Seed bank targets food security in Asia

ECHOအာရှမျိုးစေ့ဘဏ်၏ရည်မှန်းချက်မှာဆင်းရဲသောသူများ၏အသက်ရှင်သန်မှုတိုးတက်ရန်လုပ်ဆောင်၍တွင်ကျယ်စွာအသုံးမပြုသေးသောကောက်ပဲသီးနှံများကိုကြိုးစားအားထုတ်ကာစမ်းသပ်လိုသောအာရှတိုက်အတွင်းရှိဖွံ့ဖြိုးရေးလုပ်သားများအတွက်အထောက်အကူအဖြစ်၀န်ဆောင်မှုပြုရန်ဖြစ်သည်။မျိုးစေ့ဘဏ်အာရှ 

အတွက်အကျိုးရှိမည်ဟုကျွန်ုပ်တို့ထင်မြင်သောအပူပိုင်းဒေသများနှင့်အပူပိုင်းဆန်သောဒေသများတွင်စိုက် ပျိုးရန်ခက်ခဲသည့်အခြအေနများတွင်ကြီးထွားရှင်သန်သောရှာဖွေရန်ခက်ခဲသည့်မျိုးစေ့များကိုစုစည်း ထိန်းသိမ်းသည်။
ECHOအာရှမျိုးစေ့ဘဏ်မှတဆင့်ကွန်ယက်အဖွဲ့၀င်များသည်ရွေးချယ်သောမျိုးစေ့များကိုအခမဲ့နမူမာအထုပ်ငယ်မျာဖြင့်သော်၎င်း၊ မြောက်များစွာမှာ၍၀ယ်ယူခြင်းဖြင့်သော်၎င်းရယူနိုင်သည်။ကျေးဇူးပြု၍ECHOအာရှ  မျိုးစေ့စာရင်း (ကက်တလောက်)တွင်လက်ရှိပေးနေသောမျိုးစေ့များနှင့်ပတ်သက်သည့်ထပ်ဆောင်းအချက် အလက်များကိုကြည့်ရှုပါ။

 

 

 

ကျေးဇူးပြု၍မှတ်သားပါ။

ECHO အာရှမျိုးစေ့ဘဏ်မှမျိုးစေ့များသည်အာရှတွင်ရှိသောလိပ်စာများသို့သာလျှင်တင်ပို့နိုင်သည်။အာရှ ပြင်ပတွင်အလုပ်လုပ်သောအဖွဲ့ဝင်များအနေဖြင့်ကျေးဇူးပြု၍ECHOကမ္ဘာ့မျိုးစေ့ဘဏ်မှတဆင့်မှာယူပါ။ အခမဲ့စမ်းသပ်မျိုးစေ့များကိုယူပါ။

အခမဲ့စမ်းသပ်မျိုးစေ့အထုပ်များ

ဆင်းရဲသောသူများနှင့်သို့မဟုတ်၎င်းတို့ကိုယ်စားအလုပ်လုပ်နေသောသူများအတွက်မျိုးစေ့နမူနာအထုပ်ငယ် များကိုရနိုင်ရန်ပြုလုပ်ထားပါသည်။စမ်းသပ်မျိုးစေ့များသည်ဖွံ့ဖြိုးရေးလုပ်သားများနှင့်လယ်သမားများတို့ အားငတ်မွတ်ခြင်းကိုလျော့ချရန်၊မြေဆီပိုမိုကောင်းမွန်ရန်နှင့်စိုက်ပျိုးရန်ခက်ခဲသောနေရာများတွင်၀င်ငွေရရှိ ရန် 

အကူအညီပေးနိုင်သည့်မျိုးစိတ်အသစ်များကိုစီစစ်အကဲဖြတ်ရန်အကူအညီဖြစ်စေသည်။

အခမဲ့နမူနာမျိုးစေ့များ

အခမဲ့နမူနာမျိုးစေ့များကိုမှာယူရန်ညွှန်ကြားချက်များ-

ထပ်ဆောင်းမျိုးစေ့များကို၀ယ်ယူခြင်း-

ထပ်ဆောင်းနမူနာအထုပ်များကို၀ယ်ယူကောင်း၀ယ်ယူမည်။ECHOအာရှမှနမူနာအထုပ်များထက်ပို၍ကြီး သောသို့မဟုတ်နေရာဒေသတစ်ခုတွင်မရနိုင်သောမျိုးကွဲများစွာကိုလိုအပ်မည့်ကြီးသောပမာဏဖြင့်ရယူနိုင်ရန်အတွက်ပြုလုပ်ထားသည်။

မျိုးစေ့အတွက်ကုန်ကျစရိတ် (သဘောဖြင့်တင်သွင်းခြင်း/စီမံခန့်ခွဲမှုပါ၀င်ပြီး)-

  • ECHOအာရှမျိုးစေ့ဘဏ်မှအာရှအတွင်းတည်ရှိသောနေရာများသို့မျိုးစေ့နမူနာအထုပ်များအားလုံး -၃$
  • ၁၀၀ ဂရမ်အထုပ်များ(တစ်ထုပ်စီ)-၆$/အာရှအတွင်း၊၄$/ထိုင်းနိုင်ငံအတွင်း၊၃$ရုံးတွင်လာယူ။
  • ၅၀၀ ဂရမ်အထုပ်များ(တစ်ထုပ်စီ)-၁၂$/အာရှအတွင်း၊၆$/ထိုင်းနိုင်ငံအတွင်း၊၄$ရုံးတွင်လာယူ။
  • ၁ကီလိုဂရမ်အထုပ်များ (တစ်ထုပ်စီ)-၂၄$/အာရှအတွင်း၊၁၂$/ထိုင်းနိုင်ငံအတွင်း၊၈$ရုံးတွင်လာယူ။
  • ဒန့်သလွန်၄၁ကီလိုဂရမ်-၁၀၀$/အာရှအတွင်း၊၈၀$ထိုင်းနိုင်ငံအတွင်း၊၇၅$/ရုံးတွင်လာယူ။

ထပ်ဆောင်းမျိုးစေ့အထုပ်များနှင့်များစွာသောမျိုးစေ့ပမာဏများကိုမှာယူရန်ညွှန်ကြားချက်များ-

 


*ကျေးဇူးပြု၍ သင်မှာယူသောအရာကိုဦးရာလူစနစ်ဖြင့်၀န်ဆောင်မှုပေးမည်ကိုသတိပြုပါ။မျိုးစေ့ရနိုင်မှုသည် လက်ရှိထုတ်လုပ်မှုအပေါ်တွင်မူတည်သည်။အခကြေးငွေများသည်မျိုးစေ့ထုတ်လုပ်ခြင်း၊ဆက်လက်ဆောင် ရွက်ခြင်း၊အထုပ်ထုတ်ခြင်းနှင့်စာပို့ခစသည့်တို့အတွက်ဖြစ်သည်။

*ECHOအာရှမျိုးစေ့ဘဏ်သည်ဖြစ်သည့်အကြောင်းအရာအများစုတွင်ရောဂါကင်းရှင်းကြောင်းလက်မှတ်များ သို့မဟုတ် အပင်တင်သွင်းခွင့်များနှင့်ပတ်သက်၍ တာ၀န်မရှိပါ။ထိုင်းနိုင်ငံပြင်ပမှမျိုးစေ့များရရှိသော ၀ယ်သူ များသည် နိုင်ငံခြားမှအပင်များကိုတင်သွင်းခြင်းနှင့်မျိုးစေ့ပစ္စည်းနှင့်ပတ်သက်၍မိမိတို့နိုင်ငံ၏စည်းမျဉ်းဥ ပဒေများနှင့်အကျွမ်းတ၀င်ဖြစ်နေရမည်။

** ထိုင်းနိုင်ငံတွင်းမှမှာယူခြင်းများအတွက် မျိုးစေ့များကိုပုံမှန်ပါဆယ်၀န်ဆောင်မှုမှတဆင့်သာ (၁-၇ ရုံးတက်ရက်များ၊စနေနှင့်တနင်္ဂနွေရုံးပိတ်ရက်များ) ပို့ဆောင်သည်။အခြားသော အာရှပိုင်းများမှမှာယူသူများ အတွက်မျိုးစေ့များကိုလေကြောင်းဖြင့်သာ (၇-၁၄ရုံးတက်ရက်များ၊စနေနှင့်တနင်္ဂနွေရုံးပိတ်ရက်မပါ)ပို့ဆောင် သည်။