By: Rick Bates Ph.D., Department of Horticulture, Penn State University, PA, USA and Patrick Trail, ECHO Asia Impact Center, Chiang Mai, Thailand


This article is from ECHO Asia Note # 43

AN 43 Graft Fig 1 combined

ပုံ ၁၊ ကမ္ဘာ့ဟင်းသီးဟင်းရွက်စင်တာ ကိုင်းကူးကိုင်းဆက်ခံယူသည့်ခရမ်းသီးအပင်အပေေါ်သို့ကိုင်းကူးစိုက်ပျိုး သည့် ခရမ်းချဥ်ပင်အမျိုးအစား”မာခစ်”။ကမ္ဘောဒီးယားနိုင်ငံတွင်ရှိသည့် ဘန်တမ်ဘန် ပြည်နယ်ရှိပုံစံတူရေလွမ်းမှု ဖြစ်နေ သည့် လယ်ယာတွင် - ဥပမာ ၁၉၀(လက်၀ဲ) နှင့် ကိုင်းကူးခြင်းမပြုသည့်ထိန်းချုပ်မှု(လက်ယာ) (အိုဟားယိုးပြည်နယ် တိုးချဲ့ )မှ ချန်နာတီ ညမ်း မှပုံများ

အယ်ဒီတာမှတ်ချက်- ဒေါက်တာဘိဒ်(စ)သည် အီးစီအိပ်ချ်အို၏နှစ်ပေါင်းများစွာမှစ၍ မိတ်ဆွေနှင့်လုပ်ငန်းပူးပေါင်း လုပ်ဆောင်သူဖြစ်သည်၊နှစ်ပေါင်းများစွာကတည်းကပင် သုတေသနလုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံပြုလမ်း ညွှန်ခြင်းနှင့်နည်းပညာကျွမ်းကျင်မှုဆိုင်ရာရေးသားခြင်းစသည်တို့အပါအ၀င်လုပ်ငန်းကွန်ယက်အတွင်းနည်းမျိုးစုံဖြင့်တာ၀န် ထမ်းဆောင်သူဖြစ်သည်။ဤဆောင်းပါးတွင်ပါ၀င်သည့်အကြောင်းအရာများသည်Feed the Future Innovation Lab for Collaborative Research on Sustainable Intensification (SIIL).]မှထောက်ပံ့သည့် USAID စိုက်ပျိုးရေး ဖွံ့ဖြိုးမှုစီမံကိန်းတွင် ဒေါက်တာဘိဒ်(စ)ပါ၀င်လုပ်ဆောင်ခြင်းမှရရှိသည့်ရလဒ်ဖြစ်သည်။

မိုးရာသီ ခရမ်းချဉ် ထုတ်လုပ်ခြင်း၏စိန်ခေါ်ချက်များ

ခရမ်းချဉ်များကို အရှေ့တောင်အာရှ၏ပူ၍ စိုစွတ်မိုးများသော ရာသီ တွင် စိုက်ပျိုးရန်ခက်ခဲသည်။ ရေများသော မြေများပေါင်းစပ်ပါဝင်ခြင်းသည် ရောဂါပါဝင်သည့် လေဖိအားကိုတိုးစေပြီး အပူချိန်မြင့်ခြင်းသည် ခရမ်းပင်ငယ် များကိုသေစေခြင်း သို့မဟုတ် အထွက်နှုန်းကိုသိသာစွာလျော့ကျစေပါသည်။ ဤမိတ်ဆက်ပေးသည့်သီးနှံသည် တောင်အာဖရိကဇာစ်မြစ်ဖြစ်သဖြင့် အရှေ့တောင်အာရှရာသီဉတုနှင့်မကိုက်ညီပါ၊ဒေသ၏ စိုစွတ်သောအခြေအ နေများတွင် အပင်ပေါက်ရန်ရုန်းကန်နေရပါသည်။

‌‌မိုးရာသီတွင် ဈေးထဲတွင်တွေ့ရသောခရမ်းချဉ်သီးများနှင့် စားသောက်ဆိုင်၊ဟိုတယ်များတွင် အသုံးပြုသည့်ခရမ်း ချဉ်သီးများမှာ ဖန်အိမ်စိုက်ပျိုးမှုမှတင်သွင်းခြင်းဖြစ်ပြီး ထပ်ဆောင်းကျသင့်ငွေများ ကို တောင်းခံပါသည်။ ဤအရာ သည် ဒေသခံလယ်သမားများအတွက် စိုက်ပျိုးရာသီမဟုတ်သည့်အချိန်တွင် ဈေးသို့အောင်မြင်စွာတင်ပို့နိုင်သည့် ထူးခြားအခွင့်အရေးဖြစ်စေပါသည်။ ခရမ်းချဉ်များကိုမြေဖို့ထားသည့်မြင့်သည့်နေရာ သို့မဟုတ်မိုးကာသည့်နေရာ များတွင် စိုက်ပျိုးခြင်းသည် အလေ့အထဖြစ်လာပြီး ကိုင်းဆက်စိုက်ပျိုးခြင်းသည် လယ်သမားများ ခရမ်းချဉ်ကို တိုးပွားသည့်အမြတ်ရရန် အသုံးပြုနိုင်သည့် နောက်ထပ်နည်းလမ်းဖြစ်လာသည်။

၀ေါဟာရသတ်မှတ်ချက်နှင့် အဓိပ္ပါယ်

ကမ်ဘီယွမ်အလွှာ- ဇီ၀ကလပ်စည်းစုစံနစ်ပြုလုပ်သည့်ပင်စည်အပိုင်း။ ကိုင်းကူးကိုင်းဆက်သည့်အတောအတွင်း ဤအလွှာကို အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင်စည်အပိုင်း(ပင်ပွားမျိုးဆက်)နှင့် ကိုင်းကူး ကိုင်းဆက်ခံယူသည့်အပင်(အမြစ်ပင်စည်)ကြားတွင်တပြေးညီထားရမည်၊ သို့မှသာဇီ၀က လပ်စည်းစုစံနစ်များသည် တခုနှင့်တခု ပြန်၍ဆက်နိုင်မည်။

ကိုင်းကူးကိုင်းဆက် ပေါင်းစပ်ခြင်း - အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင်စည်အပိုင်း(ပင်ပွားမျိုးဆက် နှင့် ကိုင်းကူးကိုင်းဆက်ခံယူ သည့် အပင်အပိုင်း(အမြစ်ပင်စည်) ကိုဆက်သည့်နေရာတွင် ဇီ၀ကလပ်စည်းစုဆက်သွယ်မှု ကိုပြုလုပ်သည်။

ကိုင်းကူးကိုင်းဆက်ခံယူသည့်အပင်(အမြစ်ပင်စည်)- ကိုင်းကူးကိုင်းဆက်ခံယူသည့်အပင်အေက်ပိုင်းသို့မဟုတ်မြေအောက်အပိုင်း။ အများအားဖြင့် ဒေသရှိမြေဆီအမျိုးအစားနှင့်ကြီးထွားသည့်အခြေအနေအပေါ်တွင်မူတည်၍ရွေးချယ်သည် (ဥပမာ - ရေလွှမ်းသောမြေအမျိုးအစားများ)

အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင်စည်အပိုင်း(ပင်ပွားမျိုးဆက်)- ထုတ်လုပ်မှုအတွက်လိုချင်သည့်မျိုးဗီဇများ သို့မဟုတ် သွင်ပြင်လက္ခဏာများပါသည့်အပင်၏ အပေါ်ပိုင်း(ဥပမာ- အသီးအရွယ်အစား၊ပုံသဏ္ဍာန်၊အရသာ၊ရောဂါခုခံနိုင်စွမ်း စသဖြင့် ...)

ဇီ၀ကလပ်စည်းစုစံနစ် - အမြစ်များနှင့်အရွက်များအကြားရေနှင့်အဟာရများသယ်ယူပို့ဆောင်ရန်အတွက်ဇီ၀ကလပ် စည်းများကို စုစည်းခြင်း


 

ခရမ်းချဉ်ကို ဒေသခံ-ဆီလျော်အောင်ပြုလုပ်ထားသည့် ခရမ်းကိုင်းဆက်ခံယူသည့်အပင်သို့ ကိုင်းကူးခြင်း

ဈေးကွက်ဝင် ခရမ်းချဉ်ပင်ပွားမျိုးဆက်ကို ရွေးချယ်ထားသည့် ခရမ်းကိုင်းဆက်ခံယူသည့်အပင်သို့ကိုင်းကူးခြင်းအား ဖြင့်(ပုံ ၁)ယင်းခရမ်းသည် အာရှဒေသခံဖြစ်၍ ရေလွှမ်းမှု၊ ဘက်တီးရီးယားပိုးမွှားများ၊ မှိုရောဂါများနှင့် အမြစ်ကိုလုံး ထွေးစေသည့် ချေးပိုးကောင်များ၏ဒဏ်ခံနိုင်ရေကိုကျွန်ုပ်တို့မြင့်တင်စေနိုင်ပါသည်။နောက်ဆုံးတွင် ကိုင်းဆက်ပင်များ သည် ကိုင်းဆက်ခံပင်နှင့် ပင်ပွားမျိုးဆက်နှစ်မျိုးလုံးကိုအကျိုးကျေးဇူးပေါင်းစပ်ပေးနိုင်ပါသည်။ ဤလုပ်ငန်းစဉ်သည် လုပ်ဆောင်နိုင်သည့်အတိုင်းအတာတွင်ရှိပြီး သိရှိပြီးမည်သို့လုပ်ဆောင်ရမည့်အချက်သည် အနိမ့်ဆုံးလိုအပ်ချက်သာ ဖြစ်ပြီး မည်သည့်အတိုင်းအတာတွင်မဆိုရှိသည့် လယ်များအတွက် အကျိုးရှိသည့် ရွေးချယ်မှုကိုဖြစ်စေပါသည်။

မှတ်သားရန်မှာ ခရမ်းချဉ်(ဆိုလာနမ် လိုင်ကိုပါစီကမ်)နှင့်ခရမ်း(ဆိုလာနမ် မီလိုဂီနာ)တို့သည်တူသည့်ရုက္ခဗေဒမိသားစု ဝင်များဖြစ်ပြီး ဆိုလာနမ်ကေးမှယင်းတို့ အချင်းချင်းလိုက်လျောညီထွေမှုရှိစေရန်ပြုလုပ်ပေးပါသည်။ ခရမ်းချဉ်သည် အခြားမျိုးစိတ်ခရမ်းချဉ်များသာမက အခြားသောတူညီသည့် အပင်မိသားစုမျိုးစိတ်များနှင့် ဆီလျော်မှုရှိသဖြင့်ကိုင်း ဆက်စိုက်ပျိုးခြင်းအမျိုးအမျိုးဖြစ်နိုင်ရန်ကူညီပံ့ပိုးပေးပါသည်။

ခရမ်းချဥ်ပင်ကိုအောင်မြင်စွာကိုင်းကူးကိုင်းဆက်ပြုလုပ်ခြင်းတွင် အဓိကအဆင့် ၃ ဆင့်ပါ၀င်သည် -

၁။ ကြိုတင်-ကိုင်းကူးကိုင်းဆက်ခြင်း - ကိုင်းကူးဆက်သည့်နေရာ၊ ကရိယာတန်ဆာပလာများနှင့်ထည့်၀င်သည့် ပစ္စည်းများ၊နှင့် ကျန်းမာသည့်ပင်ပွားမျိုးဆက်နှင့်အမြစ်ပင်စည်အပင်ပေါက်များကိုပြင်ဆင်ခြင်းနှင့်စုစည်းခြင်း

၂။ ပင်ပွားမျိုးဆက်နှင့်အမြစ်ပင်စည်ပင်ပေါက်များကိုကိုင်းကူးကိုင်းဆက်ခြင်း

၃။ နောက်ပိုင်း-အကိုင်းကူးဆက်ခြင်း - အကိုင်းကူးဆက်ထားသည့်အပင်းများကိုလယ်ယာ များတွင်မစိုက်ပျိုးမီ ကုသခွင့်ပေးထားသည်။ အစီအစဥ်တစ်ခု လုံး -ပျိုးကျဲခြင်းမှလယ်ယာများတွင်စိုက်ပျိုးခြင်းသည်အများအားဖြင့်၅ ပတ်ခန့် ကြာသည်(ပုံ ၂)။

ဤဆောင်းပါးသည်ကမ္ဘော ဒီးယားနိုင်ငံရှိအသေးစားလယ်သမားများ၏အတွေ့အကြုံမှဆွဲယူ၍ ခွဲ၍ကိုင်းကူးဆက် ခြင်း၏အခြေခံနည်းပညာများကိုမိတ်ဆက်ပေးသည်။

 

AN43 Tom Fig2 Bur
ပုံ ၂၊ ယေဘုယျအားဖြင့်သတ်မှတ်ကာလ ၅ပတ်အတွင်း ကိုင်းကူးစိုက်ပျိုးမှုအစီအစဥ်နှင့်ပတ်၀န်းကျင်အခြေအနေ( စီအယ်လ် ရာဗတ်၊ ကင်းစပ်တက္ကသိုလ်) မှပြင်ဆင်ဖေါ်ပြထားသည်။

အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင်စည်အပိုင်း(ပင်ပွားမျိုးဆက်)နှင့် အကိုင်းကူးဆက်ခြင်းကို ခံယူသည့်ပင်စည် (အမြစ်ပင်စည်)ပျိုးပင်များကိုပြင်ဆင်ခြင်း

အောင်မြင်သည့်အကိုင်းကူးဆက်ပေါင်းစပ်ခြင်းအတွက် အကိုင်းကူးဆက်ခြင်းကို ခံယူသည့်ပင်စည်(အမြစ်ပင်စည်) နှင့်အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင်စည်အပိုင်း(ပင်ပွားမျိုးဆက်)တို့၏ ကမ်ဘီယမ်အလွှာသည် ကောင်းစွာညှိထား ၍ တခုနှင့်တခုဆက်နေရပါမည်။ ထို့ကြောင့်အကိုင်းကူးဆက်ပြုလုပ်သည့်အချိန်တွင် အမြစ်ပင်စည်နှင့်ပင်ပွားမျိုး ဆက်တို့၏ပင်စည်အချင်းများသည်ဆင်တူနေရမည် (ပုံ ၄)။ သို့သော်အမြစ်ပင်စည်နှင့်ပင်ပွားမျိုးဆက်များသည် တစ်ချိန်တည်းမှာအညှောက်ပေါက်ခြင်းသို့မဟုတ်ကြီထွားနှုန်းတူညီမည်မဟုတ်ပါ။အမြစ်ပင်စည်နှင့်ပင်ပွားမျိုးဆက် များ၏ကြီးထွားနှုန်းကိုဆုံးဖြတ်ရန်အတွက်သင်စိုက်ပျိုးမည့်ပတ်၀န်းကျင်တွင်ပဏာမစမ်းသပ်မှုကိုပြုလုပ်ပါ။ ရလဒ် များအပေါ်တွင်မူတည်၍ အမြစ်ပင်စည်နှင့်ပင်ပွားမျိုးဆက်အမျိုးအစားများအတွက်ပျိုးထောင်ထားပါ၊ သို့မှသာ ၁၄-၂၁ ရက်အတွင်းကိုင်းကူးဆက်ရန်အဆင်သင့်ဖြစ်မည်။ ခရမ်းချဥ်ပင်ပွားမျိုးဆက်များကိုခရမ်းပင်အမြစ်ပင်စည်အ ပေါ် ၌ကိုင်းကူးကိုင်းဆက်သည့်အတွေ့အကြုံများအရခရမ်းပင်ကိုခရမ်းချဥ်ပင်ထက် ၂-၄ရက်ကြို၍ပျိုးထောင်ပါက တူညီသည့်အချင်းရှိသောပင်စည်ကိုရနိုင်သည်။တူညီသည့်အချင်းရှိသည့်ပင်စည်ကိုပို၍ရွေးနိုင်ရန်လိုအပ်သည်ထက်ပျိုးပင်ထောင်ထားပါ။ကိုင်းကူးဆက်ရာတွင် ၁၀၀%ရှင်သန်ရန်ခဲယဉ်းပါသည်၊ ထို့ကြောင့်ဆုံးရှုံးမည့်ကိုင်း ကူးကိုင်း ဆက်များကာမိစေရန် အစဥ်သဖြင့်အပိုဆောင်း၍ကိုင်းကူးဆက်ထားရန်အကြံပြုပါသည်။ 

ကိုင်းကူးကိုင်းဆက်အစီအစဥ်

ခရမ်းပင်အမြစ်ပင်စည်အပေါ်တွင်ခရမ်းချဥ်ပင်များကိုင်းကူးကိုင်းဆက်ပြုလုပ်ရာတွင် သာမန်နည်းနှစ်မျိုးရှိသည်၊ ၎င်း တို့မှာထက်ခြမ်းခွဲကိုင်းကူးကိုင်းဆက်ခြင်း နှင့် ဆက်(ပေါင်း) ၍ကိုင်းကူးကိုင်းဆက်ခြင်း ဖြစ်သည်။ကိုင်းကူးကိုင်းဆက် ခြင်းနည်းတမျိုးကိုအကိုင်းကူးဆက်ခြင်းကိုခံယူသည့်ပင်စည်(အမြစ်ပင်စည်)နှင့် အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင် စည်အပိုင်း(ပင်ပွားမျိုးဆက်)တို့၏ပင်စည်အချင်းပေါ်တွင်မူတည်၍ရွေးချယ်သင့်သည်။ဆက်(ပေါင်း) ၍ကိုင်းကူးကိုင်း ဆက်ခြင်းတွင် အမြစ်ပင်စည်နှင့်ပင်ပွားမျိုးဆက်တို့၏ပင်စည်များ၏အချင်းသည်ထပ်တူထပ်မျှနီးပါးတူညီနေရမည်။ ထက်ခြမ်းခွဲကိုင်းဆက်ခြင်းတွင်အမြစ်ပင်စည်နှင့်ပင်ပွားမျိုးဆက်၏ပင်စည်အချင်းကွဲပြားမှုပိုမြင့်ခြင်းကိုလက်ခံသည့် အနေအထားရှိသည်။ထို့ကြောင့်ထက်ခြမ်းခွဲကိုင်းကူးဆက်ခြင်းသည်ကိုင်းကူးကိုင်းဆက်စတင်စိုက်ပျိုးလုပ်ကိုင်သူများ သို့မဟုတ်အမြစ်ပင်စည်နှင့်ပင်ပွားမျိုးဆက်တို့၏ပင်စည်/ရိုးတံများ၏ အချင်းသည်အရွယ်ခြားနားမှုများသော အခြေအနေမျိုးတွင်အသင့်လျော်ဆုံးဖြစ်နိုင်သည်။ထို့ပြင်ပင်ပွားမျိုးဆက်ပင်စည်အပေါ်တွင်ကိုင်းကူးဆက်သည့်နေရာကိုချိန်ညှိနိုင်သည်။ကမ္ဘောဒီးယားရှိကျွန်ပ်တို့၏ကိုင်းကူးကိုင်းဆက်လုပ်ငန်းတွင်ကျွန်ပ်တို့သည်ရလဒ်ကောင်းသည့် ထက်ခြမ်းခွဲကိုင်းကူးကိုင်းဆက်ခြင်းကိုထူးခြားစွာအသုံးပြုသည်။စျေးကွက်ကောင်းသည့်ခရမ်းချဥ်ပင်များကိုရောဂါ-ခုခံနိုင်သည့်ခရမ်းချဥ်အမြစ်ပင်စည်အပေါ်သို့ကိုင်းကူးကိုင်းဆက်ပုံကို အောက်ပါအတိုင်းသရုပ်ပြထားပါသည်။

ဤနေရာတွင်ဖေါ်ပြထားသည့်ထက်ခြမ်းခွဲကိုင်းကူးကိုင်းဆက်ခြင်းအပါအ၀င် ကိုင်းကူးကိုင်းဆက်အများစုတွင် အခြေခံအဆင့်သုံးဆင့်ရှိပါသည် -

၁။         ကိုင်းကူးကိုင်းဆက်ခံယူမည့်အပင်(အမြစ်ပင်စည်)ပြင်ဆင်ခြင်း

၂။         အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင်စည်အပိုင်း(ပင်ပွားမျိုးဆက်)

၃။         အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင်စည်အပိုင်း(ပင်ပွားမျိုးဆက်)နှင့် ကိုင်းကူးကိုင်းဆက်ခံယူမည့် အပင် (အမြစ်ပင်စည်)ကို ဆက်ခြင်း

 

ကိုင်းကူးကိုင်းဆက်ခံယူမည့်အပင်(အမြစ်ပင်စည်)ကိုပြင်ဆင်ခြင်း

ခရမ်းချဥ်ပင်များပေါက်၍ပျိုးပင်အစို့ထွက်သည့်အခါကိုင်းကူးကိုင်းဆက်ရန်အတွက်အရွက်၂မှ၄ရွက်ပါသည့်ကျန်းမာဆုံးသောအမျိုးအစားကိုသေချာစွာရွေးယူပါ(ပုံ၃)။အချင်းဆင်တူသည့်ပင်စည်ရှိသည့်ကိုင်းကူးကိုင်းဆက်ခံယူမည့်အပင်(အမြစ်ပင်စည်)နှင့်အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင်စည်အပိုင်း(ပင်ပွားမျိုးဆက်)တို့ကိုအသုံးပြုခြင်းဖြင့် ကိုင်းကူပေါင်းစပ်ရာတွင် လမ်းကြောင်းပြုလုပ်ရန်အ ထောက်အကူဖြစ်စေမည်(ပုံ ၃နှင့်၄)။

၁။ ကိုင်းကူးကိုင်းဆက်ခံယူမည့်အပင်(အမြစ်ပင်စည်)ကိုအလျားလုက်တစ်ချက်တည်းဖြတ်ပါ။အမြစ်ပင်စည် ၏ထိပ် ပိုင်းကိုဖယ်ထုတ်ပြီးပါကရိုးတံသာကျန်မည်(ပုံ ၅ နှင့် ၆)။

၂။ ကလစ်များသည်ကိုင်းကူးစိုက်ပျိုးခြင်းအားလုံခြုံမှုရှိစေသည်။မိမိကိုယ်တိုင်ပြုလုပ်သည့်ပလပ်စတစ်ပိုက် ကလစ်ကိုအသုံးပြုပါကကျန်ရှိသည့်အမြစ်ပင်စည်ရှိဖြတ်ထားသည့်နေရာတွင်ပိုက်ကိုချက်ချင်းထည့်၍မြေကြီးရှိ သည့်နေရာအထိဆွဲချပါ (ပုံ ၇)။

     ၃။    အမြစ်ပင်စည်အငုတ်၏အလယ်တွင်ဒေါင်လိုက်ဖြတ်ပါ။ဤပုံထဲတွင် ၄မမအနက်ခန့်အထိဖြတ်ထား ၍ ထိုအနက်သည်ဘလိဒ်ဒါးအထစ်နှင့်တူညီသည်(ပုံ ၈)။

 

AN 43 Graft Fig 3
ပုံ ၃ - အရွက် ၂ - ၄ ပါသည့် ကျမ်းမာသော၊ ဆင်တူသည့်ပျိုးပင်ကိုရွေးပါ။
AN 43 Graft Fig 4

ပုံ ၄၊ ဆင်တူသည့်အချင်းရှိသောကိုင်းကူး ကိုင်းဆက်လက်ခံသည့်အပင် (အမြစ်ပင် စည်)နှင့်အပင်ပွားယူရန်ဖြတ် ထုတ်သည့် ပင်စည်အပိုင်း(ပင်ပွားမျိုး ဆက်)ကိုရွေး ချယ်ခြင်းဖြင့် ကိုင်းကူးကိုင်းဆက်ပေါင်းစပ် ခြင်းတွင်လမ်းကြောင်း (ဇီ၀ကလပ်စည်းစု အတွက်စီစဥ်မှု)ကိုညှိရာတွင်အထောက် အကူဖြစ်စေမည်။

AN 43 Graft Fig 5

ပုံ ၅၊ ကိုင်းကူးကိုင်းဆက်ခံယူသည့်အပင် (အမြစ်ပင်စည်)၏အပေါ်ပိုင်းကိုဖယ်ထုတ်ပါ။

AN 43 Graft Fig 6

ပုံ ၆၊ ကိုင်းကူးကိုင်းဆက်ခံယူသည့်အပင်(အမြစ်ပင်စည်)၏အပေါ်ပိုင်းကိုဖယ်ထုတ်ပြီးနောက်ကျန်ရှိသည့်ပင်စည်။

AN 43 Graft Fig 7

ပုံ ၇၊ ကလစ်များသည် ကိုင်းကူးကိုင်းဆက်စိုက်ပျိုး ခြင်းကိုလုံခြုံစေသည်။

AN 43 Graft Fig 8

ပုံ ၈-ကိုင်းကူးကိုင်းဆက်ခံယူသည့်ပင်စည်(အမြစ် ပင်စည်)အငုတ်၏ အလယ်တွင်အလျားလိုက်လှီးပါ။

 အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင်စည်အပိုင်း(ပင်ပွားမျိုးဆက်)ပြင်ဆင်ခြင်း

၁။         ပင်ပွားမျိုးဆက်၏အောက်ပိုင်းကိုနှစ်ခါဖြတ်ပါ။ ပင်ပွားမျိုးဆက်၏အမြစ်ကိုပထမအကြိမ်ဖြတ်သည့်အခါ ဖယ်ထုတ်ပါ။ ဒုတိယအကြိမ်ဖြတ်သည့်အခါ အမြစ်ပင်စည်နှင့်အချင်းအရွယ်အစားအနီးစပ်ဆုံးတူညီသည့် နေရာ တွင်ဖြတ်ပါ (ပုံ ၉)။

၂။ ရေပျောက်ဆုံးမှုလျော့နည်းစေရန်ပင်ပွားမျိုးဆက်၏အရွက်အချို့ကိုညှပ်ပါ။”အရွက်ငယ်”တရွက်နှစ်ရွက်သာ ချန်ထားပါ(ပုံ ၁၀)။

၃။ ပင်ပွားမျိုးဆက်၏ရိုးတံအောက်ပိုင်းကိုတုံးသည့်သပ်ပုံသဏ္ဍာန်ဖြစ်အောင်တိပါ၊ပင်ပွားမျိုးဆက်ရိုးတံ၏ တဘက်တချက်တွင်တချက်စီဖြတ်ပါ။ညှပ်ထားသည့်မျက်နှာပြင်သည်သန့်ရှင်မှုရှိစေရန်သတိထားပါ၊သင်၏လက်ချာင်းများနှင့်မတို့ထိပါနှင့်(ပုံ ၁၁)။

AN 43 Graft Fig 9

ပုံ ၉- အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင်စည် (ပင်ပွား မျိုးဆက်) ၏အောက်ပိုင်းကိုနှစ်ချက်လှီးဖြတ်ခြင်းဖြင့် ဖယ်ထုတ်ပါ။

AN 43 Graft Fig 10

ပုံ ၁၀- ရေခန်းမှုလျော့စေရန်အတွက်ပင်ပွားမျိုး ဆက် အရွက်အနည်းငယ်ကိုညှိပါ။

AN 43 Graft Fig 11

ပုံ ၁၁-ပင်ပွားမျိုးဆက်၏ရိုးတံအောက်ပိုင်းကိုတုံး သည့် သပ်ပုံသဏ္ဍာန်ဖြစ်အောင်တိပါ၊ ပင်ပွားမျိုးဆက်ရိုးတံ၏ တဘက်တချက်တွင်တချက်စီကိုဖြတ်ပါ။

အပင်ပွားယူရန်ဖြတ်ထုတ်သည့်ပင်စည်အပိုင်း(ပင်ပွားမျိုးဆက်)နှင့်ပင်စည်ရှိသည့်ကိုင်းကူးကိုင်းဆက်ခံယူမည့်အပင်(အမြစ်ပင်စည်)ကိုဆက်ပါ။

၁။ ပင်ပွားမျိုးဆက်ရိုးတံ၏သပ်ပုံစံအဆုံးပိုင်းကိုထက်၀က်ပိုင်းထားသည့်အမြစ်ပင်စည်တွင်ထည့်ပါ(ပုံ ၁၂)။

၂။ ပလပ်စတစ်ကလစ်ကိုအောက်ခြေမှအမြစ်ပင်စည်အပေါ်သို့တွန်း၍ကိုင်းကူးဆက်ပေါင်းစပ်ထားသည့်နေရာ ပတ်လည်တွင် နေရာချပါ။ကိုယ်တိုင်-လုပ်ပိုက်ကလစ်ကို (ပုံ ၁၃) တွင်ပြထားသည်။

၃။ ရောင်းချသည့်ကိုင်းကူးကိုင်းဆက်ကလစ်ကိုအသုံးပြုပါကဤအချိန်၌ကိုင်းကူးဆက်ပေါင်းစပ်ထားသည့် နေရာတွင်တပ်ဆင်ပါ။

AN 43 Graft Fig 12

ပုံ ၁၂- ပင်ပွားမျိုးဆက်ရိုးတံ၏ သပ် ပုံစံအဆုံးပိုင်း ကို ထက်၀က်ပိုင်းထားသည့် အမြစ်ပင်စည်တွင် ထည့်ပါ

AN 43 Graft Fig 13

ပုံ ၁၃- ပလပ်စတစ်ကလစ်ကိုအပေါ်သို့တွန်းတင်ပါ။

 

ကိုင်းကူးကိုင်းဆက်ထားသည့်အပင်ကိုနောက်ဆက်တွဲကြည်ရှုစောင့်ရှောက်ခြင်း

ကိုင်းကူးကိုင်းဆက်ထားသည့်အပင်သစ်များ(ပုံ ၁၄) ကိုင်းကူးဆက်ပြီးပြီးချင်းကုသသည့်အခန်းအ တွင်းသို့အတတ်နိုင် ဆုံးမြန်မြန်ထည့်ပါ။ကုသသည့်အခန်းဟူသည်မှာကိုင်းကူးဆက်ထားသည့်အပင်များအားကုသနေ စဥ်မြင့်သည့်စိုစွတ် ခြင်းကိုထိန်း၍အလင်းရောင်သိပ်သည်းခြင်းမြင့်တက်မှုအနည်းဆုံးဖြစ်ရန်ဒီဇိုင်းဆွဲထားသည့်ဖုံးအုပ် ထားသောအခန်း ငယ်ဖြစ်သည် (ပုံ ၁၅)။ ကုသမှုအခန်း၏အဓိကရည်ရွယ်ချက်မှာပင်ပွားမျိုးဆက်မှရေဆုံးရှုံးမှုအနည်း ဆုံးဖြစ်စေရန် ဖြစ်သည်။ကြည်လင်သည့်ပလပ်စတစ်ကိုရေပြည့်နေသည့်အိုးသို့မဟုတ်အခန်းငယ်၏ကြမ်းခင်းတွင်ထားသည့်ရေသိုလှောင်ကန်မှအငွေ့ပျံသည့် အစိုဓါတ်ကိုထိမ်းရန်အသုံးပြုသည်။ အလင်းရောင်ဖေါက်၀င်ခြင်းကိုကာကွယ်ရန်အခန်း ငယ်ကို ပလပ်စတစ်အမဲရောင်ဖြင့်ဖုံးထားသည်။ ထိပ်ပိုင်း၏အပေါ်တွင်အရိပ်ရစေသည့်ပိုက်ကွန်ကိုလဲ အလင်းရောင် လျော့စေရန်နှင့်သန့်ရှင်းသောလေလည်ပတ်နိုင်ရန်အတွက်အသုံးပြုနိုင်သည်။အလင်းရောင်ပြင်းထန်စွာထိုးဖေါက်မှုကိုအရိပ်ရစေသည့်ပိုက်ကွန်ထပ်ထည့်ခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်းဖြင့်ထိန်းနိုင်သည်။ အခန်းငယ်ကို သဘာ၀အရိပ် အောက်တွင်ထားခြင်းဖြင့်အရိပ်သီးသန့်ပြုလုပ်ပေးရခြင်းကိုလျော့စေသည်။ ကုသမှုပြုလုပ်သည့်အခန်းအရွယ် နှင့်ပုံစံ သည်ကိုင်းကူးကိုင်းဆက်အပင်ထုတ်လုပ်သည့်ပမာဏအပေါ်တွင်မူတည်သည်။သေးငယ်သည့်လယ်ယာသို့မဟုတ် အိမ်ပန်းခြံစိုက်ပျိုးသူတစ်ဦးသည်ပျိုးပင်အခင်း၊မျိုးပွားသည့်ပလပ်စတစ်အမိုးခုံး၊ပလပ်စတစ်အိတ်သို့မဟုတ် ပလပ်စ တစ်ခွက်တလုံးဖြင့်ပင်သေးငယ်သည့်ကုသမှုအခန်းကိုဖန်တီးရယူနိုင်သည်။ ကိုင်းကူးကိုင်းဆက်ပြီးပထမအပတ် အ တောအတွင်းအပင်ပွားယူရန်ဖြတ်ထားသည့်ပင်စည်အပိုင်း(ပင်ပွားမျိုးဆက်)သည်ကိုင်းကူးဆက်ခံယူသည့်အပင်(အမြစ်ပင်စည်)ထံမှရေမရနိုင်ပါ။ ထိုကြောင့် ပင်ပွားမျိုးဆက်တွင်ရှိသည့်ရေဆုံးရှုံးမှုမရှိစေရန်ဆီလျော်မှုရှိသည့်ပတ်၀န်း ကျင်အခြေအနေကိုထိန်းထားရန်နှင့်ကိုင်းပူးပေါင်းစပ်မှုလျှင်မြန်စွာဖြစ်စေ ရန်အားပေးမှုမှာအရေးကြီးပါသည်။ ကိုင်း ကူးကိုင်းဆက်ပြီးနောက်ပင်ပွားမျိုးဆက်နှင့်အမြစ်ပင်စည်တို့သည်ဇီ၀ကလပ်စည်းဆက်စပ်မှုကိုတည်ဆောက်ရန် ပျမ်းမျှအားဖြင့် ၇-၁၀ရက်ခန့်ကြာ၍ကိုင်းကူးပေါင်းစပ်ခြင်းသည် ကုသမှုအပြည့်အ၀ရရန် ၁၄ရက်ခန့်ကြာ သည်၊၎င်း သည်နေရာနှင့်သင်၏အပူချိန်၊စိုထိုင်းမှုနှင့်အလင်းရောင်ထိန်းနိုင်သည့် အရည်အသွေးပေါ်တွင်မူတည်သည်(ပုံ ၁၆)။

ကုသမှုပြုလုပ်သည့်ပထမအပတ်အတွင်းနေ့/ညစိုထိုင်းမှု၉၀%နှင့်အပူချိန်ခန်မှန်းအားဖြင့်၂၁-၂၇/၂၉°Cထိန်းနိုင်ပါက အသင့်တော်ဆုံးဖြစ်သည်။အလင်းရောင်၏သက်ရောက်မှုအဆင့်သည်တိုက်ရိုက်နှင့်သွယ်၀ိုက်ဖြစ်သဖြင့်သေချာစွာ စဥ်းစားရမည်။ စိုထိုင်းမှုနှင့်အပူချိန်ကိုသတ်မှတ်ထားသည့်အဆင့်တွင်ထိန်းထာနိုင် ပါက ပို၍မြင့်သည့်အလင်းရောင် သိပ်သည်းမှုသည် ကုသမှုကိုအကျိုးဖြစ်စေနိုင်သည်။ သို့သော်အပူပိုင်းရာသီအပူချိန်နှင့်အလင်းရောင်အဆင့်သည် အများအားဖြင့်မြင့်သောကြောင့် အပူချိန်နှင့်စိုထိုင်းမှုအလွန်အကျွံမဖြစ်ရန်အရိပ်လိုအပ်ပါသည်။

ကုသမှုဒုတိယအပတ်မှစ၍ စိုစွတ်မှုကိုတဖြေးဖြေးလျော့ချနိုင်သည်၊အလင်းရောင်မှာမူတိုးရမည်၊ ထိုသို့ဖြစ်စေရန် အမဲရောင် ပလပ်စတစ်နှင့်/သို့မဟုတ်အရိပ်ရပိုက်ကွန်များကိုအခါအားလျော်စွာဖယ်ပေးခြင်းဖြင့်လုပ်နိုင်သည်။ ဤ သို့ပြုလုပ်ပေးခြင်းဖြင့်ကိုင်းကူးဆက်ထားသောအပင်များသည်လယ်ကွက်ထဲတွင်နေရောင်အပြည့်အ၀ရသည့်အခြေအနေနှင့်အသားကျသွားမည်။

AN 43 Graft Fig 14

ပုံ ၁၄၊ ကိုင်းကူးကိုင်းဆက်စိုက်ပျိုးသောအပင်သစ်သည် (အနာ)စတင်ပျောက်ကင်းလာသည် (ရီ စာရင်မှ ပုံ)

AN 43 Graft Fig 15

ပုံ ၁၅- ကုသမှုအခန်းငယ်ကိုဒေသတွင်းရနိုင်သည့် ပစ္စည်းအမျိုးအစားများကိုအသုံးပြုဖန်တီးနိုင်သည် (ရုပ်ပုံ - အိုးဟိုင်းယိုးပြည်နယ် ချန်နာတီ နျန်း-တိုးချဲ့  မှရိုက်ကူးသည်)။

AN 43 Graft Fig 16

ပုံ ၁၆- အပြည့်အ၀ကုသပြီးသည့် ကိုင်းကူးပေါင်းစပ်မှု။ ကိုင်းကူးဆက် ထားသည့်နေရာတွင်အသားမာ(အမာရွက်တစ် ရှူး) ဖွဲ့စည်းမှုသည် လယ်ယာ တွင်အသုံးပြုရန်အတွက် ဆီလျော်မှုရှိသည့် ကျန်းမာသည့်ကိုင်း ကူးကိုင်းဆက် ခြင်း နှင့် ဆက်စပ် သည်။

(ရုပ်ပုံ - အိုးဟားယိုးပြည်နယ် ချန်နာတီ နျန်း - တိုးချဲ့  မှရိုက်ကူးသည်)။

လယ်ယာများသို့ပြောင်းရွှေ့စိုက်ပျိုးခြင်း

ပင်ပွားမျိုးဆက်နှင့်အမြစ်ပင်စည်တို့သည်ခန့်မှန်းအားဖြင့် ၇ ရက်တွင် ဇီ၀ကလပ်စည်းစုဆက်သွယ်မှုကိုတည်ဆောက် သော်လည်းကိုင်းကူးပေါင်းစပ်မှုအပြည့်အ၀ဖြစ်လာစေရန် ကိုင်းကူးကိုင်းဆက်သည့်ရက်မှစ၍ ၁၄ရက်ခန့်ကြာနိုင် သည် (ပုံ ၁၆)။

ကုသမှုအခန်းငယ်မှအပင်များကိုရွှေ့ပြီးနောက်လယ်ယာများသို့ပြောင်းရွှေ့စိုက်ပျိုးခြင်းမပြုလုပ်မီ၎င်းတို့အားနေသား တကျဖြစ်ရန်၅-၇ရက်အတွင်းအရိပ်ရှိ၍လေကွယ်သောနေရာတွင်၅-၇ရက်ထားပါ။ပြောင်းရွှေ့စိုက်ပျိုးခြင်းမပြုလုပ်မီ နှစ်နာရီခန့်နေနှင့်တိုက်ရိုက်တွေ့ထိစေခြင်းသည်လည်းအသုံး၀င်ပါသည်။လယ်ကွင်းပတ်၀န်းကျင်သို့မိတ်ဆက်ခြင်းမပြုမီအပင်များဒဏ်ရာမရစေရန်ဤအချိန်ဇယားကိုညှိပါ။

ပြောင်းရွှေ့စိုက်ပျိုးသည့်အခါကိုင်းကူးပေါင်းစပ်ထားသည့်အပိုင်းသည်မြေဆီနှင့်တသားတည်းဖြစ်နေရန်သတိထားပါ (ပုံ ၁၇)။ကိုင်းကူးပေါင်းစပ်ထားသည့်အပိုင်းသည်မြေဆီ အောက်တွင်မြှုပ်နေပါကပင်ပွားမျိုးဆက်သည်မြေကြီးထဲ တွင်အမြစ်ထွက်နေမည်ဖြစ်၍ အမြစ်ပင်စည်မှပေးမည့် မည်သည့် အကျိုးကိုမျှရမည်မဟုတ်တော့ပါ- မြေကြီး-မှဖြစ်ပွား သည့်ရောဂါကိုခုခံနိုင်သည့်စွမ်းအားကဲ့သို့သော အာနိသင်ပျက်ပြယ်သွားမည်။

လယ်ယာထဲတွင်ကိုင်းကူးကိုင်းဆက်ပြုလုပ်ထားသည့်အပင်များကို တည်ထောင်ပြီးစတင်ကြီးထွားလာသည့်အခါ  စစ်ဆေးမှုပြုလုပ်ပြီးအမြစ်ပင်စည်တွင်ရှိနေသည့် စုပ်ယူသည့်အရာများကိုဖယ်ထုတ်ပါ။ ပင်ပွားမျိုးဆက်တွင် ပေါ် လာသည့်မူခြားမြစ်များကိုလည်းဖယ်ထုတ်ပါ။မြေမှဖြစ်သည့်ရောဂါပိုးများကူးစက်မှုကိုကာကွယ်ရန်၊ ပင်ပွားမျိုးဆက် တစ်ရှူးများသည်မြေကြီးနှင့်မထိရပါ။ပြောင်းရွှေ့စိုက်ပျိုးပြီးနောက်မိုးရွာသည့်အခါ သို့မဟုတ်ရေသွင်းသည့် အခါ အပင်အပေါ်သို့ရေမစင်ရန်အပင်ရင်းတွင်အကာအကွယ်များအလုံအလောက်ထည့်ပါ။ ကိုင်းကူးဆက်ထားသည့် အပင် များအားပြောင်းရွှေ့စိုက်ပျိုးပြီး နောက်နှစ်ပတ်သုံးပတ်ခန့် တိုင်/ငုတ်ထောက်ထားပေးရမည်။ တိုင်/ငုတ်များသို့ အပင် များအားလုံခြုံစွာချည်ရန်အလွန်အရေးကြီးပါသည်။ဤသို့ပြုလုပ်ပေးခြင်းဖြင့်အနွယ်များအားလျောကျခြင်းနှင့်ပင်ပွား မျိုးဆက်ရိုးတံများမြေကြီးနှင့်မထိရန် ကာကွယ်ပေးမည်။

AN 43 Graft Fig 17
ပုံ ၁၇-မြေဆီအပေါ်တွင် ကိုင်းကူး ပေါင်းစပ်ခြင်းနှင့် ပင်ပွားမျိုးဆက်တစ်ရှူး အပေါ်သို့မြေကြီးများမစင်ရန် အပင်ရင်းကို ကာကွယ်ရန် ဖြန့်ကြဲထားသည့်အော်ဂဲနစ်အကာအကွယ်များ (ရုပ်ပုံ -ရစ်(ခ) ဘိဒ်(စ)) မှ ရိုက်ကူးသည် ။

နိဂုံး

တိုးတက်သည့်စားနပ်ရိက္ခာစနစ်များကိုဖန်တီးရန်အတွက်မတူညီသောအသေးစားလယ်ယာအမျိုးမျိုးသည် အလွန် အရေးကြီးပါသည်၊အထူးသဖြင့်ကမ္ဘောဒီယားနိုင်ငံကဲ့သို့သော-ရာသီဥတုပြောင်းလဲခြင်းနှင့်ဆက်နွယ်နေသည့် ရောဂါ များ၏ဒဏ်ကိုမြင့်မားစွာခံစားရသည့်နိုင်ငံမျိုးဖြစ်သည်။ ထို့ပြင်ကမ္ဘောဒီယားနိုင်ငံအိမ်တွင်းဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့်စျေးကွက်တွင်ရောင်းချခြင်းသည်အမျိုးသမီးဦးဆောင်သောလုပ်ငန်းအဖြစ်ကျန်ရှိနေသည်။ ခရမ်း ချဥ်ပင်ကိုင်းကူးကိုင်းဆက်ခြင်းအပါအ၀င်“မိုးရာသီ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုကရိယာအစုံ” တိုးတက် ဖွံဖြိုးလာခြင်းသည်အမျိုးသမီးများ၏စွမ်းဆောင်မှုကို စျေးကွက်အခွင့်အလမ်းတိုးတက်ခြင်းနှင့် ပူးပေါင်းပါ၀င်ဆောင် ရွက်မှုမှတဆင့်အထောက်အကူဖြစ်စေသည်(ပုံ ၁၈)။ကိုင်းကူးကိုင်းဆက်ခရမ်းချဥ်ထုတ်လုပ်မှုသည် ပိုင်ဆိုင်မှုနည်းပါး သည့်အမျိုးသမီးများအတွက်မိုးရာသီအတွင်းအကျိုးအမြတ်ရရှိစေသည့်ဒေသထုတ်စျေးကွက်များအဖြစ်အထောက်အကူဖြစ်စေသည်၊ထို့ပြင်အဟာရနှင့်စီပွားရေးရလဒ်များအတွက်ဖြစ်နိုင်ခြေရှိသည့်တိုးတက်မှုကိုရစေသည်။တိုးတက်များပြားလာသည့်စျေးကွက်မှရသည့်မိသားစုထပ်ဆောင်း၀င်ငွေသည်လည်းခလေးများ ကျောင်းနေနိုင်သည့်အခွင့် အလမ်း၊ကျန်းမာရေးနှင့်အဟာရဖြစ်သည့်အစားအစာအတွက်တိုက်ရိုက်အကျိုးဖြစ်စေနိုင်သည်။

ဤဆောင်းပါးနှင့်သက်ဆိုင်သည့်နောက်ဆက်တွဲမေးခွန်များကို ‘Tomato Grafting’ forum on ECHOcommunity  Conversations အွန်လိုင်းတွင်တင်နိုင်ပါသည်။သင်တို့၏အတွေ့အကြုံများ(အောင်မြင်မှု သို့မဟုတ် ဆုံးရှုံးမှု)နှင့် အာရှ နှင့်အခြားသောဒေသရှိအီးစီအိပ်ချ်အိုအာရှကွန်ယက်တို့အတွက်အကျိုးဖြစ်စေမည့် အကြံပြုချက်များကိုကျွန်ပ်တို့အား မျှ၀ေမည်ဟုမျှေော်လင့်ပါသည်။

 

AN 43 Graft Fig 18

ပုံ ၁၈- အသေးစားလယ်သမားများစျေးကွက်၀ယ်လိုအားကောင်းသည့်ခရမ်းချဥ် ကိုင်းကူးကိုင်းဆက်ခြင်းမှ ပြန်လည် ရရှိသည့်ဆုလာဘ်(ရုပ်ပုံ -ရီ စာရင် မှရိုက်ကူးသည်)။

မှီငြမ်းချက်များ

Bates, R. 2018. Vegetable Grafting Basics – Presentation Slides. Myanmar Seed Saving Workshop. January 16-18, 2018. Pathein, Myanmar. Available: https://www.echocommunity.org/en/resources/15b2a737-5f6e-42ac-b105-8ae9d6476d48

Kleinhenz, M., Soltan, M., Short, S., and Hu, B. Grafting Guide: A Pictoral Guide to the Cleft and Splice Graft Methods for Tomato and Pepper. 3rd Edition. Ohio State University Extension.

Grafting: Galleries, Publications, Recordings, Tools. The Ohio State University, Vegetable Produc- tion Systems Laboratory. Available: http://u.osu.edu/vegprolab/research-areas/grafting-2/ 

Palada, M., Wu, D. 2013. Grafting Sweet Peppers for Production in the Hot-Wet Season. International Cooperators’ Guide. AVDRC – The World Vegetable Center. Taiwan. Available: https://www.echocommunity.org/en/resources/44ae893c-cb34-4815-bc1c-b19ad7bbf795