Published: 2021-06-01


၁။  လက္ခဏာပြသည့်မည်သည့်၀က်ကိုမဆိုသီးခြားခွဲထားပါ။အသုံးအဆောင်ပစ္စည်းများ၊ဖိနပ်များ၊အစာနှင့်အခြား သောရင်းမြစ်များမှကူးစက်ပျံ့နှံ့မှုမဖြစ်စေရန်အတွက်ထိုအရာများထဲမှလိုအပ်သည့်ပစ္စည်းများကိုပိုးသတ်ထားပါ။ သင်၏လယ်ယာ/ခြံသည်ကူးစက်မှုပိုမိုဖြစ်ပွားစေသည့်အဓိကခြံမဖြစ်ရန်အရေးကြီးပါသည်။

၂။  ဒေသရှိတိရစ္ဆာန်ကျန်းမာရေး၀န်ထမ်းများကိုချက်ချင်းအသိပေးပါ။ဤကဲ့သို့အကြောင်းကြားခြင်းဖြင့်စီစစ်မှုများ ရှိလာနိုင်သော်လည်းအေအက်(စ)အက်(ဖ)ဗွီ(ASFV)တခြံလုံးဖြစ်နေသည်ကိုအစီရင်ခံရသည်ထက်သံသယဖြစ်သည်ကိုအစီရင်ခံရသည်မှာသာ၍ကောင်းပါသည်။ဒေသရှိတိရစ္ဆာန်ကျန်းမာရေးအရာထမ်းများတွင်လည်းထိရောက်သည့်ထိန်းချုပ်ခြင်းနှင့်ကူးစက်မှုရပ်တန့်စေခြင်းနှင့်ပတ်သက်သည့်နောက်ဆုံးပေါ်အချက်အလက်များရှိနေလိမ့်မည်။

 

၃။  စစ်ဆေးပြီးနောက်အေအက်(စ)အက်(ဖ)ဗွီ(ASFV)ကူးစက်နေသည်ကိုတွေ့ရှိပါက ဒေသရှိတိရစ္ဆာန်ကျန်းမာ ရေး၀န်ထမ်းများ၏အကြံပြုချက်များကိုလိုက်လျှောက်ပါ  – ၎င်းတို့တွင်ထိုခြံရှိ၀က်အားလုံးကိုမဖြစ်မနေဖယ်ရှား ခြင်းနှင့်ကာလတစ်ခုအထိဆိုင်းငံ့ခြင်း(တစ်နှစ်အထိ)တို့ပါ၀င်နိုင်သည်၊ထိုကာလသည်၎င်းခြံများတွင်အသစ်သော၀က်များအားပြန်လည်မွေးမြူနိုင်သည့်အချိန်အထိဖြစ်သည်။    

 

၄။  ဒေသရှိတိရစ္ဆာန်ကျန်းမာရေး၀န်ထမ်းများ၏အကြံပြုချက်များကိုလိုက်နာဆောင်ရွက်သည့်အခါကူးစက်ခံထားရ သည့်အရာများမှပျံ့နှံ့ခြင်းကိုကာကွယ်ရန်အတွက် သေသော၀က်များကိုမီးရှို့ခြင်းသို့မဟုတ်ထုံးဖြင့်မြေမြှုပ်ခြင်းများ ပြုလုပ်ရမည်။

၅။  မိမိပိုင်ဆိုင်သည့်၀က်မွေးမြူသောလယ်ယာ/ခြံအတွင်းနှင့် ပတ်၀န်းကျင်တစ်ခုလုံးကိုသင့်တော်သည့်ပိုးသတ် ဆေး/ပစ္စည်းများဖြင့်စနစ်တကျပိုးများကိုသတ်ရမည်။”ဒီအဲန်အေ အဲန်ဗလုပ်ဗိုင်းရက်စ်ပိုး(ဗိုင်းရက်စ်ပိုးအမျိုးမျိုး တို့၏အပြင်ဘက်ဆုံးအထပ်လွှာ)”တစ်ခုကဲ့သို့ပင်အေအက်(စ)အက်(ဖ)ဗွီသည် ဆိုဒ်တွင်ကြာရှည်စွာအသက်ရှင် သန်နိုင်သည်(တနှစ်အထိ)၊ထပ်ဆောင်းအချက်အလက်များအတွက် Disinfectants for Use Against ASFV တွင်ကြည့်ပါ။

၆။ လုံလောက်စွာသန့်စင်ခြင်းသို့မဟုတ်ပိုးသတ်ခြင်းများမပြုလုပ်နိုင်သည့်အခင်းပစ္စည်းနှင့်မြေ ဇာအလေအလွင့် ကဲ့သို့သောမည်သည့်ပစ္စည်းကိုမဆိုမီးရှို့ခြင်း သို့မဟုတ် ထုံးဖြင့်မြေမြှုပ်ခြင်းပြုလုပ်ရမည်။

၇။ ဒေသရှိတိရစ္ဆာန်ကျန်းမာရေး၀န်ထမ်းများ၏အကြံပြုချက်အားလုံးကိုလိုက်နာပြီးသည့်နောက်နှင့်နောက်ဆက် တွဲထောက်ခံမှုပြီးသည့်အခါတွင်သာထိုလယ်ယာ/ခြံတွင်၀က်များကိုပြန်လည်တိုးပွားမွေးမြူခြင်းကိုဆက်လက်  ကြိုးစားလုပ်ဆောင်သင့်သည်။

၈။ ၀က်များကိုပြန်လည်စတင်မွေးမြူသည်နှင့်တပြိုင်နက်ထပ်မံကူးစက်မှုကိုကာကွယ်ရန်အတွက် လယ်ယာ/ခြံ၏ ဇီ၀လုံခြုံမှုအစီအစဥ်ကိုတင်းကျပ်စွာလိုက်နာရမည်။

  1. burying pigs

နယ်ပယ်ဒေသ

Asia