ်း #၂၉ [http://edn.link/drjqee] တွင်ကြည့်ပါ။

 

ဆင်တူရိုးမှားလက္ခဏာများ၊ ကွဲပြားသည့် ပြဿနာဖြစ်စေသည့်အရာများ  

insect pest photo guide 07ညိုမှိုင်းသည့်မှို/ဖါးဥ (A)နှင့် မှို/ဖါးဥအမှုန်(B)ကဲ့သို့သောအရွက်များ၏မှိုရောဂါလက္ခဏာသည် ဖေါက်-စုပ်စား သည့် အင်းဆက်ပိုးဖျက်ဆီးမှုလက္ခဏာများနှင့်တူနိုင်သည်။ ညိုမှိုင်းသည့်မှို/ဖါးဥများကိုအရွက်အကြောများမှကန့်သတ်ထား ၍ အရွက်၏အောက်ပိုင်းတွင်အဖြူရောင်မှိုများ ကြီးထွားကာပိတ်ဆို့ထားသည့်ပုံစံနှင့်တူသည်။ မှို/ဖါးဥ အမှုန်သည် အရွက်၏မျက်နှာပြင်တစ်ခုလုံးတွင်သေးငယ်သည့် အရောင်မဲ့စက်၀ိုင်းပုံစံရှိဖြစ်ပေါ်၍ အဖြူရောင်မျိုးမှုန် များကိုအ ရွက်မျက်နှာပြင်တွင်ဖြစ်ပေါ်စေသည်။ ဤနှစ်မျိုးစလုံးသည်ဖေါက်-စုပ်စားသည့်အင်းဆက်ပိုးဖျက်ဆီးမှု လက္ခဏာ များနှင့်မှားနိုင်သည်(C- ဇာပေါက်ပိုး(လိပ်စ် ပိုး)များ ရွှေပဲသီးများကိုဖျက်ဆီးနေပုံနှင့်ဇာပေါက်ပိုး(လိပ်စ် ပိုးပုံ)၊၎င်းတို့ သည် အရွက်များ၏အောက်ပိုင်းတွင် အရောင်မဲ့သည့် သေးငယ်သော-အစက်အပျောက်ကိုဖြစ်စေသည်။ ၎င်းသည် အညို ရောင် နီကရိုတစ်အစက် အပြောက်ဖြစ်လာနိုင်၍ မှိုမှုန်များနှင့်မှားနိုင်သည်။

insect pest photo guide 08ခူကောင်ဘ၀တွင်ရှိနေသည့်ပိုးများသည်အရွက်တစ်ရှူးအတွင်း၌စားသုံးနေထိုင်သည့်အင်းဆက်ပိုးငယ်များဖြစ်သည်။ (A-ခရမ်းချဥ်ရွက်အပေါ် နှင့်၊B-သစ်ပွပင်အပေါ်တွင်ရှိနေပုံ)။၎င်းတို့သည် သေနေသော အရွက်များအပေါ်တွင် ပိတ်ဆို့  စေနိုင်သည့်အပိုင်းများကိုဖြစ်စေသည်။ ဤပျက်စီးမှုသည်အရွက်မှိုရောဂါများစွာတို့နှင့်ဆင်တူသည်(C-ကူကာဘီတာ အပေါ်တွင်ရှိသည့်မှိုနှင့် D-မေပယ်ရွက်အပေါ်တွင်ရှိသည့်တာရ်အစက်အပျောက်များ)၊ သို့သော်တစ်ခါ တစ်ရံ၎င်းတို့ အားလွယ်ကူစွာသိနိုင်သည်၊ ပျက်စီးနေသည့်ပိတ်ဆို့သော အပေါ်ဆုံးအလွှာကို သတိထား ၍ဆွဲလှန်ကြည့်ခြင်းဖြင့် သိနိုင်သည်။ ၎င်းသည်အရွက်တစ်ရှူးအတွင်း၌စားသုံးနေထိုင်သည့် အင်းဆက်ပိုးငယ်များ (ခူကောင်များ)ဖြစ်ပါက သေနေသည့်အပိုင်းသည် အခေါင်းပေါက်ဖြစ်နေမည်၊ အများအားဖြင့်အင်းဆက်ပိုးများ၏ အရေခွံများကိုအတွင်း၌ တွေ့ရတတ်သည်။

insect pest photo guide 09ပင့်ကူငယ်များကဲ့သို့သော ကမျဥ်နီကောင်များကို (A- ဘရာချီအာရိယာအပေါ်တွင်) နိုက်တြိုဂျင်ချို့တဲ့သည့်ရောဂါ၊ (B-ကာရမ်ဘိုလာတွင်)သို့မဟုတ် ဆာလ်ဖာချို့တဲ့သည့်ရောဂါ(C-ပဲစဥ်းငုံတွင်)နှင့်ဆင်တူသည်ကိုတွေ့နိုင်သည်။ လက် ကိုင်မှန်ဘီလူးသို့မဟုတ်မှန်ဘီလူးများသည်ကမျဥ်းနီကောင်များသစ်ရွက်မျက်နှာပြင်တွင်ရှိမရှိသိနိုင်ရန် အထောက် အကူ ဖြစ်စေနိုင်သည်။ အရွက်ဟောင်း သို့မဟုတ် အရွက်သစ်များသို့မဟုတ်အရွက်အစွန်းများ၊အရွက်ထိပ်များ နှင့် အရွက်ကြောများ၏ကြားတွင်အ၀ါရောင်များ-ပေါ်လာပြီးနာခရိုစစ်ပုံစံတပြေးညီဖြစ်လာသည့်အခါအဟာရချို့တဲ့ခြင်း များဆက်လက်ဖြစ်လာလေ့ရှိသည်။

insect pest photo guide 10

ပေါင်းသတ်ဆေးစီးကျခြင်း(A- ဆောင်းဂျုံအပေါ်တွင်)သည်မှိုရောဂါ(B-စပါးပင်အပေါ်တွင်) သို့မဟုတ် မဂ္ဂနီစီယံ ချို့တဲ့ခြင်း(C-ပြောင်းမျိုးနှံစပါးတွင်)နှင့်ဆင်တူသည်။ သင်၏လယ်သည်ပေါင်းသတ်ဆေးရရှိသည့်အပင်များ၏အနား တွင်ရှိ၍လယ်ယာ၏အစပ်နားတို့တွင်ပုံစံတူပျက်စီးနေသည်ကိုတွေ့ပါကဖျန်းဆေးစီးဆင်းခြင်းကိုညွှန်ပြခြင်းဖြစ်နိုင် သည်။

 

ဤစာစောင်သည် ၂၀၂၁တွင် စာမူပိုင်ခွင့်ရရှိသည်။ ဓါတ်ပုံအားလုံးတို့ကို အီးစီအိပ်ချ်အို၀န်ထမ်းများမှရိုက်ယူသည်။ အီးစီအိပ်ချ်အို သည်အကျိုးအမြတ်မယူသည့်ခရစ်ယာန်အဖွဲ့အစည်းဖြစ်သည်။ စိုက်ပျိုးရေးဖွံ့ဖြိုးမှုဆိုင်ရာသမား တော်များနှင့်ဆက်သွယ်မှုကွန်ယက်အခွင့်အလမ်းများအပါအ၀င် ထပ်ဆောင်းအချက်အလက်များရနိုင်ရန်အတွက် ကျေးဇူးပြု၍ www.ECHOcommunity.org ကိုဆက်သွယ်ပါ။


တက်(ဂ)(Tagged)များ

Integrated Pest Ma... Natural Herbicides

နယ်ပယ်ဒေသ

Asia